အေမရိကန္၏ စည္းၾကပ္ခြန္တိုးျမႇင့္မႈကို အေရးေပၚအစီအစဥ္ျဖင့္ တုံ႔ျပန္မည္ဟု ဘရာဇီးသမၼတ လူလာ ေျပာၾကား

အေမရိကန္၏ စည္းၾကပ္ခြန္တိုးျမႇင့္မႈကို အေရးေပၚအစီအစဥ္ျဖင့္ တုံ႔ျပန္မည္ဟု ဘရာဇီးသမၼတ လူလာ ေျပာၾကား
====================
ဘရာဇီးႏိုင္ငံသည္ အေမရိကန္ႏိုင္ငံက ခ်မွတ္လိုက္ေသာ စည္းၾကပ္ခြန္တိုးျမႇင့္မႈကို အေရးေပၚအေျခအေန တစ္ရပ္ျဖင့္ တုံ႔ျပန္မည္ျဖစ္ၿပီး ၎တိုးျမႇင့္မႈႏွင့္ပတ္သက္၍ တုံ႔ျပန္ေဆာင္႐ြက္ရန္ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ (WTO) ထံ တင္ျပမည္ျဖစ္ေၾကာင္း သမၼတ လူးဝစ္ဇ္အင္နာစီယို လူလာဒါေဆးလ္ဗား က ၾသဂုတ္လ ၅ ရက္တြင္ ေျပာၾကား ခဲ့ေၾကာင္း သိရသည္။
ၿမိဳ႕ေတာ္ဘရာဇီးလီယာတြင္ က်င္းပသည့္ စဥ္ဆက္မျပတ္စီးပြားေရးႏွင့္ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးေကာင္စီ အစည္းအေဝးတြင္ သမၼတလူလာ က အေမရိကန္၏ အဆိုပါကုန္သြယ္ေရးလႈပ္ရွားမႈကို ‘မတရားမႈ’ အျဖစ္ သ႐ုပ္ေဖာ္ကာ ႏိုင္ငံတကာစင္ျမင့္ထက္တြင္ ဘရာဇီးႏိုင္ငံ၏ တိုးတက္မႈကို မီးေမာင္းထိုးျပခဲ့သည္။
“အစိုးရက ဘရာဇီးျပည္သူေတြကို ကတိေပးပါတယ္။ ဒီမတရားတဲ့တိုက္ခိုက္မႈ ေလ်ာ့ပါးေစဖို႔နဲ႔ ဒီတိုက္ခိုက္မႈေၾကာင့္ စီးပြားေရးနဲ႔ လူမႈေရးထိခိုက္မႈေတြ သက္သာေစဖို႔ အေရးေပၚအစီအစဥ္တစ္ရပ္ကို အေကာင္ အထည္ေဖာ္သြားမွာပါ” ဟု သမၼတ လူလာ က ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ကြၽန္ေတာ္တို႔က ဒီအစီအမံေတြေၾကာင့္ ထိခိုက္ခံစားရတဲ့ ဘရာဇီးအလုပ္သမားေတြနဲ႔ ကုမၸဏီေတြကို ကာကြယ္မွာျဖစ္သလို ကြၽန္ေတာ္တို႔ရဲ႕ အက်ိဳးစီးပြားကိုကာကြယ္ဖို႔ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ (WTO) အပါအဝင္ ရရွိႏိုင္တဲ့ ယႏၲရားအားလုံးကေနတစ္ဆင့္ ေဆာင္႐ြက္သြားမွာပါ” ဟု သမၼတ လူလာ က စီးပြားေရးေခါင္းေဆာင္ မ်ား၊ သမဂၢေခါင္းေဆာင္မ်ား၊ စိုက္ပ်ိဳးေရးကိုယ္စားလွယ္မ်ားႏွင့္ အရပ္ဘက္အဖြဲ႕အစည္းမ်ားမွ အဖြဲ႕ဝင္မ်ားကို ေျပာၾကားခဲ့သည္။
ဘရာဇီးသည္ ေစ့စပ္ညႇိႏႈိင္းမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း၊ အေမရိကန္အာဏာပိုင္မ်ားႏွင့္ ေဆြးေႏြးမႈမ်ားကို မတ္လမွစတင္၍ လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္းလည္း သမၼတ လူလာ က ေျပာၾကားခဲ့သည္။
အေမရိကန္က ခ်မွတ္လိုက္ေသာ စည္းၾကပ္ခြန္တိုးျမႇင့္မႈကို စိန္ေခၚရန္အတြက္ ဘရာဇီးႏိုင္ငံျခားေရး ဝန္ႀကီးဌာနက WTO ထံ ေမတၱာရပ္ခံခ်က္အား ၾသဂုတ္လ ၁၈ ရက္တြင္ တင္သြင္းမည္ျဖစ္သည္။ ထိုအခ်ိန္၌ ဘရာဇီးက အေမရိကန္၏ အဆိုပါစီမံခ်က္အေပၚ ၎၏တုံ႔ျပန္မႈကို တရားဝင္ေၾကညာမည္ျဖစ္ေၾကာင္း သိရသည္။
အမေရိကန်၏ စည်းကြပ်ခွန်တိုးမြှင့်မှုကို အရေးပေါ်အစီအစဉ်ဖြင့် တုံ့ပြန်မည်ဟု ဘရာဇီးသမ္မတ လူလာ ပြောကြား
====================
ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံက ချမှတ်လိုက်သော စည်းကြပ်ခွန်တိုးမြှင့်မှုကို အရေးပေါ်အခြေအနေ တစ်ရပ်ဖြင့် တုံ့ပြန်မည်ဖြစ်ပြီး ၎င်းတိုးမြှင့်မှုနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ထံ တင်ပြမည်ဖြစ်ကြောင်း သမ္မတ လူးဝစ်ဇ်အင်နာစီယို လူလာဒါဆေးလ်ဗား က သြဂုတ်လ ၅ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။
မြို့တော်ဘရာဇီးလီယာတွင် ကျင်းပသည့် စဉ်ဆက်မပြတ်စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အစည်းအဝေးတွင် သမ္မတလူလာ က အမေရိကန်၏ အဆိုပါကုန်သွယ်ရေးလှုပ်ရှားမှုကို ‘မတရားမှု’ အဖြစ် သရုပ်ဖော်ကာ နိုင်ငံတကာစင်မြင့်ထက်တွင် ဘရာဇီးနိုင်ငံ၏ တိုးတက်မှုကို မီးမောင်းထိုးပြခဲ့သည်။
“အစိုးရက ဘရာဇီးပြည်သူတွေကို ကတိပေးပါတယ်။ ဒီမတရားတဲ့တိုက်ခိုက်မှု လျော့ပါးစေဖို့နဲ့ ဒီတိုက်ခိုက်မှုကြောင့် စီးပွားရေးနဲ့ လူမှုရေးထိခိုက်မှုတွေ သက်သာစေဖို့ အရေးပေါ်အစီအစဉ်တစ်ရပ်ကို အကောင် အထည်ဖော်သွားမှာပါ” ဟု သမ္မတ လူလာ က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က ဒီအစီအမံတွေကြောင့် ထိခိုက်ခံစားရတဲ့ ဘရာဇီးအလုပ်သမားတွေနဲ့ ကုမ္ပဏီတွေကို ကာကွယ်မှာဖြစ်သလို ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အပါအဝင် ရရှိနိုင်တဲ့ ယန္တရားအားလုံးကနေတစ်ဆင့် ဆောင်ရွက်သွားမှာပါ” ဟု သမ္မတ လူလာ က စီးပွားရေးခေါင်းဆောင် များ၊ သမဂ္ဂခေါင်းဆောင်များ၊ စိုက်ပျိုးရေးကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကို ပြောကြားခဲ့သည်။
ဘရာဇီးသည် စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ အမေရိကန်အာဏာပိုင်များနှင့် ဆွေးနွေးမှုများကို မတ်လမှစတင်၍ လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သမ္မတ လူလာ က ပြောကြားခဲ့သည်။
အမေရိကန်က ချမှတ်လိုက်သော စည်းကြပ်ခွန်တိုးမြှင့်မှုကို စိန်ခေါ်ရန်အတွက် ဘရာဇီးနိုင်ငံခြားရေး ဝန်ကြီးဌာနက WTO ထံ မေတ္တာရပ်ခံချက်အား သြဂုတ်လ ၁၈ ရက်တွင် တင်သွင်းမည်ဖြစ်သည်။ ထိုအချိန်၌ ဘရာဇီးက အမေရိကန်၏ အဆိုပါစီမံချက်အပေါ် ၎င်း၏တုံ့ပြန်မှုကို တရားဝင်ကြေညာမည်ဖြစ်ကြောင်း သိရသည်။




