
၂၀၂၁ ခုနှစ် မေလမှာ Xiaomi ဟာ 200W Wired နဲ့ 120W Wireless HyperCharge နည်းပညာကို ကြေညာခဲ့ပါတယ်။ 120W Wireless နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းအသစ်တွေ မထွက်လာပေမယ့် Xiaomi ဟာ 200W HyperCharge နည်းပညာ ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို မကြာခင် ကြေညာတော့မယ်လို့ ထင်ရပါတယ်။ Xiaomi ဟာ တရုတ်က 3C မှာ 200W Charger အတွက် ခွင့်ပြုချက်ကို ရသွားပါပြီ။









