
စနစ်တကျ ခေါင်းလျှော်မယ်ဆိုရင် ကျွန်မတို့ရဲ့ဆံသားတွေကို သိသိသာသာ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် ဆံသားလေး သိသိသာသာပြောင်းလဲသွားဖို့ဆိုရင် ခေါင်းလျှော်နေစဉ်အတွင်း လိုက်နာသင့်တဲ့ စည်းမျဉ်းငါးချက်ကတော့
(၁) ခေါင်းလျှော်ရည်ကို မှန်မှန်ကန်ကန်ရွေးချယ်ပါ
ဆံသားပေါ်မူတည်ပြီး ခေါင်းလျှော်ရည်ကို ရွေးချယ်ဝယ်ယူပါ။ ဘယ်လိုခေါင်းလျှော်ရည် အမျိုးအစားကို ဝယ်ရမလဲ မသိရင် ဆံသားကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ကြည့်လို့ရပါတယ်။ ပျော့ဆေးတစ်ခါတည်းပါတဲ့ ခေါင်းလျှော်ရည်ကို ဝယ်မယ့်အစား ဆံသားကောင်းစေဖို့အတွက် ခေါင်းလျှော်ရည်သပ်သပ်၊ ပျော့ဆေးသပ်သပ် ဝယ်ယူပါ။








