၂၁ ရာစု ပင်လုံညီလာခံ ဖိတ်ကြားမှု အစီအစဉ်ကို ကယားနိုင်ငံရေးပါတီ (၃) ခု စုပေါင်းကန့်ကွက်

၂၁ ရာစု ပင်လုံညီလာခံကို နိုင်ငံရေးပါတီများ တက်ရောက်ရန် ဖိတ်ကြားရာတွင် တန်းတူအခွင့်အရေး မရှိခြင်းကြောင့် ကယားပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ (၃) ခု စုပေါင်း၍ သြဂုတ်လ (၂၀) ရက်နေ့က ကန့်ကွက်စာ ထုတ်ပြန် လိုက်သည်။

Kayah

(more…)


အစိုးရနှင့် UNFC အပစ်အခတ်ရပ်စဲရေး တစ်နိုင်ငံလုံး တစ်ပြိုင်နက် ကြေညာရပ်စဲရန် အပါအဝင် အဓိကအချက်သုံးချက်ကို ဆွေးနွေး

တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးကို တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်ပြိုင်တည်း ကြေညာရန် အပါအဝင်  အဓိကအချက်သုံးချက်ကို ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ (more…)


တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး သြဂုတ် ၂၄ ရက်တွင် ကျင်းပမည်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို သြဂုတ် (၂၄) ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


မြစ်ဆုံဆည် တည်ဆောက်ရန် သင့်၊ မသင့်ကို ပြည်သူလူထု၏ ဆန္ဒကောက်ခံဆောင်ရွက်သင့်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြော

မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်သင့်၊ မသင့်ကို ပြည်သူလူထု၏ ဆန္ဒကောက်ခံဆောင်ရွက်သင့်ကြောင်း KIA  ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြား လိုက်သည်။ (more…)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ (သြဂုတ် ၂၁ ရက်) နံနက် (၈) နာရီ (၃၀) မိနစ်နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမကြီးတွင် ကျင်းပသည်။

???????????????????????????????????? _DSC1825

(more…)


ဒုတိယအကြိမ်ပါတီညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒဂုံမြောက် ပြည်ခိုင်ဖြိုး စေတီတော်အထူးသန့်ရှင်းရေး ဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့  သြဂုတ်လ (၂၁) ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်) တွင် အထူးသန့်ရှင်းရေးလုပ်အားပေးပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

14064227_861450723988341_4946975730191947710_n

(more…)


အမျိုးဘာသာသာသနာအကျိုးပြုလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်နှင့် ကော်မတီဝင် ဒေါ်အိအိဝင်း၊ ဦးရှိန်းထက်ခေါင် တို့သည် ယခုလ ၁၈ ရက် ညနေပိုင်းက မိမိပါတီမှဖွဲ့စည်းထားသော ‘မင်္ဂလာမြန်မာ’ အဖွဲ့နှင့်အတူ ဇလွန်မြို့နယ် ကော့ကပ်ကလေး ဘုန်းတော်ကြီးကျောင်းတွင်ဖွင့်လှစ် သင်ကြားလျက် ရှိသည့် ဓမ္မစကူးလ် သင်တန်းသို့သွားရောက်ပြီး မုန့်အာဟာရ ကျွေးမွေးလှူဒါန်းကြသည်။

New Picture

(more…)


14051562_1766763483611460_6827968703401525681_n 13938428_1766763560278119_7658562453647523681_n

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ၂၀၁၆ ဩဂုတ်လ (၁၇)ရက်နေ့ ည (၁) နာရီခန့်က လေဆင်နှာမောင်း တိုက်ခတ်၍ ခ၀ဲကျေးရွာရှိ အိမ်ခြေ(၁၃)လုံးနှင့် စာသင်ကျောင်း သွပ်အမိုးများလန်ခဲ့ကြောင်း သိရှိရသဖြင့် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဩဂုတ်(၁၉)ရက်နေ့တွင် ခရွဲကျေးရွာ ဘုန်တော်ကြီးကျောင်းထိုင် ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ပျက်စီးဆုံးရှုံးသွားသော အိမ်(၁၃)လုံး၏ မိသားစုဝင်များအား ဆန်များ၊ စားသုံးဆီများနှင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

တပ်မတော်ဆေးကုသရေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း မိုင်းဖြတ်ပြည်ခိုင်ဖြိုးပါတီ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးနယ်မြေအတွင်းရှိ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာသို့ သြဂုတ် (၁၈) ရက်နေ့က အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်ဦးဆောင်သော တပ်မတော်ဆေးကုသရေးအဖွဲ့နှင့်အတူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားကို၊ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးညွန့်ဝင်း၊ မြို့နယ်ပါတီကော်မတီဝင် ဒေါ်နန်းရွှေဥနှင့် ခရိုင်အငယ်တန်းစာရေး ဒေါ်ရာခလေတို့သည် မိမိတို့ပါတီဝင် ကျေးရွာ၏ ကျန်းမာရေး စောင့်ရှောက်ပေးရန် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆိုက်ခေါင်ကျေးရွာမှ ကျား (၂၄) ဦး၊ မ (၃၅) ဦး၊ ကလေး (၃၆) ဦး၊ စုစုပေါင်း (၉၅) ဦးအား ဆေးကုသမှုပြုလုပ်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို မှ ကျေးရွာ အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကျောင်းကုန်းပြည်ခိုင်ဖြိုး ဒေသခံရေဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ကွင်းကြီးကျေးရွာအုပ်စုရှိ သပြေပင်၊ ငှက်ရိုးကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်များ ဝေငှရန် မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်ဝင်းစိန်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျင်ရွှေ၊ ဦးမျိုးသီဟနှင့် နယ်မြေခံ စည်းရုံးရေးမှူး ဦးမြင့်လွင်တို့မှ ယနေ့ (သြဂုတ်လ ၁၉ ရက်) ကုန်တစ်တန်ရေတစ်တန် ခြေလျင်ခရီးကြမ်းဖြင့် ခရီးနှင်၍ သွားရောက်လှူဒါန်းပေးခဲ့ကြရာ ၎င်းကျေးရွာ လေးများမှာ အလှုရှင်အရောက်အပေါက်နည်းပြီး ယခုအကြိမ်သည် ၎င်းကျေးရွာများအတွက် ပထမဆုံး လာရောက်လှူဒါန်းသော အလှူရှင် များဖြစ်၍ အဆိုပါကျေးရွာမှ ရွာသူရွာသားများက ဝမ်းသာအားရ ပြောကြား ကြသည်။