ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ Grade – 12 စာေမးပြဲ ျပန္လည္ေျဖဆိုမည့္ ေက်ာင္းသား / ေက်ာင္းသူမ်ားအား စာသင္ေက်ာင္းမ်ားတြင္ စခန္းသြင္းသင္ၾကားေနမႈမ်ားအား သြားေရာက္ ၾကည့္ရႈအားေပး
ေမ ၂၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ပါတီဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ျပည္ေထာင္စုနယ္ေျမပါတီ ဥကၠ႒ ဦးလွေဆြႏွင့္ ပါတီတာဝန္ရွိသူမ်ားသည္ ၂၀၂၅ ခုႏွစ္၊ ေမလ (၂)ရက္ေန႔တြင္ ေနျပည္ေတာ္ စာစစ္ဌာနေက်ာင္းမ်ားတြင္ Grade (12) စာေမးပြဲျပန္လည္ေျဖဆိုမည့္ ေက်ာင္းသား/ေက်ာင္းသူမ်ား စခန္းသြင္း သင္ၾကားေနမႈမ်ားအား သြားေရာက္အားေပးခဲ့ပါသည္။
ပါတီဥကၠ႒ႏွင့္အဖြဲသည္ ပ်ဥ္းမနားၿမိဳနယ္မွ အမွတ္(၄)၊ အေျခခံပညာအထက္တန္းေက်ာင္း၊ ေဇယ်ာသီရိၿမိဳနယ္မွ အေျခခံပညာအထက္တန္းေက်ာင္း(ေရဆင္း)၊ ပုဗၺသီရိၿမိဳနယ္မွ အမွတ္(၂၀)၊ အေျခခံပညာႏွင့္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးအထက္တန္းေက်ာင္း၊ ဇဗၺဴသီရိၿမိဳနယ္မွ အမွတ္(၆)၊ အေျခခံပညာအထက္တန္းေက်ာင္း၊ ဒကၡိဏသီရိၿမိဳနယ္မွ အေျခခံပညာအထက္တန္းေက်ာင္း(ခြဲ) – ရန္ေအာင္ျမင္ စသည့္ ေက်ာင္း(၅)ေက်ာင္းသို သြားေရာက္ခဲ့ျခင္းျဖစ္ၿပီး စခန္းသြင္း သင္ၾကားေလ့လာေနေသာ ေက်ာင္းသား/ေက်ာင္းသူမ်ားအား အားေပး စကားမ်ားေျပာၾကားျခင္း၊ စခန္းသြင္းသင္ၾကားႏိုင္ေရး လာေရာက္ရန္ က်န္ရွိေနေသာ သူငယ္ခ်င္း ေက်ာင္းသား/ေက်ာင္းသူမ်ားအား မျဖစ္မေနေခၚယူျခင္းမ်ား ေဆာင္႐ြက္ေပးၾကရန္ ေျပာၾကားျခင္းႏွင့္ ဆရာ/ဆရာမမ်ားႏွင့္ စာသင္ေက်ာင္းမ်ား၊ စာစစ္ဌာနမ်ားအတြက္ လိုအပ္သည္မ်ားအား ခ်ိတ္ဆက္ကူညီေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ သက္ဆိုင္ရာနယ္ေျမခံပါတီတာဝန္ရွိသူမ်ားအား မွာၾကားခဲ့ပါသည္။
၎စာစစ္ဌာနေက်ာင္းမ်ားတြင္ Grade (12) စာေမးပြဲ ျပန္လည္ေျဖဆိုႏိုင္ေရးအတြက္ စခန္းသြင္းေလ့က်င့္ေပးလ်က္ရွိရာ ေက်ာင္းသား/ေက်ာင္းသူမ်ားအတြင္ ႏိုင္ငံေတာ္မွ လိုအပ္ခ်က္မ်ား အျပည့္အဝစီမံေဆာင္႐ြက္ေပးထားထားၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီမွ ကနဦးလႉဒါန္းမႈအေနျဖင့္ ေသာက္ေရသန႔္ကဒ္မ်ား ေပးအပ္လႉဒါန္းခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ Grade – 12 စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား / ကျောင်းသူများအား စာသင်ကျောင်းများတွင် စခန်းသွင်းသင်ကြားနေမှုများအား သွားရောက် ကြည့်ရှုအားပေး
================================================================
မေ ၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးလှဆွေနှင့် ပါတီတာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ မေလ (၂)ရက်နေ့တွင် နေပြည်တော် စာစစ်ဌာနကျောင်းများတွင် Grade (12) စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စခန်းသွင်း သင်ကြားနေမှုများအား သွားရောက်အားပေးခဲ့ပါသည်။
ပါတီဥက္ကဋ္ဌနှင့်အဖွဲသည် ပျဉ်းမနားမြိုနယ်မှ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျာသီရိမြိုနယ်မှ အခြေခံပညာအထက်တန်းကျောင်း(ရေဆင်း)၊ ပုဗ္ဗသီရိမြိုနယ်မှ အမှတ်(၂၀)၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ဇဗ္ဗူသီရိမြိုနယ်မှ အမှတ်(၆)၊ အခြေခံပညာအထက်တန်းကျောင်း၊ ဒက္ခိဏသီရိမြိုနယ်မှ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) – ရန်အောင်မြင် စသည့် ကျောင်း(၅)ကျောင်းသို သွားရောက်ခဲ့ခြင်းဖြစ်ပြီး စခန်းသွင်း သင်ကြားလေ့လာနေသော ကျောင်းသား/ကျောင်းသူများအား အားပေး စကားများပြောကြားခြင်း၊ စခန်းသွင်းသင်ကြားနိုင်ရေး လာရောက်ရန် ကျန်ရှိနေသော သူငယ်ချင်း ကျောင်းသား/ကျောင်းသူများအား မဖြစ်မနေခေါ်ယူခြင်းများ ဆောင်ရွက်ပေးကြရန် ပြောကြားခြင်းနှင့် ဆရာ/ဆရာမများနှင့် စာသင်ကျောင်းများ၊ စာစစ်ဌာနများအတွက် လိုအပ်သည်များအား ချိတ်ဆက်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေခံပါတီတာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
၎င်းစာစစ်ဌာနကျောင်းများတွင် Grade (12) စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများအတွင် နိုင်ငံတော်မှ လိုအပ်ချက်များ အပြည့်အဝစီမံဆောင်ရွက်ပေးထားထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကနဦးလှူဒါန်းမှုအနေဖြင့် သောက်ရေသန့်ကဒ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။