ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေဇယ်ာသီရိၿမိဳ႕နယ္အတြင္းမွ အမ်ိဳးသမီးထုႏွင့္ေတြ႕ဆုံ



ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေဇယ်ာသီရိၿမိဳ႕နယ္အတြင္းမွ အမ်ိဳးသမီးထုႏွင့္ေတြ႕ဆုံ
=========
ႏိုဝင္ဘာ ၁၀၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒၊ ေဇယ်ာသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခင္ရီသည္ ၉-၁၁-၂၀၂၅ ရက္ေန႔ ေန႔လည္ပိုင္းတြင္ ေဇယ်ာသီရိၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္/ ေက်း႐ြာအုပ္စုမ်ားမွ အမ်ိဳးသမီးမ်ားႏွင့္ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံရာတြင္ ပါတီဥကၠ႒ ဦးခင္ရီမွ ႏႈတ္ခြန္းဆက္စကားေျပာၾကားရာ “ေဇယ်ာသီရိၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ေ႐ြးခ်ယ္ခဲ့မႈႏွင့္
ပါတီ၏ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းမွ အမ်ိဳးသမီးမ်ား၏ အခန္းက႑၊ ေ႐ြးေကာက္ပြဲတြင္ ပါတီအႏိုင္ရရွိပါက အမ်ိဳးသမီးမ်ားအတြက္ ေဆာင္႐ြက္မည့္ အေၾကာင္းအရာမ်ား” အား ရွင္းလင္းေျပာၾကားပါသည္။
ထို႔ေနာက္ ေတြ႕ဆုံပြဲသို႔တက္ေရာက္လာေသာ ရပ္ကြက္ ေက်း႐ြာအုပ္စုအသီးသီးက အမ်ိဳးသမီးမ်ား မိမိတို႔ရပ္႐ြာအတြင္းရွိ အမ်ိဳးသမီးမ်ားဘဝ လုံၿခဳံမႈရွိေစေရး၊ အမ်ိဳးသမီးေရးရာအဖြဲ႕မ်ား ဖြဲ႕စည္းေပးေရး၊ စီးပြားေရး၊ က်န္းမာေရးႏွင့္ ေဒသလိုအပ္ခ်က္မ်ားအား တင္ျပေမးျမန္းၾကရာ ပါတီဥကၠ႒မွ ျပန္လည္ေျဖၾကားရွင္းလင္းခဲ့ၿပီး ေတြ႕ဆုံပြဲကို ႐ုတ္သိမ္းခဲ့ပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ်အတွင်းမှ အမျိုးသမီးထုနှင့်တွေ့ဆုံ
=========
နိုဝင်ဘာ ၁၀၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ၉-၁၁-၂၀၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ အမျိုးသမီးများနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ နှုတ်ခွန်းဆက်စကားပြောကြားရာ “ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခဲ့မှုနှင့်
ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းမှ အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ ရွေးကောက်ပွဲတွင် ပါတီအနိုင်ရရှိပါက အမျိုးသမီးများအတွက် ဆောင်ရွက်မည့် အကြောင်းအရာများ” အား ရှင်းလင်းပြောကြားပါသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော ရပ်ကွက် ကျေးရွာအုပ်စုအသီးသီးက အမျိုးသမီးများ မိမိတို့ရပ်ရွာအတွင်းရှိ အမျိုးသမီးများဘဝ လုံခြုံမှုရှိစေရေး၊ အမျိုးသမီးရေးရာအဖွဲ့များ ဖွဲ့စည်းပေးရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသလိုအပ်ချက်များအား တင်ပြမေးမြန်းကြရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး တွေ့ဆုံပွဲကို ရုတ်သိမ်းခဲ့ပါသည်။




