မာန်အောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် မြို့နယ်ကော်မတီ ရွေးချယ်ပွဲကို ဇွန်လ (၂၇) ရက်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ဦးသာညွန့်၊ ဦးခင်မောင်ရွှေ၊ ဦးကျော်လှဦး၊ ဦးမောင်မြင့်တို့ ဦးဆောင်၍ မြို့နယ်ပါတီကော်မတီကို ပြန်လည် ရွေးချယ်ခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးမောင်ကြည်၊ မြို့နယ်ပါတီအတွင်းရေးမှူးအဖြစ် ဦးဝင်းဖေ၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးဌေးမြင့် နှင့် မြို့နယ်ပါတီကော်မတီဝင်များကို ရွေးချယ်ခဲ့ကြောင်း သိရသည်
Read more














