လွှတ်တော်ကျပ်သိန်းတစ်ထောင်ဆိုင်ရာ အစည်းအဝေးနှင့် ပါတီစည်းရုံးရေးလုပ်ငန်းရပ်များ ချမှတ်ခြင်း

 

၂၀၁၈-ခုနှစ် ၊ အောက်တိုဘာလ (၁၂) ရက်နေ့ ၊ နံနက် (၁၀း၃၀) နာရီအချိန် ၊ မိုင်းပျဉ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းမ၌ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ ပါတီ၏ ရှေ့လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးစိန်က မိမိတို့ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးက ဖော်ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖတ်ကြားတင်ပြပါသည်။ ဆက်လက်၍ ခရိုင်ပါတီကော်မတီဝင် ဦးချာဟူနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်း တို့က သက်ဆိုင်ရာအုပ်စုအလိုက် ဟောပြောရမည့် အချိန်များကို မေးမြန်း၍ တာဝန်များကို ခွဲဝေသတ်မှတ်ပေးပါသည်။ အစည်းအဝေးသို့ ပြည်နယ်/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ၊ ရပ်/ကျေးဥက္ကဋ္ဌ နှင့် စည်းရုံးရေးမှူးများ ၊ စုစုပေါင်းအင်အား (၆၄) ဦး တက်ရောက်ပါသည်။ အစည်းအဝေးကို မွန်းလွဲ(၁၂း၃၀)နာရီအချိန်တွင် ရုတ်သိမ်းပါသည်။

နိုင်ငံရေးပါတီ (၂၇) ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက် ၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်


ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားနှင့် အမျိုးသမီးရေးရာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ကနီ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် လင်ပုန်း ရည်ကျေးရွာအုပ်စု ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင် နေ အိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် တင်ပွဲအခမ်းအနားနှင့် ပါတီဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ သည်။

ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြာဇံချက်များကျွေခြင်း၊ စုပေါင်းလုပ်အားဒါနများပြုလုပ်ခြင်းများ ပြုလုပ်ကုသိုလ်ယူ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ဝေဘူတောင်တွင် နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိသော ဆယ်ဆူဘုရားပွဲတော်တွင် ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးမှ ” ချမ်းသာရဘုရား ” တွင် ကျောက်ဆည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆီုဂုဏ်ပြုသောအားဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ကြာဇံချက်များကျွေးခြင်း၊ စုပေါင်းလုပ်အားဒါနများပြုလုပ်ခြင်းများကို ယနေ့ (26.9.2018) ရက်၊ နေ့လည်ပိုင်း (2) နာရီအချိန်တွင်ေ ဝဘူတောင်ပေါ်ရှိ ” ချမ်းသာရ ” ဘုရားတွင် ပြုလုပ်ကုသိုလ်ယူခဲ့ကြပါသည်။

တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပါတီဝင်များဖြင့်ကွင်းဆင်းတွေ့ဆုံခြင်း

 

၂၅.၉.၂၀၁၈ ရက်နေ့တွင် တာချီလိတ်မြို့၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ကော်မတီဝင် ဦးစိုးကျော်အောင်၊ ခရိုင်ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လော်ယိုတို့နှင့်အတူ ဖန်မင်ကျေးရွာအုပ်စု၊ ဟာကျားမနိုးကျေးရွာသို့ သွားရောက်ခဲ့ပြီး ပါတီဝင် ဒေါ်အားမြေ့၏နေအိမ်၌ ပါတီဝင်များဖြင့် တွေ့ဆုံခဲ့ပါသည်။
အဆိုပါကျေးရွာသည် အိမ်ခြေ (၂၄) အိမ်ရှိပြီး ကတ်သလစ်ဘာသာဝင် (၁၈) အိမ်တို့မှ ကျေးရွာရှိ သံယောဟန်အသစ်ေ ဆာက်လုပ်ရာတွင် လိုအပ်နေသည့်ကိစ္စများ၊ ပါတီဝင်ကိုယ်ဝန်သည် မအားမီ သားဦးမွေးဖွားရန်အတွက် ကူညီပေးနိုင်မည့်ကိစ္စများအပြင် ပါတီ၏ရှေ့လုပ်ငန်းစဉ်များဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည် ။

အုတ်တွင်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းမြင့် ပြည်သူများနှင့်တွေ့ဆုံ

 

အုတ်တွင်း စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး အုတ် တွင်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးရုံးတွင် ယမန်နေ့ နံနက် ၉ နာရီက ဗဟို အလုပ်အမှုဆောင် ဦးလှသိန်းနှင့် ဗဟိုကော်မတီဝင်များကအုတ်တွင်း မြို့နယ်အမှတ်(၁)မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ်ခံမည့်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် မဲအောင်နိုင်ရေးအတွက်အမှတ်(၁) နယ်မြေရှိ အောင်နိုင်ရေးအဖွဲ့များ နှင့်တွေ့ဆုံပြီးမဲအောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

မ​ကွေးတိုင်းဒသကြီး ပါတီ​ကော်​မတီနှင့် မ​ကွေးခရိုင်​ ပါတီ​ကော်​မတီဝင်​များ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးပြုလုပ်

 

မ​ကွေး၊ စက်​တင်​ဘာ၊ ၂၄

တူရကီလိဂ်တစ်နှစ်တာအကောင်းဆုံး နောက်ခံလူဆု ပီပီ ရရှိ

တူရကီလိဂ် တစ်နှစ်တာအကောင်းဆုံးနောက်ခံလူဆုကို ဘက်ဆီးတပ်စ်မှ ရီးရဲလ်အသင်းသားဟောင်း ပေါ်တူဂီ လက်ရွေးစင် ပီပီရရှိခဲ့သည်။ တူရကီစူပါလိဂ်၏ ပြီးခဲ့သည့်နှစ် အကောင်းဆုံးကစားသမားများကို ပြည်သူနှင့် ကျွမ်းကျင်သူများက ရွေးချယ်ခဲ့ပြီး ဆုရကစားသမားများအား စက်တင် ဘာ ၁၂ ရက် ညကဆုချီးမြှင့်ခဲ့သည်။

တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဂါလာတာစာရေးတိုက်စစ်မှူးဟောင်း ဂိုမစ်က ရရှိပြီး တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ဂါလာတာစာရေး နည်းပြ ဖာတစ်တီရင်ရရှိသည်။

ပန်းဂေါ်ဖီ စားသုံးခြင်းကြောင့် ရရှိမည့် ကျန်းမာရေးအတွက် ကောင်းကျိုးများ

ပန်းဂေါ်ဖီက စားကောင်းရုံတင်မကဘဲ ဗီတာမင်နဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်ခံ စွမ်းအားကို မြင့်တင်ပေးတဲ့ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။ ပန်းဂေါ်ဖီကို စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးလေးတွေ ရရှိမလဲဆိုတော့

၁။ အဆစ်ရောင်ရောဂါအတွက် ကောင်းမွန်တယ်

ပန်းဂေါ်ဖီမှာ ဗီတာမင် K နဲ့ Omega 3 ဖက်တိအက်စစ်တို့ ပါဝင်တဲ့အတွက်ကြောင့် အဆစ်အမြစ်ရောင်ရမ်းခြင်း၊ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

နိုင်ငံရေးသဘောတူညီချက် အမြန်ချမှတ်ဖို့ လိုအပ်နေကြောင်း အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ တောင်းဆို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ အမြန်တွေ့ဆုံညှိနှိုင်းပြီး နိုင်ငံရေးသဘောတူညီချက် တစ်ခု အမြန်ချမှတ်ဖို့ လိုအပ်နေကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့တတိယအကြိမ် ထိပ်သီးညီလာခံ ဒီနေ့နောက်ဆုံးနေ့မှာ ကြေညာချက် ထုတ်လိုက် ပါတယ်။