ချဉ်စော်ကားအရိုင်းသီး ရေဖြင့်ဖျော်သောက်ခြင်း၏ အကျိုးကျေးဇူးများ

ချဉ်စော်ကားအရိုင်းသီးသည် တွေ့ရခဲရှားပါးသော်လည်း အာဟာရတန်ဖိုး အလွန်မြင့်မားသော အသီးတစ်မျိုးဖြစ် ပါသည်။ အထူးသဖြင့် လူ့ခန္ဓာကိုယ်အတွင်းရှိ အသည်းနှင့် သရက်ရွက် ကျန်းမာရေးအတွက် အကျိုးရှိစေပါသည်။ မိတ်ဆွေတို့အတွက် ချဉ်စော်ကားအရိုင်းသီးကို ရေဖြင့် ဖျော်သောက်ခြင်းအားဖြင့် ရရှိနိုင်သော ကောင်းကျိုးများကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Chin Saw Khar Thee1

(၁)   အာဟာရဓာတ်ဖြည့်ဆည်းနိုင်ကာ ကိုယ်ခံအားကောင်းမွန်စေခြင်း

       ချဉ်စော်ကားအရိုင်းသီးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များပါရှိပြီး သောက်သုံးလိုက်ပါက ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်သော ခန္ဓာကိုယ်လည်ပတ်မှုအတွက် လိုအပ်သော အာဟာရဓာတ် များကို ဖြည့်ဆည်းပေးနိုင်ပါသည်။ နေ့စဉ်သောက်သုံးပေးနိုင်ပါက ရောဂါပိုးကာကွယ်နိုင်စွမ်းမှာလည်း တဖြည်းဖြည်း မြှင့်တက်လာနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

(၂)   ပိုးသတ်နိုင်စွမ်းရှိခြင်း
ချဉ်စော်ကားအရိုင်းသီးကို ရေဖြင့်ဖျော်သောက်ခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ ထဲတွင် ရောဂါပိုး များကိုသတ်ပေးနိုင်သော အာနိသင်ရှိပြီး လူ့ခန္ဓာကိုယ်အတွင်းရှိ ကပ်ပါးကောင်အမျိုးမျိုးကိုလည်း သတ်ဖြတ် နိုင်စွမ်းရှိကြောင်း သိရပါသည်။

(၃)   သရက်ရွက်ကျန်းမာရေးအတွက် အကျိုးရှိပြီး အစာခြေနိုင်စွမ်းကောင်းစေခြင်း

       နေထိုင်မှုဘ၀တွင် ခန္ဓာကိုယ်မှ အစာစားချင်စိတ်မရှိခြင်း သို့မဟုတ် အစာမကြေခြင်းစသည့်တို့ ဖြစ်ပေါ်လာပါက ချဉ်စော်ကားအရိုင်းသီးကို စားသုံးခြင်းအားဖြင့် သက်သာလာစေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် တောရိုင်း ချဉ်စော်ကားသီးအတွင်းတွင် Papain ဓာတ်ပါဝင်ခြင်းကြောင့်ဖြစ်ပြီး ထိုဓာတ်မှာ အဆီဓာတ်ကို ဖက်တီး အက်ဆစ်အဖြစ်သို့ ခွဲခြမ်းဖြိုဖျက်ပေးနိုင်သောကြောင့်ဖြစ်ကြောင်း သိရပါသည်။

(၉၉ ကျန်းမာရေးကွန်ယက်မှ ကောက်နုတ်ဖော်ပြသည်။)

Source by Shweli Ayar News


Leave a Reply