ဗာတီကန်မှာ မာသာ ထရီဆာကို သူတော်စင်အဖြစ် ကြေညာ

Mother-Teresa-declared-a-saint-in-the-Vatican

(ဓာတ်ပုံ – အီးပီအေ)

တနင်္ဂနွေနေ့က ဗာတီကန်မှာ ပုပ်ရဟန်းမင်း ဖရန်ဆစ်က မာသာ ထရီဆာကို သူတော်စင်အဖြစ် သောင်းနဲ့ချီတဲ့ လူပရိသတ်ရှေ့မှာ ကြေညာခဲ့ပါတယ်။

အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားကို ရောမမြို့ စိန့်ပီတာ ရင်ပြင်မှာ ကျင်းပခဲ့ပြီး အိမ်ခြေမဲ့ (၁၅၀၀)နဲ့အတူ နိုင်ငံခေါင်းဆောင် (၁၃)ဦးနဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ကြပါတယ်။ စိန့်ပီတာ ရင်ပြင်မှာ တစ်ဝိုက် ရဲဝန်ထမ်း (၃၀၀၀) တို့က ကင်းလှည့်ခဲ့ပါတယ်။

မာသာ ထရီဆာရဲ့ ဖျားနာသူတွေနဲ့ ဆင်းရဲသူတွေ စွန့်ပစ်ခံရခြင်းကို ကာကွယ်စောင့်ရှောင်ပေးတာက ကမ္ဘာ့ခေါင်းဆောင်တွေကို “သူတို့ ကိုယ်တိုင် ဖန်တီးတဲ့ ဆင်းရဲမွဲတေမှုရဲ့ ပြစ်ဒဏ်တွေ”အတွက် အရှက်ရစေခဲ့တယ်လို့ ပုပ်ရဟန်းမင်း ဖရန်ဆစ်က ပြောပါတယ်။

ပုပ်ရဟန်းမင်း ဖရန်ဆစ်က အိမ်ခြေမဲ့ လူ (၁၅၀၀) ကို ပီဇာနဲ့ နေ့လယ်စာ ကျွေးမွေးပေးကမ်းခဲ့ပါတယ်။

မာသာ ထရီဆာဟာ ဘဝ တစ်လျှောက်လုံး အိန္ဒိယနိုင်ငံမှာ ဆင်းရဲသားတွေ၊ သူတောင်းစားတွေ၊ ကိုယ်ရေပြား ရောဂါသည်တွေ၊ မိဘမဲ့ကလေးတွေ သိန်းပေါင်း များစွာကို ပြုစုစောင့်ရှောက်ပေးခဲ့တာကို ဂုဏ်ပြုသောအားဖြင့် သူမကို ၁၉၇၉ ခုနှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ပါတယ်။

မာသာ ထရီဆာဟာ အသက် (၈၇) နှစ်အရွယ် ၁၉၉၇ ခုနှစ်မှာ ကာလကတ္တားမြို့မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

Ref; EFE_EPA, BBC


Leave a Reply