ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ၂ဝ၁၇ ခုနှစ် (ကြက်နှစ်)တရုတ်နှစ်သစ်ကူးဧည့်ခံပွဲသို့တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနေအိမ် တွင် ယနေ့ညနေ ၄ နာရီမှ ည ၇နာရီခွဲထိ ကျင်းပပြုလုပ်ခဲ့သည့် ၂ဝ၁၇ ခုနှစ် (ကြက်နှစ်)တရုတ်နှစ်သစ်ကူးဧည့်ခံပွဲသို့ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂ဝ၁၇ ခုနှစ် (ကြက်နှစ်) တရုတ်နှစ်သစ်ကူးဧည့်ခံပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ စစ်ဘက်ဆိုင်ရာ အရာရှိများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E.Mr. HONG LIANG နှင့်ဇနီးMadame WANG XUEHONG က ကြိုဆိုနှုတ်ဆက်ဧည့်ခံခဲ့ကြောင်း သိရသည်။
Union daily