
တရုတ် လျှစ်စစ်ကား ကုမ္ပဏီ Xpeng က တည်ဆောက်ထားတဲ့ ကားပျံကို ဒူဘိုင်းမှာ ပထမဆုံး အကြိမ် စမ်းသပ် ပျံသန်းခဲ့ပါတယ်။ ကုမ္ပဏီဟာ နိုင်ငံတကာ ဈေးကွက်မှာ အဲဒီ လျှပ်စစ်ကားပျံကို ရောင်းချဖို့ ကြိုးစားနေပါတယ်။

တရုတ် လျှစ်စစ်ကား ကုမ္ပဏီ Xpeng က တည်ဆောက်ထားတဲ့ ကားပျံကို ဒူဘိုင်းမှာ ပထမဆုံး အကြိမ် စမ်းသပ် ပျံသန်းခဲ့ပါတယ်။ ကုမ္ပဏီဟာ နိုင်ငံတကာ ဈေးကွက်မှာ အဲဒီ လျှပ်စစ်ကားပျံကို ရောင်းချဖို့ ကြိုးစားနေပါတယ်။

Caviar က iPhone 14 Pro မော်ဒယ်တွေရဲ့ Grand Complications Series ကို ကြေညာလိုက်ပါတယ်။ Cosmograph Daytona Rolex နာရီကို iPhone 14 Pro Max ရဲ့ အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ Limited Edition iPhone 14 Pro Max ဖြစ်ပြီး တန်ဖိုးကြီး ဖုန်း ဈေးကွက်နဲ့ ပရော်ဖက်ရှင်နယ် ပြိုင်ကား မောင်းသူတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားပါတယ်။

အိန်ဂျလီနာ ဆုဘိုအီဆိုတဲ့ ၁၁ တန်းကျောင်းသူလေးဟာ သူတက်တဲ့ပညာနဲ့ လူထုအကျိုးပြုတဲ့ အက်ပလီး ကေးရှင်းတွေ တီထွင်ပေးနေတာပါ။ သူက လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဖြစ်ပြီး ပရိုဂရမ်မင်းဘာသာစကား ၁၃ မျိုးကျွမ်းကျင်ပါတယ်။ အိန်ဂျလီနာက ပညာသင်ယူနိုင်ဖို့အတွက် ဆရာတွေနဲ့ ကျောင်းသား/သူတွေကို ချိတ်ဆက်ပေးတဲ့ အက်ပလီးကေးရှင်းတစ်ခုကို တီထွင်ခဲ့သလို သွေးဖိအားနဲ့အသက်ရှုနှုန်းကို ထိန်းညှိဖို့အတွက် တုန်ခါမှုကို အသုံးပြုပြီး CPR ကတဆင့် အသုံးပြုသူတွေကို လမ်းညွှန်ပေးတဲ့ Apple Watch အတွက် အက်ပလီးကေးရှင်းတစ်ခုလည်း ဖန်တီးထားပါတယ်။

ကမ္ဘာတစ်ဝန်းက Facebook လူမှုကွန်ရက်စာ မျက်နှာအချို့တွင် ယခင်ကရှိခဲ့သည့် Follower အရေအတွက်ထက် သိသိသာသာလျော့ကျသွားသည့် အခြေအနေများ အောက်တိုဘာ ၁၂ ရက်(ယနေ့) နံနက်အစောပိုင်းမှစတ င်၍ ကြုံတွေ့နေရကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ Facebook ကုမ္ပဏီဘက်မှ တစ်စုံတရာ အသိပေး ပြောကြားထားခြင်း မရှိသေးဘဲ မြန်မာပြည်က အနုပညာရှင်များက Facebook လူမှုကွန် ရက်တွင် ၎င်းတို့၏ ထင်မြင် ယူဆချက်များကို ရေးသားနေကြသည်။

Airbus ကုမ္ပဏီဟာ အသံထက်သုံးဆမြန်တဲ့ Darko လို့အမည်ပေးထားတဲ့ နည်းပညာမြင့် လေယာဉ်ကို ဖန်တီးနေတာနဲ့ပတ်သက်ပြီး ထုတ်ဖော်ကြေညာလိုက်ပါပြီ။ ဒါဟာအနာဂတ်လေကြောင်းပို့ဆောင်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းသစ်ဖြစ်ပါတယ်။
အသံထက် သုံးဆမြန်ဆန်စွာ ပျံသန်းနိုင်တဲ့ အဲဒီလေယာဉ်ဟာ မြောက်အမေရိကနဲ့ ဥရောပအကြားကို နှစ်နာရီအတွင်းနဲ့ မြောက်ဝင်ရိုးစွန်းကနေ အာရှဘက်ကိုလည်း ဒီထက်မြန်မြန်ရောက်ရှိအောင် ပျံသန်းနိုင်တယ်လို့ Airbus ကဆိုပါတယ်။ လေယာဉ်ဟာ ပုံမှန်အတိုင်းပျံသန်းနေချိန်မှာ Turbofan အင်ဂျင်ကိုအသုံးပြုမှာဖြစ်ပြီး ပင်လယ်သမုဒ္ဒရာတွေအပေါ်ရောက်ရင်တော့ အမြင့်ပေ ၉၅၀၀၀ ကနေ အသံထက်သုံးဆမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်မှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရှိ တယ်လီကွန်းကုမ္ပဏီများသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ထရီလီယံ တန်ကြေးရှိသော ဒစ်ဂျစ်တယ်စီးပွားလုပ်ငန်းအဖြစ် ရပ်တည်ရန် ရည်မှန်းထားသောကြောင့် ယခုလအတွင်း မြို့အများအပြားတွင် 5G ဝန်ဆောင်မှုများ စတင် ပေးဆောင်နေပြီဖြစ်သည်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဖုန်းတွေမှာ Identification နည်းလမ်းများစွာကို ဖန်တီးခဲ့ကြပြီး အဲဒါတွေထဲမှာ Password , Fingerprint , Face Recognition နဲ့ Pattern တွေ ပါဝင်ပါတယ်။ ဒါပေမယ့် ပညာရှင်တွေက ပိုမို စိတ်ချရတဲ့ Identification နည်းလမ်း အသစ်တွေကို ရှာဖွေနေကြပါတယ်။

အမေရိကန် Federal Aviation Administration (FAA) က Terrafugia ရဲ့ Transition ကားပျံကို Special Light-Sport Aircraft Airworthiness Certificate ပေးလိုက်ပါတယ်။ မက်ဆာချူးဆက် အခြေစိုက် Terrafugia က ဝေဟင်မှာရော မြေပြင်မှာပါ မောင်းနှင်နိုင်ဖို့အတွက် သက်သေခံ လက်မှတ်ရသွားတာလို့ ပြောပါတယ်။

တရုတ် Metaverse ကုမ္ပဏီ ၁ ခုက လူတူ စက်ရုပ်ကို CEO ရာထူး ခန့်ထားပါတယ်။ စက်ရုပ် နာမည်က Ms Tang Yu ဖြစ်ပြီး AI ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပါတယ်။ စက်ရုပ်ကို CEO ရာထူး ခန့်ထားတာ ဒါဟာ ကမ္ဘာ့ ပထမဆုံး ဖြစ်ပါတယ်။

အက်ပဲလ်က သူတို့ရဲ့ နောက်ဆုံးထုတ် အိုင်ဖုန်း၁၄ ကို တရုတ်မှာ မထုတ်တော့ဘဲ အိန္ဒိယမှာ စပြီးထုတ်လုပ်နေပြီလို့ ပြောပါတယ်။
အက်ပဲလ်က သူတို့ရဲ့ ဖုန်းအများစုကို တရုတ်မှာ ထုတ်လုပ်နေခဲ့ပေမဲ့ အခု တရုတ်နဲ့ အမေရိကန်ကြား နိုင်ငံရေးတင်းမာမှုတွေ တိုးလာချိန်မှာတော့ ထုတ်လုပ်ရေးလုပ်ငန်းတချို့ကို တရုတ်ပြည်ပြင်ပကို ရွှေ့ပြောင်းပြီး လုပ်လာတာပါ။ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာ့ ကပ်ရောဂါကြီးဖြစ်လာပြီး တရုတ်ကလည်း သူ့ပြည်တွင်းမှာ ကိုဗစ်လုံးဝကင်းစင်ရေး မူချပြီး လော့ခ်ဒေါင်းချပိတ်ဆို့ ကန့်သတ်မှုတွေအများကြီး လုပ်ခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းရပ်တန့်ပြီး ထိခိုက်ဆုံးရှုံးမှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။