
ဒီချုပ်အစိုးရကိုရော ပြည်ခိုင်ဖြိုးကိုပါ ထောက်ပြဝေဖန်မည်ဟု ဘုလက်ဂျာနယ် The Bullet News Journal ထုတ်ဝေ သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးလှဆွေက ပြောကြားသည်။ ဘုလက်လှဆွေဟု နာမည် ကြီးသော ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ် သူကဂျာနယ်သည် ပါတီနှင့်မသက်ဆိုင်ကြောင်း ပြောကြားသည်။ ဂျာနယ်မှာ၎င်း၏ စီးပွားရေး သာဖြစ်ပြီး ပါတီကိုလည်း ဝေဖန် မည်ဖြစ်ကြောင်း ပြောသည်။








