မိုဖာရက် မီတာ(၁၀၀၀၀)ချန်ပီယံဆုကို ကာကွယ်

13901318_1750887391830811_7677950239261671091_n

ဗြိတိန်နာမည်ကြီးတာဝေးအပြေးသမား မိုဖာရက်သည် မီတာ(၁၀၀၀၀) အိုလံပစ်ရွှေဆုကို (၂)ကြိမ်ဆက် ရယူနိုင်ခဲ့ ကြောင်း သိရသည်။

(၃၃)နှစ်အရွယ်ရှိပြီဖြစ်သည့် မိုဖာရက်သည် (၂၇)မိနစ်၊ (၅.၁၇)စက္ကန့်ပြေးသွားခဲ့ပြီး ကင်ညာအပြေးသမား ပေါလ်တာ နူအီက ဒုတိယ၊ အီသီးယိုးပီးယားအပြေးသမား တာမီရတ်တိုလာက တတိယ ရရှိခဲ့ကြသည်။

မိုဖာရက်မှာ ၂၀၁၁ ဒေဂျူးကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ မီတာ(၁၀၀၀၀)ပွဲစဉ်တွင် ရွှေတံဆိပ်ဆုနှင့် လွဲချော်ခဲ့ပြီး နောက်ပိုင်း ကမ္ဘာ့ချန်ပီယံရှစ်၊ အိုလံပစ်ပြိုင်ပွဲများ၏ မီတာ(၅၀၀၀)၊ မီတာ(၁၀၀၀၀)ရွှေတံဆိပ်ဆုများကို (၈)ကြိမ်ဆက် ရယူ နိုင်ခဲ့ခြင်းဖြစ်သည်။

Photo:AFP


Leave a Reply