
ဩဂုတ်လ ၅ ရက်နေ့ Unpacked event ပွဲ မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ထားတဲ့ Samsung Galaxy Z Flip 5G မော်ဒယ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဩဂုတ်လ ၅ ရက်နေ့ Unpacked event ပွဲ မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ထားတဲ့ Samsung Galaxy Z Flip 5G မော်ဒယ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Samsung ရဲ့အလယ်အလတ်တန်းစား Galaxy M စီးရီးစမတ်ဖုန်းကို ဇန်နဝါရီလ ၂၈ ရက်မှာ အိန္ဒိယနိုင်ငံအတွင်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ အဲဒီသတင်းကို Amazon India မှာဖော်ပြထားတယ်လို့ India Today မှာရေးသား ထားပါတယ်။ Samsung အနေနဲ့ အိန္ဒိယမှာ M10, M20 နဲ့ M30 စမတ်ဖုန်းသုံးမျိုးကို ရောင်းချသွားဖွယ်ရှိပါတယ်။ အဲဒီဖုန်းတွေမှာ Samsung ရဲ့ “Infinity-V” teardrop display ပါဝင်လာပါတယ်။ အခုဆိုရင် Samsung Galaxy M20 ရဲ့လက်စွဲစာစောင်ထဲမှာ ပါဝင်တဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

ကျောဘက်ကင်မရာ 48 megapixel နဲ့ Snapdragon 660 chipset ပါဝင်ပြီး ဒေါ်လာ ၁၅၀ နဲ့ရောင်းချမယ့် Redmi Note 7 ကို ပြီးခဲ့တဲ့အပတ်က Xiaomi က မိတ်ဆက်ခဲ့ပါတယ်။ ဖုန်းကို ဇန်နဝါရီလ ၁၈ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ Redmi Noet 7 ဖုန်းကို ဇန်နဝါရီလ အကုန်မှာ အလုံးရေ ၁ သန်းအထိ ရောင်းချဖို့ ရည်မှန်းထားတယ်လို့ Redmi ထုတ်ကုန်မန်နေဂျာက ယုံကြည်မှုအပြည့်နဲ့ ကြေညာခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆို လိုသူတွေအနေနဲ့ ရက်ချိန်းရယူခြင်းကို အွန်လိုင်းမှ တစ်ဆင့် လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ ယာဉ်မောင်းလိုင်စင် ရယူလိုသူတွေ များပြားလာတဲ့အတွက် လိုင်စင်ဖြေဆိုလိုသူတွေအနေနဲ့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခြင်းစတဲ့ အခက်အခဲတွေ လျော့နည်းသွားစေဖို့ အတွက် လူကိုယ်တိုင်လာရောက်ဖို့ မလိုအပ်တဲ့ (Online Booking System) ကိုပြောင်းလဲ ကျင့်သုံးခြင်းဖြစ်တယ်လို့ သိရပါတယ်။

စက်မှုမှတ်ပုံတင်ခြင်းကို အွန်လိုင်းစနစ်မှ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ Myanmar National Portal ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပုဂ္ဂလိက စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ ဇန်နဝါရီလ ၁ ရက်မှစပြီး အွန်လိုင်း စနစ်ကို အသုံးပြု၍ စက်မှုမှတ်ပုံတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း၊ အွန်လိုင်းစနစ်နဲ့ လုပ်ငန်းမှတ်ပုံတင် လျှောက်လွှာ အသစ်တင်ဖို့၊ သက်တမ်းတိုးဖို့နဲ့ အချက်အလက်တွေ ပြောင်းလဲဖို့အတွက် လျှောက်ထား နိုင်မှာ ဖြစ်ပါတယ်။

Xiaomi ဥက္ကဋ္ဌလင်ဘင် အနေနဲ့ 48-megapixel ကင်မရာပါဝင်တဲ့ Redmi Note 7 ကို မိတ်ဆက်လိုက်ပါတယ်။ ဈေးနှုန်းသက်သာတဲ့ Redmi အမှတ်တံဆိပ်ကနေ Xiaomi ဟာ Redmi Note 7 ကို ထုတ်ဖော် မိတ်ဆက် လိုက်တာ ဖြစ်ပါတယ်။

Facebook မှာဖြစ်ပေါ်ခဲ့တဲ့ API bug ကြောင့် သုံးစွဲသူ ၆.၈ သန်းရဲ့ တစ်ကိုယ်ရေ ဓာတ်ပုံတွေ app developer တွေဆီကို ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။
Facebook မှာ API bug ဖြစ်ပေါ်နေတာ နှစ်ပတ်နီးပါးရှိနေပြီး သုံးစွဲသူတွေရဲ့ account တွေမှာတင်ထားတဲ့ ဓာတ်ပုံတွေကို app developer တွေက ရိုးရှင်းစွာ ကြည့်ရှုနိုင်ပါတယ်။ Facebook သုံးစွဲသူတွေ upload လုပ်ထားတဲ့ ဓာတ်ပုံတွေပဲ ပေါက်ကြားထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် အမြင့်ဆုံးဆုကြေး ဒေါ်လာ ၃၀၀၀ အထိ ရရှိနိုင်မည့် PUBG MOBILE GAME ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို Game Caste Network Myanmar နှင့် Huawei တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ နိုင်ငံအနှံ့ရှိ ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ပြီး လူရွေးပွဲအဆင့်ဆင့်ပြုလုပ်ကာ နိုင်ငံတကာစံချိန်မီကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အိမ်သုံးအင်တာနက်လိုင်းဖြစ်တဲ့ FTTH အင်တာနက်ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်ရှိနေရာ အချို့မှာ ထပ်မံတိုးချဲ့လိုက်ကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုံ၊ ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ ကြည်မြင်တိုင်၊ ရန်ကင်းအစရှိတဲ့ မြို့နယ်တွေမှာ တိုးချဲ့ထားကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံမြို့နယ်၊ ရှမ်းပြည်နယ်မှာ တောင်ကြီးမြို့ တို့မှာ တိုးချဲ့လိုက်ကြောင်း သိရပါတယ်။

M ပိုက်ဆံအသုံးပြုသူတွေ QR Code အသုံးပြုကာ ငွေပေးချေမှုတွေ ပြုလုပ်သွားနိုင်ဖို့ Ooredoo အနေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
Quick Response(QR) Code နဲ့ငွေပေးချေတာ၊ လျှပ်စစ်မီတာခ၊ ရေခွန်ပေးဆောင်တာနဲ့ အစိုးရနဲ့ဆိုင်တဲ့ ငွေပေးချေစနစ်တွေမှာ ငွေလွှဲပြောင်းမှုတွေလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ M ပိုက်ဆံမှာ မိုဘိုင်းဖုန်း ကနေ တစ်ဆင့် ကျသင့်ငွေပေးဆောင်ခြင်း၊ သုံးစွဲသူအနေနဲ့ M ပိုက်ဆံ ကိုယ်စားလှယ်ကနေ တစ်ဆင့် ငွေသား ထုတ်ယူတာနဲ့ ဘဏ်စာရင်းအတွင်း ငွေလွှဲပြောင်းမှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။