လီဗာပူးလ်အသင်းက လာမယ့် ဘောလုံးရာသီမှာ ဝတ်ဆင်မယ့် အိမ်ကွင်းဝတ်စုံသစ်ကို မိတ်ဆက်

13420160510143730946_o

လီဗာပူးလ်အသင်းကတော့ လာမယ့် ၂၀၁၆-၂၀၁၇ ခုနှစ် ဘောလုံးရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်ကို မိတ်ဆက် ပြသလိုက်ပါတယ်။

ကြိုးကြာနီတွေရဲ့ အောင်မြင်ခြင်းတွေ ပြန်လည်ယူဆောင်လာပေးမယ့် ဝတ်စုံသစ်ကိုတော့ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် ၊ ကော်တင်ဟို ၊ ဂိုးသမား မစ်ဂ်နိုလက်နဲ့ နောက်ခံလူ ဖလာနာဂန်တို့အပြင် လီဗာပူးလ် အမျိုးသမီးဘောလုံး ကစားသမားတွေဖြစ်ကြတဲ့ ဂမ်မာဘွန်နာနဲ့ နာတာရှာဟာဒင်းတို့က ဝတ်ဆင် ပြသခဲ့တာပါ။

မာဆေးဆိုက် ညနေခင်းမှာ ပြသခဲ့တဲ့ ဒီဝတ်စုံမှာတော့ ပြောင်းလဲမှု အနည်းငယ်ရှိလာတာကို တွေ့ရပါတယ်။ ကျောနံပါတ်ပုံစံက အနည်းငယ်ပြောင်းလဲလာခဲ့သလိုပဲ အင်္ကျီလည်ပင်း ဒီဇိုင်းကလည်း ကြယ်သီးတစ်လုံးပါဝင်တဲ့ ကော်လံ ဒီဇိုင်းပုံစံမျိုးဖြစ်လာခဲ့ပြီး ရွှေရောင် မျဉ်းကြောင်းတစ်ခုနဲ့ အနားသတ်ထားတာကိုတွေ့ရပါတယ်။

ဒီဝတ်စုံရဲ့ အဓိက စပွန်ဆာကတော့ Standard Chartered ဘဏ်ပဲဖြစ်ပြီး အကျီ င်္ရဲ့ တန်ကြေးကတော့ ပေါင် ၅၀ ကျသင့်မှာဖြစ်ပြီး လက်ရှည်ဆိုရင်တော့ ၅၅ ပေါင်သာ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ New Balance ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ လီဗာပူးလ် ဝတ်စုံတွေထဲမှာတော့ ဒီဇိုင်းအမိုက်ဆုံး ဝတ်စုံတစ်ခုဖြစ်လာခဲ့ပြီး လီဗာပူးလ် ပရိသတ် တွေကတော့ ဝယ်ယူဖို့အတွက် တာစူလျက်ရှိနေကြပြီဖြစ်ပါတယ်။

ဒီမိတ်ဆက်ပွဲမှာတော့ လီဗာပူးလ်အသင်းက အိမ်ကွင်း ဂိုးသမားဝတ်စုံကိုပါ မိတ်ဆက်ခဲ့ပြီး အစိမ်းနုရောင်နဲ့ အမည်းရောင်ရောတဲ့ ဒီဇိုင်းဆန်း အင်္ကျီတစ်ခု ဖြစ်ပါတယ်။

-Ref : DailyMail


Leave a Reply