ထိုင်း-မလေးရှားနယ်စပ်တွင် မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန်ပြင်ဆင်နေသည့် မြန် မာနိုင်ငံသား ၄၇ ဦးအား ဇွန် ၁၈ ရက်ညပိုင်းက မလေးရှားနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ထိုင်း-မလေးရှားနယ်စပ်ရှိ ရော်ဘာခြံတစ်ခုအတွင်း၌ ပုန်းအောင်းနေကာ ပွဲစားလာခေါ်မည့်အချိန်အား စောင့်ဆိုင်းနေစဉ် မလေးရှားနိုင်ငံတပ်မ တော်မှ သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။