
စမတ်ဖုန်းတွေ စထွက်ပေါ်လာတဲ့အချိန်မှာ Memory Card တွေဟာ Megabytes ပမာဏပဲ ပါလာပါသေးတယ်။ အခုတော့ Terabyte ပမာဏ ဝင်ဆန့်တဲ့ microSD Card တွေ ထွက်လာပါပြီ။ အခုလည်း Micron က စံချိန်သစ်တင်လိုက်ပြန်ပါပြီ။

စမတ်ဖုန်းတွေ စထွက်ပေါ်လာတဲ့အချိန်မှာ Memory Card တွေဟာ Megabytes ပမာဏပဲ ပါလာပါသေးတယ်။ အခုတော့ Terabyte ပမာဏ ဝင်ဆန့်တဲ့ microSD Card တွေ ထွက်လာပါပြီ။ အခုလည်း Micron က စံချိန်သစ်တင်လိုက်ပြန်ပါပြီ။

Samsung Electronics က စမတ်ဖုန်းတွေအတွက် စွမ်းရည်မြင့် ကင်မရာ အသစ်ကို ကြေညာလိုက်ပါတယ်။ 200 Megapixel ISOCELL HP3 ဖြစ်ပြီး အရင်မျိုးဆက်ထက် တိုးတက်မှုများစွာနဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။

လမ်းမတွေပေါ်မှာ မောင်းနှင်နေစဉ်မှာပဲ လျှပ်စစ်ကားကို ကြိုးမဲ့ အားသွင်းပေးနိုင်တဲ့ နည်းပညာကို ကမ္ဘာအဝန်းမှာ ဖန်တီးနေကြပါတယ်။ ဒီနည်းပညာက လျှပ်စစ်ကားတွေကို အားသွင်းစက်တွေ တည်ရှိတဲ့ နေရာကို သွားပြီး အားသွင်းစရာ မလိုတော့တဲ့အတွက် အရမ်းကို အဆင်ပြေပါတယ်။

ကယ်လီဖိုးနီးယား အခြေစိုက် Stratolaunch ဟာ ကမ္ဘာ့အကြီးဆုံး လေယာဉ် Roc ကို ၇ ကြိမ်မြောက် စမ်းသပ်ပျံသန်းနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ Mojave Desert ပေါ်မှာ ၃ နာရီနဲ့ ၁ မိနစ်ကြာ ပျံသန်းခဲ့ပြီး အမြင့်ပေ ၂၇,၀၀၀ (၈,၂၀၀ မီတာ) အထိ စံချိန်တင် ပျံသန်းနိုင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ယခုနှစ် ဩဂုတ်လကနေ စက်တင်ဘာလအတွင်း 5G ကွန်ရက်ဖြန့်ကြက်သွားမှာဖြစ်ကြောင်း အိန္ဒိယ ဆက်သွယ်ရေးဝန်ကြီး Ashwini Vaishnaw က ပြောပါတယ်။ အင်တာနက် ဒေတာဈေးနှုန်းတွေဟာလည်း အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့ပျမ်းမျှဈေးနှုန်းထက် သိသိသာသာ သက်သာနေပြီး 5G ကွန်ရက်ချိတ်ဆက်ပြီးရင်တော့ စံသတ်မှတ်ထားတဲ့ နှုန်းထားတွေကို ပြင်ဆင်သွားမယ်လို့ သူကဆိုပါတယ်။

အမေရိကန်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ မိုက်ခရိုဆော့ဖ်ဟာ Internet Explorer ရဲ့ သုံးစွဲသူဗားရှင်းတွေကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
မိုက်ခရိုဆော့ဖ်ဟာ Internet Explorer 11 ကို သူ့ရဲ့နောက်ဆုံးဗားရှင်းအဖြစ် ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပါတယ်။ Internet Explorer ဟာ ၁၉၉၅ ခုနှစ်မှာ Windows desktop ကွန်ပျူတာတွေပေါ်မှာ ပွဲဦးထွက်ခဲ့ပြီး ဈေးကွက်ရဲ့ ၉၅ ရာခိုင်နှုန်း ရယူလွှမ်းမိုးနိုင်ခဲ့ပါတယ်။

ရုရှားဟာ ဧပြီလ နှောင်းပိုင်းမှာ ယူကရိန်းရဲ့ Kherson မြို့ကို စစ်ရေးအရ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အဲဒီမြို့ခံလူများစွာက မေလ ၃၀ ရက်နေ့မှာ အင်တာနက် ပြဿနာ ဖြစ်ခဲ့တယ်လို့ ပြောကြပါတယ်။ ၁ နာရီကြာလောက် သူတို့ဟာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ မရခဲ့ကြပါဘူး။ တစ်နည်းပြောရရင် ရုရှားဟာ သူတို့ကို အင်တာနက် ဖြတ်တောက်ကာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်ခဲ့တာပါ။

Amazon က ကယ်လီဖိုးနီးယား မြို့ ၁ ခုမှာ ဒရုန်းတွေနဲ့ ကုန်ပစ္စည်း စတင် ပို့ဆောင်ပေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။ မြောက်ကယ်လီဖိုးနီးယားက Lockeford မြို့ခံတွေဟာ Amazon ရဲ့ “Prime Air” ဒရုန်းတွေနဲ့ ကုန်ပစ္စည်း ပို့ပေးတဲ့ ဝန်ဆောင်မှုကို အခမဲ့ အသုံးပြုနိုင်ဖို့ စာရင်းပေးသွင်းနိုင်မှာပါ။

ဇွန်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့မှစ၍ မိုက်ခရိုဆော့ဖ် သည် တစ်ချိန်က လူသုံးများခဲ့သော ဝက်ဘ်ဘရောက်ဇာ တစ်ခုဖြစ်သည့် IE (Internet Explorer) အက်ပလီကေးရှင်းအား နည်းပညာပံ့ပိုးမှုများ ဆက်လက်ပြုလုပ်တော့မည် မဟုတ်ကြောင်း ကြေငြာခဲ့သည်။
သိုရာတွင် IE အား နည်းပညာပံ့ပိုးမှုများ ရပ်ဆိုင်းလိုက်ခြင်းသည် အံ့ဩစရာ မဟုတ်ခဲ့ချေ။

Lightyear က နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကား Lightyear 0 ကို ပြသလိုက်ပါတယ်။ အဲဒီကားရဲ့ ခေါင်မိုးမှာ ၅ စတုရန်းမီတာ Solar Array တွေ တပ်ဆင်ထားပြီး အားသွင်းစရာ မလိုဘဲ လနဲ့ချီ မောင်းနှင်နိုင်ပါတယ်။