“My Girl” ဇာတ်လမ်းတွဲနဲ့ ချိုဝမ်အဖြစ် မြန်မာပရိသတ်တွေ သိထားကြတဲ့ မင်းသမီးလီဒါဟေးဟာ ၈ နှစ်တာ တွဲလာခဲ့တဲ့ သူ့ချစ်သူကောင်လေး အဆိုတော် ဆဲဗင်းနဲ့ လက်ထပ်တော့မှာပါ။ မတ်လ ၂၀ ရက်နေ့မှာ သူတို့စုံတွဲ လက်ထပ်တော့မယ့်သတင်းကို သူတို့ရဲ့အင်စတာဂရမ်အကောင့်တွေကတဆင့် ပရိသတ်တွေကို အသိပေးလိုက် တာပါ။ အဆိုတော် ဆဲဗင်းက အခုလို စာရေးသားပြီး အသိပေးခဲ့တာပါ။
iTunes မှာ လူနားဆင်မှု အများဆုံးဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်ရဲ့ “Justice For All” သီချင်း
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် သီဆိုထားတဲ့ “Justice For All” ဆိုတဲ့ သီချင်းဟာ သီချင်းနားထောင်တဲ့ iTunes အက်ပလီကေးရှင်းမှာ နားဆင်မှု အများဆုံး သီချင်း ဖြစ်လာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ် စနေ၊ တနင်္ဂနွေနေ့အတွင်း နာမည်ကျော် ပေါ့အဆိုတော် မိုင်လီဆိုင်းရပ်စ်ရဲ့ခေတ်ထနေတဲ့ “Flowers” ဆိုတဲ့ သီချင်းကို ကျော်ပြီး နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့တာပါ။
ဘိုင်ရာဗာမင်းသားပါဝင်ထားတဲ့ ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်း အော်စကာဆု ရရှိ
ဘိုင်ရာဗာမင်းသား ရာမ်ချာရန် ပါဝင်သရုပ်ဆောင်ထားတဲ့ RRR ဇာတ်ကားရဲ့ Naatu Naatu ဇာတ်ဝင်သီချင်းဟာ အကောင်းဆုံးမူရင်းသီချင်းဆုအမျိုးအစားနဲ့ အော်စကာဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒါရိုက်တာ အက်စ်အက်စ်ရာဂျာမိုလီရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားရဲ့ Naatu Naatu သီချင်းက နိုင်ငံတကာဆုပေးပွဲကြီးဖြစ်တဲ့ အော်စကာဆုပေးပွဲမှာ အခုလိုဆုကြီးကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအိန္ဒိယရုပ်ရှင်သီချင်းဖြစ်လာခဲ့ပါတယ်။
သရုပ်ဆောင်အလုပ်ကနေ နှစ် ၂၀ ကြာ အနားယူခဲ့ပြီးတစ်ကျော့ပြန်ဝင်ရောက်ခဲ့ရာမှ အော်စကာဆုရှင်ဖြစ်လာခဲ့သူ
“အမေ…ကျွန်တော် အော်စကာဆုရသွားပြီ”လို့ ဝမ်းသာပီတီမျက်ရည်တွေကျပြီး ပြောခဲ့တဲ့သူက ဗီယက်နမ်ဖွား မင်းသားကီဟွေးကွမ်ပါပဲ။ သူဟာ ၉၅ ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရသွားခဲ့တာပါ။
သူ အော်စကာဆု မရခင်က လှေနဲ့ ဗီယက်နမ်ကနေ ထွက်ပြေးတယ်။ ဒုက္ခသည်စခန်းတစ်ခုမှာ ၁ နှစ်နေခဲ့ရတယ်။ အဲ့ဒီနောက် အနုပညာလောကထဲ ရောက်တော့လည်း သူ့ကို ငှားမယ့်သူမရှိလို့ အနုပညာအလုပ်ကနေ အနှစ် ၂၀ ကြာ နှုတ်ထွက်ခဲ့ရတယ်။ ဒါပေမဲ့ ကီဟွေးကွမ်က သူ့ရဲ့အိပ်မက်တွေကို ဘယ်တော့မှလက်မလျှော့ခဲ့ဘဲ တစ်ကျော့ပြန် လာခဲ့တာကြောင့် အခုလို အော်စကာဆုကို ဆွတ်ခူးသွားခဲ့တာပါ။
စရောင်းတဲ့နေ့မှာတင် ရောင်းအားကောင်းခဲ့တဲ့ realme 10
realme Myanmar မှ နောက်ဆုံးမိတ်ဆက် ရောင်းချခဲ့တဲ့ realme 10 ဟာ စရောင်းတဲ့နေ့မှာတင် ရောင်းအားတဟုန်ထိုး မြှင့်တက်ခဲ့ပါတယ်။ realme 10 ကို ၆၉၉၉၀၀ ကျပ်ဖြင့် မတ်လ ၃ ရက်နေ့မှ စပြီး မြန်မာတစ်နိုင်ငံလုံးရှိ realme အရောင်းကောင်တာတွေမှာ ရောင်းချပေးခဲ့တာပါ။
အော်စကာဆု ဆွတ်ခူးသွားတဲ့ မီချဲလ်ယို
မြန်မာပရိသတ်တွေကြား ထင်ရှားတဲ့ မလေးရှားနိုင်ငံဖွား မင်းသမီး မီချဲလ်ယိုကတော့ ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး မင်းသမီးဆု ဆွတ်ခူးသွားခဲ့ပါတယ်။ မီချဲလ်ယိုဟာ သိပ္ပံစိတ်ကူးယဉ် ဟာသဒရာမာဇာတ်ကား Everything Everywhere All at Once မှာ အဓိကဇာတ်ကောင် အီဗလင်းဝမ်အဖြစ် သရုပ်ဆောင်ခဲ့လို့ ဒီဆု ရခဲ့တာပါ။
မိုက်ကယ်ဂျက်ဆင်အတ္ထုပ္ပတ္တိ ရုပ်ရှင် “Michael”ကို ဒေါ်လာ သန်း ၁၂၀ အကုန်ကျခံရိုက်ကူးမည်
ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူးမယ့် “Michael” ရုပ်ရှင်ကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ အကုန်အကျခံရိုက်ကူးဖို့ ရှိနေတယ်လို့ လော့စ်အိန်ဂျယ်လိစ် တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ Lionsgate ကုမ္ပဏီကထုတ်လုပ်မယ့် “Michael” ရုပ်ရှင်ကို ဒါရိုက်တာ အန်တိုနီဖူကွာက တာဝန်ယူ ရိုက်ကူးမှာဖြစ်ပြီး မိုက်ကယ်ဂျက်ဆင်ရဲ့တူဖြစ်သူ ဂျက်ဖာဂျက်ဆင်က အဓိက ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဟောင်ကောင်ဆန္ဒပြပွဲမှတ်ချက်များကြောင့် သရုပ်ဆောင်ဒွန်နီယန်ကို အော်စကာဆုပေးပွဲ အစီအစဉ်တင်ဆက်သူ အဖြစ်မှ ဖယ်ရှားပေးရန် အွန်လိုင်းတွင် လူသောင်းနှင့်ချီတောင်းဆို
တရုတ်အစိုးရကိုထောက်ခံမှုကြောင့် လာမည့် ၂၀၂၃ အော်စကာဆုပေးပွဲတွင် အ စီအစဉ်တင်ဆက်သူအဖြစ်မှ ဟောင်ကောင် သရုပ်ဆောင်ဒွန်နီယန်ကို ဖယ်ရှားပေးရန် လူပေါင်းသောင်းနှင့်ချီ အွန်လိုင်းတွင် လက်မှတ်ထိုးတောင်းဆိုထားသည်။
ယင်းသို့တောင်းဆိုမှုကို ဟောင်ကောင်မှလူတစ်စုက စတင်လိုက်ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်က ဟောင်ကောင် ဆန္ဒပြပွဲများနှင့်ပတ်သက်သည့် ယန်၏လတ်တလောပြောဆိုချက်များသည် လွတ်လပ်စွာဖော်ထုတ်ပြောခွင့်ကို ထိပါးနေသည်ဟု ဆိုသည်။ အော်စကာဆုရွေးချယ်ရေးအဖွဲ့ကမူ ယင်းတောင်းဆိုမှုအပေါ် တစ်စုံတစ်ရာ မှတ်ချက်မ ပေးသေးပေ။
ရုပ်ရှင် ရိုက်ရင်း ဒဏ်ရာရခဲ့တဲ့ မင်းသားကြီး အမီတာ ဘချန်း
ဘောလိဝုဒ်နာမည်ကျော်မင်းသားကြီး အမီတာဘချန်း က အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူးရင်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဖြန့်ချိဖို့ ရည်မှန်းထားတဲ့ Project K သိပ္ပံသည်းထိပ်ရင်ဖိုဇာတ်ကားအား ဟိုင်ဒရာဘတ်မြို့မှာ ရိုက်ကူးနေချိန်မှာ နံရိုးမှာ ဒဏ်ရာရခဲ့တယ်လို့ အသက် ၈၀ အရွယ်မင်းသားကြီး က သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။
စတန့်သမားတွေကို ဂုဏ်ပြုတဲ့ Ride On ရုပ်ရှင်ကားအသစ်မှာ ဂျက်ကီချမ်းကို မြင်တွေ့ရမယ်
အက်ရှင်မင်းသားကြီး ဂျက်ကီချမ်းဟာ ရုပ်ရှင်နယ်ပယ်မှာ ဘဝအခက်အခဲနဲ့ အသက်အန္တရာယ်တွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့ရင်ဆိုင်နေရတဲ့ စတန့်သမားတွေကို ဂုဏ်ပြုတဲ့ Ride On လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကားမှာ ပါဝင်ထားပါတယ်။ သူဟာ အဲ့ဒီဇာတ်ကားမှာ မင်းသားဝူဂျင်းနဲ့လည်း အတူပါဝင်ထားပါတယ်။
ဂျက်ကီချမ်းက မအောင်မြင်တဲ့စတန့်သမားတစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ဧပြီလမှာ သူက အသက် ၆၉ နှစ်ပြည့်တော့မှာဖြစ်ပေမဲ့ အန္တရာယ်များတဲ့စတန့်တစ်ခုကို အဲ့ဒီဇာတ်ကားမှာ လုပ်ဆောင်ထားပါတယ်။ ချားရဟတ်အမြင့်ကြီးပေါ်ကနေ ခုန်ဆင်းတဲ့စတန့်လုပ်ခဲ့တာကို ဇာတ်ကားနမူနာမှာ မြင်တွေ့ခဲ့ရပါတယ်။