
ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ အီလက်ထရောနစ် နည်းပညာတွေကို ထုတ်သုံးနေကြပြီး ရုရှားဟာ အီလက်ထရောနစ် စစ်ပွဲမှာ ယူကရိန်းကို အသာရနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အခုဆိုရင် စစ်ပွဲ ဖြစ်နေတာ ၆ လကြာပြီ ဖြစ်ပြီး ရုရှားရဲ့ အီလက်ထရောနစ် စစ်ပွဲ (EW) စနစ်တွေဟာ အဓိက အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။EW မှာ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲ စနစ်တွေ ပေါင်းစပ်ထားပြီး ရန်သူ့ ဆက်သွယ်ရေးကို ခြေရာခံတာ၊ ကြားဖြတ်ဖမ်းယူတာနဲ့ Jam လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဇွန်လမှာ Associated Press က အဲဒီ စနစ်တွေကို ယူကရိန်း အရှေ့ပိုင်းမှာ ပိုမို သုံးလာကြတယ်လို့ ပြောပါတယ်။









