ပိတ္ရက္ရွည္ကာလ ကမ္းေျခေတြမွာအပန္းေျဖဖို႔ အခန္းႀကိဳတင္ဘိုကင္ယူသူမ်ားျပားေန

ပိတ္ရက္ရွည္ကာလ ကမ္းေျခေတြမွာအပန္းေျဖဖို႔ အခန္းႀကိဳတင္ဘိုကင္ယူသူမ်ားျပားေန
===========================
ေဖေဖာ္ဝါရီ ၂
ဒီလ အတြင္းက်ေရာက္မဲ့ ႐ုံးပိတ္ပိတ္ရက္ရွည္ကာလမွာ ဧရာဝတီတိုင္းေဒသႀကီးအတြင္းက ကမ္းေျခေတြကိုလာေရာက္လည္ပတ္သူမ်ားျပားမွာျဖစ္သလို ဟိုတယ္၊ တည္ခိုအခန္းႀကိဳတင္(ဘိုကင္) မွာယူမႈေတြလည္း မ်ားျပားေနတယ္လို႔သိရပါတယ္။
႐ုံးပိတ္ရက္ရွည္ကာလကို ေဖေဖာ္ဝါရီလ ၁၂ ရက္(ျပည္ေထာင္စုေန႔)ကေန ၁၇ ရက္ တ႐ုတ္ႏွစ္သစ္ကူးေန႔အထိ တစ္ဆက္တည္း ၆ ရက္သက္မွက္ထားတာေၾကာင့္ ဧရာဝတီတိုင္းအတြင္းက ေခ်ာင္းသာ၊ေငြေဆာင္နဲ႔ ေ႐ႊေသာင္ယံကမ္းေျခေတြကိုလာေရာက္လည္ပတ္အပန္းေျဖၾကမယ့္သူေတြဟာ ဟိုတယ္နဲ႔ တည္ခို အခန္းေတြႀကိဳတင္မွာယူမႈ မ်ားျပားေနၾကတာျဖစ္တယ္လို႔ သိရပါတယ္။
လာေရာက္တည္းခိုၾကတဲ့ဧည့္သည္ေတြအနားယူ တည္ခိုႏိုင္ဖို႔ ဧရာဝတီတိုင္းအတြင္းက ကမ္းေျခေတြမွာ ဟိုတယ္နဲ႔ တည္းခိုရိပ္သာစုစုေပါင္း ၆၃ လုံးအထိရွိတယ္လို႔ သိရၿပီး ေငြေဆာင္၊ေခ်ာင္းသာ၊ေ႐ႊေသာင္ယံကမ္းေျခတို႔မွာ ၃၈ လုံး၊ ပုသိမ္ၿမိဳ႕ ၂၄ လုံးကိုေတာ့ ဟိုတယ္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနမွလိုင္ စင္ထုတ္ေပးထားတယ္လို႔သိရပါတယ္။
ပိတ်ရက်ရှည်ကာလ ကမ်းခြေတွေမှာအပန်းဖြေဖို့ အခန်းကြိုတင်ဘိုကင်ယူသူများပြားနေ
===========================
ဖေဖော်ဝါရီ ၂
ဒီလ အတွင်းကျရောက်မဲ့ ရုံးပိတ်ပိတ်ရက်ရှည်ကာလမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကမ်းခြေတွေကိုလာရောက်လည်ပတ်သူများပြားမှာဖြစ်သလို ဟိုတယ်၊ တည်ခိုအခန်းကြိုတင်(ဘိုကင်) မှာယူမှုတွေလည်း များပြားနေတယ်လို့သိရပါတယ်။
ရုံးပိတ်ရက်ရှည်ကာလကို ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)ကနေ ၁၇ ရက် တရုတ်နှစ်သစ်ကူးနေ့အထိ တစ်ဆက်တည်း ၆ ရက်သက်မှက်ထားတာကြောင့် ဧရာဝတီတိုင်းအတွင်းက ချောင်းသာ၊ငွေဆောင်နဲ့ ရွှေသောင်ယံကမ်းခြေတွေကိုလာရောက်လည်ပတ်အပန်းဖြေကြမယ့်သူတွေဟာ ဟိုတယ်နဲ့ တည်ခို အခန်းတွေကြိုတင်မှာယူမှု များပြားနေကြတာဖြစ်တယ်လို့ သိရပါတယ်။
လာရောက်တည်းခိုကြတဲ့ဧည့်သည်တွေအနားယူ တည်ခိုနိုင်ဖို့ ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေမှာ ဟိုတယ်နဲ့ တည်းခိုရိပ်သာစုစုပေါင်း ၆၃ လုံးအထိရှိတယ်လို့ သိရပြီး ငွေဆောင်၊ချောင်းသာ၊ရွှေသောင်ယံကမ်းခြေတို့မှာ ၃၈ လုံး၊ ပုသိမ်မြို့ ၂၄ လုံးကိုတော့ ဟိုတယ်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှလိုင် စင်ထုတ်ပေးထားတယ်လို့သိရပါတယ်။



