Author: USDP 2016
“၂၁ ရာစုပင်လုံ” နှင့် “ရခိုင်ပြည်နယ်မှ မွတ်စလင်” တို့နှင့် ပတ်သက်၍ ANP ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးပြုလုပ်မည်
“၂၁ ရာစု ပင်လုံညီလာခံ” နှင့် “ရခိုင်ပြည်နယ်မှ မွတ်စလင်” အသုံးအနှုန်းအပါအဝင် ဒေသအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် ရခိုင် အမျိုးသားပါတီ (ANP) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အစည်းအဝေးကို ဇူလိုင်(၁) ရက်မှစ၍ နှစ်ရက်ကြာ ဗဟိုဌာနချုပ် တည်ရှိသည့် စစ်တွေမြို့တွင် ပြုလုပ်မည်ဟု ANP ပါတီပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။ (more…)
Read more
မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများ အသင်းအား မှတ်ပုံတင်ခြင်းခွင့်မပြုရန်နှင့် အသင်းတည်ရှိမှု ဖျက်သိမ်းပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ရှေ့နေများတိုင်ကြား
ဇွန်လဆန်းအတွင်းကဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းဖွဲ့စည်းမှုနှင့်ပတ်သက်၍ ယင်း အသင်း၏ မှတ်ပုံတင်ခြင်းအားခွင့်မပြုရန်နှင့် အသင်းတည်ရှိနေမှုအား ဖျက်သိမ်းပေးရန် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရှေ့နေများက ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ကြောင်းသိရသည်။ ယင်းတိုင်ကြား စာကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေ့နေများက ပြည်ထဲရေးဝန်ကြီးဌာနသို့ လိပ်မူကာ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read more
ဂေါ်ရခါးသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ
ဂေါ်ရခါးသီးမှာ ပါဝင်တဲ့ ကစီဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ အမိုင်နိုအက်ဆစ်ဓါတ်တို့ဟာ လူသားတို့း၏ကျန်းမာရေးကို ကောင်းစွာ အထောက်အကူ ပေးနိုင်ပါတယ်။
(၁) ဂေါ်ရခါးသီးမှာ အမျှင်ဓါတ်များ ပါဝင်မှုမြင့်မားခြင်းကြောင့် အူနှင့်သက်ဆိုင်သော လမ်းကြောင်းများကို သန်မာစေပြီး ၀မ်းကို မှန်စေပါတယ်။
(၂) ဓါတ်တိုးဆန့်ကျင်ဓါတ်များ ပါဝင်ခြင်းကြောင့် ကင်ဆာရောဂါအပါအ၀င် လူကို အိုမင်းရင့်ရော်စေတတ်သောအရာများကိုလည်း တားဆီးပေးပါတယ်။
အမေရိကမှာ သင်ယူခဲ့တဲ့ သရုပ်ဆောင်ပညာတွေနဲ့ အနုပညာခရီး ဆက်လက်လျှောက်လှမ်းသွားမယ့် ဟန်သီ
ဟန်သီက အမေရိကန်နိုင်ငံမှာ ရှိတဲ့ New York Film Academey ကျောင်းမှာ သရုပ်ဆောင်ပညာကို တစ်နှစ်ကြာသင်ကြားပြီး နောက် ဇွန်လ ၁ဝ ရက်နေ့က မြန်မာနိုင်ငံကို ပြန်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက် ပြီး နောက်ရက်မှာပဲ မဂ္ဂဇင်း၊ ဂျာနယ်တွေ
အတွက် အလှဓာတ်ပုံများလည်း ရိုက်ကူးနေပြီ ဖြစ် ပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အင်္ဂပူမြို့ရှိ ကွန်ကရစ်တံတားဖွင့်ပွဲ တက်ရောက်
ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ဘုရားကိုင်း ကိုင်းမြင်းစိုင်းတောင်ကြောရှိ တိုင်တစို့-နန်ကသူ ချောင်းကူးတံ တားဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၂၁) ရက် နံနက် ၉နာရီတွင် အဆိုပါတံတား ၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဧရာဝတီတိုင်း ဒေသကြီးမဲဆန္ဒနယ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး၊ ဟင်္သာတခရိုင် ပါတီအလုပ အမှုဆောင်များ၊ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ်၊ အင်္ဂပူမြို့နယ် ပါတီအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ပြည်ခိုင်ဖြိုး ပါတီ ရပ်/ကျေးစည်းရုံးရေးမှူးများ တက်ရောက်ကြသည်။

Read more














