ရခိုင်လူမှုရေးအသင်းဖွဲ့ ၅၀ကျော် စုပေါင်းပြီး ရခိုင်ကော်မရှင်တွင် နိုင်ငံခြားသားပါဝင်မှုကို ကန့်ကွက်

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ရခိုင်လူမှုရေးအသင်းအဖွဲ့များ၏ သဘောထား ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ ကြောင်း သိရသည်။

Rakhin-Statement

(more…)


မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ရာဇသင်္ဂဟဖောင်ဒေးရှင်း(ကိုယ်စား) အသက် ၁ဝဝ ကျော်အဘိုးအဘွားများအား ထောက်ပံ့

ရန်ကုန်တိုင်းဒေသကြီး(မြောက် ပိုင်း)ခရိုင်အတွင်းရှိ မြို့နယ်များမှ အသက်ရာကျော်အဘိုးအဘွားများ အား နိုင်ငံတော်သမ္မတဟောင်း အဂ္ဂ မဟာသရေစည်သူ အဂ္ဂမဟာသီရိ သုဓမ္မ ဦးသိန်းစိန်(ပြည်ခိုင်ဖြိုးပါတီ နာယက)တည်ထောင်ထားသော ရာဇသင်္ဂဟဖောင်ဒေးရှင်းကထောက် ပံ့ငွေနှင့် ဆေးဝါးအသုံးအဆောင် ပစ္စည်းများကိုနှစ်စဉ်လှူဒါန်းလျက် ရှိရာ ယမန်နေ့နံနက် ၉နာရီတွင် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် အောင်ဇေယျ (၁)လမ်းရှိ အသက် (၁ဝ၇)နှစ်အရွယ် အဘွား ဒေါ်ကု လားမ(ခေါ်)ဒေါ်လှရင်၏ နေအိမ် သို့ သွားရောက်လှူဒါန်းခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် ပတ်သက်၍ဆွေးနွေးမည့် ရခိုင်လွှတ်တော်အထူးအစည်းအဝေး စက်တင်ဘာ ၁၂ ရက်စတင်မည်

နိုင်ငံခြားသားများပါဝင်ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရန် ခေါ်ယူထားသည့် ရခိုင်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေးသည် ယခုလ ၁၂ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ (more…)


နယ်နိမိတ်မသတ်မှတ်ရသေးသည့်နယ်မြေကို ကမ္ဘာ့အမွေအနှစ်ဝင်ရန် ထိုင်းအစိုးရကြိုးပမ်းမှုအပေါ် ကန့်ကွက်သည့် မြန်မာနိုင်ငံ၏အဆို ယူနက်စကိုထောက်ခံ

နယ်နိမိတ်အဖြစ်မသတ်မှတ်ရသေးသော သစ်တောထူထပ်သည့်ဒေသကို ထိုင်းနိုင်ငံအစိုးရက ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းခဲ့သည့်အပေါ် ကန့်ကွက်ခဲ့သော မြန်မာနိုင်ငံ၏အဆိုကို ယူနက်စကိုကော်မတီအဖွဲ့ဝင်များက ထောက်ခံခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ (more…)


ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုး ဒုတိယအကြိမ်ပါတီညီလာခံ အောင်မြင်ခြင်း အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ယမန်နေ့တွင် ဘုရားဖြူ ရွှေပေါ်ကျွန်း လမ်းဘေးဝဲယာတွင် ဒုတိယအကြိမ် ပါတီ ညီလာခံအောင် ပွဲ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းဦးနှင့် ခရိုင်ပါတီကော်မတီဝင် ဦးမြဌေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူး၊ အမှုဆောင်နှင့် လူငယ်များ အင်အား ၁၅ဝ နှင့် သစ်ပင်စိုက်ပွဲတော်ကို ကျင်းပခဲ့သည်။

အမေရိကန်-မြန်မာ အိုင်စီတီကောင်စီနှင့် ပြည်တွင်းပြည်ပကုမ္ပဏီများပါဝင်မည့် ဖိုရမ်တစ်ခု ကျင်းပမည်

အမေရိကန်-မြန်မာ အိုင်စီတီကောင်စီအပါအဝင် ပြည်တွင်း၊ ပြည်ပအိုင်စီတီကုမ္ပဏီများစုပေါင်း၍ E-Government ပြပွဲနှင့် ဆွေးနွေးပွဲများပါဝင်သည့် ဖိုရမ်တစ်ခုကို လာမည့်အောက်တိုဘာ ပထမပတ်အတွင်း၌ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ  သတင်းရရှိသည်။ (more…)


ဒုတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီညီလာခံ အောင်မြင်ခြင်း အထိမ်းအမှတ် ကျောက်ပန်းတောင်း ပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်းသစ်ပင်စိုက်ပျိုး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ် ဗဟိုပါတီညီလာခံ (၂ဝ၁၆) အောင်မြင်စွာ ကျင်းပပြီးစီးခြင်း အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စက်တင်ဘာလ (၃) ရက် နံနက် ၇ နာရီခွဲက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ စုပေါင်း၍ ကျောက်ပန်းတောင်းမြို့ အရှေ့မြို့ပတ်လမ်းတွင် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဒုတိယအကြိမ် ပါတီညီလာခံအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အရိပ်ရပင်များ စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကြည်ဖေ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးနိုင်ဝင်းတို့ ဦးဆောင်မှုဖြင့် မြို့နယ်အမှုဆောင် များ၊ ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူးများ စုစုပေါင်း (၇ဝ) သည် ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယအကြိမ် ပါတီညီလာခံ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ (၃) ရက် နေ့ နံနက် (၉) နာရီ(၄၅)မိနစ်မှ (၁ဝ) နာရီ (၄၅) မိနစ်အထိ နွားထိုးကြီးမြို့ အမှတ် (၅)ရပ်ကွက် မိုးကုတ်ကျောင်းတိုက် ဘိုးဘွားရိပ်သာ၌ ကျွန်းပင် ၆ဝ၊ ကုက္ကိုပင် ၂၅ပင်၊ ယင်းမာပင် ၂၅ပ င် စုစုပေါင်းအရိပ်ရသစ်ပင် ၁၁ဝတို့ကို ပျော်ပျော်ပါးပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၂၆)ကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှကြီးမှူး၍(၂၆)ကြိမ်မြောက် သွေးလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ (၃) ရက် နံနက် (၉) နာရီက ရန်ကုန်အမျိုးသား သွေးလှူဘဏ်၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် ပါတီဝင် ၂ဝဝ ကျော်တက်ရောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ခေါင်းဆောင်သော အဖွဲ့ဝင် (၂၁) ဦးပါ မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နေပြည်တော်မှ တရုတ်လေကြောင်းလိုင်းဖြင့် သြဂုတ် (၃ဝ) ရက် မွန်းလွဲ ၃ နာရီတွင် ထွက်ခွာခဲ့ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွေ့ရန်အပြည် ပြည်ဆိုင်ရာ လေဆိပ် သို့ ဒေသစံတော်ချိန် ည ၁ဝ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။