
ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးလျှင် မြန်မာနိုင်ငံသို့ ပြန်လည်လျှောက်ထားရမည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်း လုပ်ငန်းကို မြန်မာနိုင်ငံ၌ ပြန်လည်လျှောက် ထားရမည်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါဖော်ပြချက်များမှာ သတင်းမှားများသာဖြစ်ကြောင်း အသိပေးအပ်ပါသည်ဟု ဖော်ပြထားသည်။










