ဂျပန်-ဗီယက်နမ် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူ

20160528_abe_Nguyen-Xuan-Phuc_article_main_image

ဂျပန်နဲ့ ဗီယက်နမ်ဝန်ကြီးချုပ် နှစ်ဦးက  ၂ နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူခဲ့ကြ ပါတယ်။

အိစဲ-ရှိမာဒေသမှာကျင်းပတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးရဲ့ တိုးချဲ့အစည်းအဝေး  တက်တဲ့ ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်စွမ်ဖုနဟာ တိုကျိုမြို့မှာ ဂျပန်ဝန်ကြီးချုပ်ရုံးမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘဲနဲ့ စနေနေ့ညက တွေ့ဆုံခဲ့ကြပါတယ်။

ဗီယက်နမ်နဲ့ ကျယ်ပြန့်တဲ့ ဗျူဟာမြောက်မိတ်ဘက်ဆက်ဆံရေးအခြေခံပေါ်မှာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်ချင်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုချက်ကို ဂျပန်နိုင်ငံထုတ် သတင်းတွေက ရေးပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ်ကလည်း သူနိုင်ငံရဲ့ ယုံကြည်မှုအရ နိုင်ငံရေးဆက်ဆံမှုကို အားကောင်းအောင် ဆောင်ရွက် ထားကြောင်းနဲ့ နှစ်နိုင်ငံဟာ အရေးပါတဲ့ မိတ်ဖက် နိုင်ငံတွေ ဖြစ်ကြတယ်ဆိုတာကို အတည်ပြုချင်တယ်လို့ တုန့်ပြန် ပြောဆိုပါတယ်။

အထူးသဖြင့် ဂျပန်ဝန်ကြီးချုပ်က ဂျပန်က ဗီယက်နမ်ကိုပေးဖို့ ရည်ရွယ်တည်ဆောက်မယ့် ကင်းလှည့်ယာဉ်သစ်တစီး သုတေသနအရှိန်မြှင့်တင်ဖို့ ပြောဆိုခဲ့ပါတယ်။

မစ္စတာအာဘဲက “ဗီယက်နမ်ဟာ ဂျပန်အတွက် အရေးပါတဲ့ မိတ်ဖက်အဖြစ် ဆက်ရှိနေမှာပါ” လို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ခေါင်းဆောင်နှစ်ယောက်ဟာ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ထဲမှာ စစ်ရေးလှုပ်ရှားမှု တိုးမြှင့်ပြုလုပ်ခဲ့မှုနဲ့ တရုတ်နိုင်ငံက ဗီယက်နမ်နဲ့တခြားနိုင်ငံတွေနဲ့ ပိုက်နက်နယ်မြေအငြင်းပွားတဲ့ ကိစ္စတွေအပေါ် ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံက လက်ရှိအခြေအနေကို တဖက်သတ်ပြောင်းလဲဖို့ ကြိုးပမ်ချက်အပေါ် အလွန်အမင်း စိုးရိမ်ပူပန်မှုကို ဖော်ထုတ်ပြသခဲ့ကြပြီး ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ကြဖို့ သဘောတူခဲ့ကြပါတယ်။

ခေါင်းဆောင်နှစ်ဦးတို့ဟာ လက်ရှိအခြေအနေကို ကိုယ့်တစ်နိုင်ငံ တည်းသဘောနဲ့ ပြောင်းလဲဖို့ ကြိုးစားနေတဲ့ တရုတ်ရဲ့ ကြိုးပမ်းချက်ကို အင်မတန်မှ စိုးရိမ်တယ်ဆိုတဲ့ အချက်မှာ သဘောထား ချင်း တူပါတယ်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းနဲ့ မြို့ဆင်ခြေဖုံးတ၀ိုက်အကြား ရထားလမ်းဖောက်လုပ်ရေးအတွက် ဂျပန်နိုင်ငံက ဒေါ်လာ သန်း ၈၀၀ (ဂျပန်ယန်း ၉၀ ဘီလီယံ) ချေးငွေ ပေးအပ်မယ်လို့ ဂျပန်ဝန်ကြီးချုပ်က ဗီယက်နမ်ဝန်ကြီးချုပ်ကို ပြောဆိုခဲ့ပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ်ကလည်း ဂျပန်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အခြေခံအဆောက်အအုံတွေမှာ  လာမယ့် ၅ နှစ် အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျပန်-ဗီယက်နမ် ၀န်ကြီးချုပ် မတွေ့ဆုံမီရက်ပိုင်းက အမေရိကန်ပြည်ထောင်စုသမ္မက အိုဘားမား က ဗီယက်နမ် နိုင်ငံကို လာရောက်လည်ပတ်ပြီး ဗီယက်နမ် နိုင်ငံအပေါ် စစ်လက်နက်ပစ္စည်း ရောင်းချမှ ပိတ်ထားကို ပြန်ဖွင့်ပေး မယ်လို့ ကြေညာခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်တွင်းမှာ တရုတ်နိုင်ငံက ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတချို့နဲ့ နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွား နေပြီး ကျွန်းအတုတွေ တည်ဆောက်နေတာ၊ စစ်ရေး လှုပ်ရှားမှု တိုးမြှင့်နေ တာကြောင့် တင်းမာမှုတွေ ဖြစ်ပွား နေပါတယ်။

 

(DVB Burmese)


Leave a Reply