အကန့်အသတ်မရှိ အင်တာနက်အသုံးပြုနိုင်သည့် အစီအစဉ် မြန်မာနက်အင်တာနက်မှ ဆောင်ရွက်ထားဟု ဆို
လစဉ် Data အကန့်အသတ်မရှိ အသုံးပြုနိုင်မည့် Unlimited Postpaid Plan ကို မြန်မာနက်အင်တာနက်မှ ဆောင်ရွက်ထားသည်ဟု ဆိုသည်။ 16 Mbps မြန်နှုန်းအထိ အသုံးပြုနိုင်သည့် Data Package များနှင့် အကန့် အသတ်မရှိ အသုံးပြုနိုင်သည့် Speed Pack အစီအစဉ်များကို ရွေးချယ်နိုင်မည်ဟုသိရသည်။
“ကြိုက်တဲ့ဖုန်းကိုဝယ် ကြိုက်တဲ့ Tablet ကိုကြည့် ၀ိုင်ဖိုင်ကွန်ရက်နဲ့သုံးလို့ရတယ်၊ ဘယ်ပစ္စည်းမဆို ၀ိုင်ဖိုင်ပါရင် အင်တာနက်တပ်လို့ရတယ်။ အများသုံးနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ၊ မိုဘိုင်းနဲ့သုံးမယ်ဆိုရင် အကောင့် အလကားသုံးလို့ရမယ်၊ တပ်ဆင်ခပေးစရာမလိုဘူး” ဟု မြန်မာနက်ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။
Data ပမာဏ အကန့်အသတ်မရှိကို မြန်နှုန်း 300 Kbps ကို လစဉ်ကြေး ၂၉,၀၀၀ ကျပ် မှ မြန်နှုန်း 4 Mbps အား လစဉ်ကြေး ၂၉၉,၀၀၀ ကျပ်အထိ အသုံးပြုနိုင်မည်ဟု ဆိုသည်။
အဆိုပါ Unlimited Postpaid Plan ကိုအမျိုးအစား ၇ မျိုး ခွဲခြားထားသည်ကို တွေ့ရသည်။ bandwidth အပြည့်ဖြင့် Data အကန့်အသတ်မဲ့ Poatpaid CPE လစဉ် အသုံးပြုနိုင်မည်ဟု ဆိုသည်။ တစ်ပတ်စာသုံး အကန့်အသတ်မဲ့ အစီအစဉ်ကိုလည်း ပြုလုပ်ထားကြောင်း တွေ့ရသည်။
ယင်းအစီအစဉ်မှာ မြန်နှုန်း 300 Kbps အား ၆,၇၀၀ ကျပ်ဖြင့်လည်းကောင်း၊ မြန်နှုန်း 2Mbps အား ၃၈,၀၀၀ ကျပ် အထိလည်းကောင်း အသုံးပြုနိုင်ပြီး တစ်ပတ်သုံးအကန့်အသတ်မဲ့ အစီအစဉ်အား အမျိုးအစားလေးမျိုး ခွဲခြား ထားကြောင်း သိရသည်။
အဆိုပါအင်တာနက်ကို လက်ရှိတွင် ပန်းပဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်များတွင် အသုံးပြုနိုင်မည်ဖြစ် သည်။ မြန်မာပလာဇာနှင့် ရန်ကုန်မြို့တွင်းရှိကွန်ဒို ၁၅ ခုခန့်တွင်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။
Internet Journal