ချယ်လ်ဆီး နောက်ခံလူ တယ်ရီ (၁၀)ရက်ခန့် အနားယူရမည်

14355669_1763939467192270_169652002152102077_n

ချယ်လ်ဆီး နောက်ခံလူ တယ်ရီသည် ခြေကျင်းဝတ် ဒဏ်ရာကြောင့် (၁၀)ရက်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။

အသက်(၃၅)နှစ်အရွယ်ရှိ ချယ်လ်ဆီး အသင်းခေါင်းဆောင် တယ်ရီသည် ဆွမ်ဆီးအသင်းနှင့် (၂-၂)ဂိုး သရေကျသည့် ပွဲတွင် ဒဏ်ရာရခဲ့ပြီး အင်္ဂါနေ့က စစ်ဆေးခဲ့ရာ (၁၀)ရက် ခန့် အနားယူရမည်ဟု တွေ့ရှိရခြင်းဖြစ်သည်။

သို့ဖြစ်ရာ တယ်ရီသည် လာမည့် သောကြာနေ့တွင် လီဗာပူးလ် အသင်းနှင့် ကစားရမည့်ပွဲကို လွဲချော်မည်ဖြစ်ပြီး သူ၏ နေရာကို တစ်ကျော့ပြန် ဘရာဇီးလ် နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ် ၀င်ရောက် ကစားဖွယ်ရှိကြောင်း သိရသည်။

Ref: DailyMail


Leave a Reply