ေတာင္ကိုရီးယားက အသုံးျပဳသူအခ်က္အလက္မ်ား တရားမဝင္စုေဆာင္းသည့္ Facebook ကို ဒဏ္ရိုက္ခဲ့

ေတာင္ကိုရီးယားနိုင္ငံမွ Facebook လူမွုကြန္ရက္ကို အသုံးျပဳသူ တစ္သန္းတရားမဝင္ စုေဆာင္းရယူသည့္ Meta ကုမၸဏီကို ေတာင္ကိုရီးယားက နိုဝင္ဘာလ ၅ ရက္တြင္ ဝမ္ ၂၁ ဒသမ ၆ ဘီလီယံ (အေမရိကန္ေဒၚလာ ၁၅ ဒသမ ၆ သန္း) ဒဏ္ရိုက္လိုက္ေၾကာင္း သိရသည္။
ထို႔ျပင္ Meta ကုမၸဏီအေနျဖင့္ အထိအခိုက္မခံေသာ သတင္း အခ်က္အလက္မ်ား ရယူအသုံးျပဳေရး၊ ေဘးကင္းစိတ္ခ်ရမွုဆိုင္ရာ ေဆာင္ရြက္မွုမ်ား အေကာင္အထည္ေဖာ္ေရး၊ အသုံးျပဳသူမ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ားကို ရယူမည္ဆိုပါက ကာကကံရွင္မ်ား၏သေဘာတူညီခ်က္ ရယူေရးတို႔အတြက္ ေျမျပင္တြင္ အဖြဲ႕မ်ား ဖြဲ႕စည္းသြားရန္လည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Meta ကုမၸဏီသည္ အသုံးျပဳသူမ်ား၏အခ်က္အလက္မ်ားကို တရားမဝင္ရယူၿပီး အခေပးေၾကာ္ျငာသူမ်ား အတြက္ အဆိုပါ အခ်က္အလက္မ်ားကို အသုံးျပဳလ်က္ရွိေၾကာင္း ေတာင္ကိုရီးယားတာဝန္ရွိသူမ်ား ကေျပာသည္ ဟု RTA သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။


တောင်ကိုရီးယားက အသုံးပြုသူအချက်အလက်များ တရားမဝင်စုဆောင်းသည့် Facebook ကို ဒဏ်ရိုက်ခဲ့
====================
တောင်ကိုရီးယားနိုင်ငံမှ Facebook လူမှုကွန်ရက်ကို အသုံးပြုသူ တစ်သန်းတရားမဝင် စုဆောင်းရယူသည့် Meta ကုမ္ပဏီကို တောင်ကိုရီးယားက နိုဝင်ဘာလ ၅ ရက်တွင် ဝမ် ၂၁ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆ သန်း) ဒဏ်ရိုက်လိုက်ကြောင်း သိရသည်။
ထို့ပြင် Meta ကုမ္ပဏီအနေဖြင့် အထိအခိုက်မခံသော သတင်း အချက်အလက်များ ရယူအသုံးပြုရေး၊ ဘေးကင်းစိတ်ချရမှုဆိုင်ရာ ဆောင်ရွက်မှုများ အကောင်အထည်ဖော်ရေး၊ အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို ရယူမည်ဆိုပါက ကာကကံရှင်များ၏သဘောတူညီချက် ရယူရေးတို့အတွက် မြေပြင်တွင် အဖွဲ့များ ဖွဲ့စည်းသွားရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Meta ကုမ္ပဏီသည် အသုံးပြုသူများ၏အချက်အလက်များကို တရားမဝင်ရယူပြီး အခပေးကြော်ငြာသူများ အတွက် အဆိုပါ အချက်အလက်များကို အသုံးပြုလျက်ရှိကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများ ကပြောသည် ဟု RTA သတင်းဌာနဖော်ပြချက်အရ သိရသည်။