
ညီညွတ်သောတိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် မိတ်ဖက်နိုင်ငံရေးအဖွဲ့ အစည်းများ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံသို့တင်ပြမည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မူကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံစတင်ချိန်တွင် ညီလာခံသို့ တင်ပြမည့်အချက်များကို အဓိကထားဆွေးနွေးခဲ့ခြင်း ဖြစ်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် မည့် ပုံစံများ၊ အမြင်များ ဆွေးနွေးဖလှယ်ခဲ့ခြင်းဖြစ်သည်ဟု UNA အတွင်း ရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။







