ရုရှ၏ ကြားခံညှိနှိုင်းမှုဖြင့် ဆီးရီးယားသူပုန်များ ဂူတာအရပ်မှ ဆုတ်ခွာ

ဂူတာ၊ မတ် ၂၃

ရုရှ၏ ကြားခံဆောင်ရွက်ပေးသော ရွှေ့ပြောင်းရေးသဘောတူညီမှုအရ ဆီးရီးယားအရှေ့ပိုင်း ဂူတာအရပ်မှ သူပုန်များနှင့် မိသားစုများသည် မတ် ၂၂ ရက်တွင် စတင်ထွက်ခွာကြပြီဖြစ်သည်။

ဒမတ်စကပ်အပြင် အတိုက်အခံတို့၏ နယ်မြေလက်လျော့ရမှုတစ်ရပ်လည်း ဖြစ်သည်။ ၎င်းသူပုန်အုပ်စုနှင့် မိသားစုများအနေဖြင့် အနောက်မြောက်ပိုင်း အက်ဒ်လစ်ဘ်ပြည်နယ်သို့ ဘတ်စ်ကားများဖြင့် ထွက်ခွာကြခြင်း ဖြစ်သည်။

အက်ဒ်လစ်ဘ်ပြည်နယ်သည် အစိုးရထိန်းချုပ်မှုအလွန် နောက်ဆုံးပြည်နယ်တစ်ခုဖြစ်ပြီး ဈေးတစ်ခုအတွင်း လေကြောင်းထိုးစစ်တိုက်ခိုက်ရာ အရပ်သားပေါင်း ၂၈ ဦး သေဆုံးခဲ့ရကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောထားသည်။

ယခု ဂူတာအရှေ့ပိုင်းအရပ်မှ သူပုန်များ ထွက်ခွာမှု သဘောတူညီချက်ကို မတ် ၂၁ ရက်က ကြေညာခဲ့ခြင်းဖြစ်ကာ ဆီးရီးယားအစိုးရ၏ မဟာမိတ် ရုရှက ကြားခံဆောင်ရွက်ပေးခဲ့ဖြစ်သည်။ မြို့တော် ဒမတ်စကပ် ဝန်းကျင်တွင် ရှိသော ဂူတာအရပ်မှ သူပုန်ထိန်းချုပ် နယ်မြေသုံးခုအနက် တစ်ခုကို လက်လွှတ်ခဲ့ခြင်းပဲ ဖြစ်သည်။

ထိုအတွက် အရပ်သား ထောင်ပေါင်းများစွာ ပိတ်မိနေဆဲဖြစ်သည့် ကျန်နယ်မြေအပိုင်းနှစ်ရပ်က သူပုန်များကို အစိုးရက ပိုမို၍ဖိအားပေးလာနိုင်ခြေများ ရှိနေသည်။

-Ref; AFP