ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပြည်သူများနှင့် Door To Door ကွင်းဆင်း တွေ့ဆုံ

 

ရွှေကူ အောက်တိုဘာ

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်သူများ၏ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်စိမ်းအစရှိသော လှူဖွယ်ပစ္စည်း များကို ကျောင်းတိုက်အသီးသီးသို့ လိုက်လံလှူဒါန်း

 

အောက်တိုဘာ၊ရန္ကုန္

ဒဂုံမြို့သစ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖျန်း ဆောင်ရွက်

 

ရန်ကုန် အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲမှ စတင်ကာ မြို့နယ်အတွင်းရှိ Covid-19 ရောဂါ အတည်ပြုပိုးတွေ့လူနာများ နေထိုင်ရာနေအိမ် များနှင့် လမ်းများအား ကရိုရင်းဇီဝ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို အမှတ် (၄၇) ရပ်ကွက် စံပယ်လမ်း အမှတ် (၃၈) ရပ်ကွက် ပြင်ဦးလွင်လမ်း မြတ်မင်္ဂလာလမ်း ဓမ္မသုခလမ်းနှင့် ရတနာပုံလမ်းတို့တွင် ဆောင်ရွက် ခဲ့ကြသည်။တင်ဆန်းအောင်(မ/ဒဂုံ)

ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ မှ Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များဝေဌ လှူဒါန်း

 

အောက်တိုဘာ၊ ရန္ကုန္

ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၁၆) ရပ်ကွက်နေ မိဘပြည်သူများအား covid-19 ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း (mask)များ သွားရောက်ဝေဌလှူးဒါန်း ပေးခဲ့ပါသည်။

သွားရောက်လှူဒါန်းရာတွင် ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ နာယက ဦးရဲဆွေလှိူင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)၊ ရန်ကုန်မြောက်ပိုင်းခရိုင် ကော်မတီဝင် ဒေါ်ချမ်းမြအေး (တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ် လောင်း၊အမှတ် (၁၆) ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် လူငယ်ပါတီကော်မတီဝင်များမှ လိုက်လံဝေဌ လှူဒါန်း ခဲ့ကြပါသည်။ဘိုတေ(ရွှေပြည်သာ)

ဂွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေးဗီနိုင်း ပိုစတာ စိုက်ထူ

 

အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တောင်ပေါက်အုပ်စု၊ ကျောက်ချွန်ကျေးရွာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူပွဲ အခမ်း အနားကို အောင်မြင်စွာစိုက်ထူပြီးစီးခဲ့သည်။ အဆိုပါ အခန်းအနားသို့ ဂွမြို့နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဥာဏ်ထွန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ကော်မတီ ဝင်များ၊ ပါတီဝင်များနှင့် ရပ်ရွာအတွင်းမှ မိမိ ပါတီကို ဝန်းရံသူများ တက်ရောက်ခဲ့ပါသည်။ GWA USDP

ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကျေးရွာရပ်မိရပ်ဖများ ပါတီဝင်များနှင့်တွေ့ဆုံ

 

ရေကြည် အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ဝင်ရောက်ရွေးချယ်ခံမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းများသည့် ယမန်နေ့ နံနက် ၉ နာရီက ရပ်မိရပ်ဖများ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာတွင် ရေကြည်မြို့နယ် အသုတ်မြို့မှ ပြည်ခိုင်ဖြိုး ပါတီအောင်နိုင်ရေး အတွင်းရေးမှူး ဦးမြသိန်းမှ ပြည်ခိုင်ဖြိုးပါတီလွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်ဦးချင်းကို ဦးစွာမိတ်ဆက်ပေးသည်။

Covid-19 ဥပဒေနှင့်အညီ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ မဲဆွယ်စည်းရုံး

 

ညောင်လေးပင်၊ အောက်တိုဘာ ၁

ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့ မနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ညောင်လေးပင်မြို့နယ် အတွင်းရှိ အင်းဝိုင်းကျေးရွာ၊ တရုတ်စု၊ ကျွန်းစု၊ ကွင်းဒလ၊ ဘူတာစု၊ ရေကြည်ချောင်းကျေးရွာများသို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း(Door to Door)စနစ်ဖြင့် လက်ကမ်းစာစောင်များဝေငှ၍ စည်းရုံးရေးဆင်းခဲ့ကြသည်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးဆိုင်းဘုတ်များ စိုက်ထူ

 

ကျိုက်ထို၊ အောက်တိုဘာ

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင် ရေးဗီနိုင်း ဆိုင်းဘုတ်များကို ယမန်နေ့ နံနက် ၉ နာရီတွင် သိမ်ဇရပ်မြို့ အတွင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေး ဗီနိုင်းစိုက်ထူ

 

စစ်တွေ၊ အောက်တိုဘာ ၁

လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ကြမည့် စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ဗီနိုင်းပိုစတာအား စိုက်ထူခဲ့ကြသည်။