U-12 Junior Soccer World Challenge 2026 ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျမန္မာ ယူ-၁၂ လူငယ္ ေဘာလုံးအသင္း ဂ်ပန္ႏိုင္ငံသို႔ ထြက္ခြာ

U-12 Junior Soccer World Challenge 2026 ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျမန္မာ ယူ-၁၂ လူငယ္ ေဘာလုံးအသင္း ဂ်ပန္ႏိုင္ငံသို႔ ထြက္ခြာ
============================
ဂ်ပန္ႏိုင္ငံ၊ Chiba ၿမိဳ႕၌ ဩဂုတ္ ၂၁ ရက္မွ ၂၄ ရက္အထိ က်င္းပမည့္ U-12 Junior Soccer World Challenge 2026 ႏိုင္ငံတကာ လူငယ္ေဘာလုံးၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ျမန္မာ ယူ-၁၂ လူငယ္ေဘာလုံးအသင္းသည္ ဩဂုတ္ ၁၉ ရက္ေန႔က ဂ်ပန္ႏိုင္ငံသို႔ စတင္ထြက္ခြာသြားၿပီ ျဖစ္သည္။
ျမန္မာ ယူ-၁၂ အသင္းအေနျဖင့္ အဆိုပါၿပိဳင္ပြဲတြင္ စတုတၳအႀကိမ္ေျမာက္ ပါဝင္ယွဥ္ၿပိဳင္ျခင္းျဖစ္ၿပီး ဂ်ပန္ႏိုင္ငံမွ ထိပ္တန္းလူငယ္အသင္းမ်ား အပါအဝင္ ႏိုင္ငံတကာ လူငယ္အသင္းမ်ားႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။
ၿပိဳင္ပြဲတြင္ အသင္းေပါင္း ၄၀ ပါဝင္မည္ျဖစ္ကာ အုပ္စု ၁၀ စုခြဲ၍ ယွဥ္ၿပိဳင္ၾကမည္ျဖစ္ရာ ျမန္မာ ယူ-၁၂ အသင္းသည္ Group I တြင္ Urawa Red Diamonds Junior၊ FC LIBERTA Fukuoka U-12၊ Shonan Bellmare Academy အသင္းတိုႏွင့္တစ္အုပ္စုတည္း က်ေရာက္ေနသည္။
အုပ္စုပြဲစဥ္မ်ားကို Round Robin စနစ္ျဖင့္ ကစားမည္ျဖစ္ၿပီး အုပ္စုဗိုလ္ အသင္းမ်ားက Round of 16 သို တိုက္႐ိုက္တက္ေရာက္ခြင့္ရမည္ျဖစ္သည္။ အုပ္စုဒုတိယရအသင္းမ်ားႏွင့္ အေကာင္းဆုံး တတိယရအသင္းမ်ားသည္ Play-off အဆင့္မွတစ္ဆင့္ Round of 16 သို တက္ေရာက္ႏိုင္ရန္ ဆက္လက္ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။
ျမန္မာ ယူ-၁၂ လူငယ္ကစားသမားမ်ားအတြက္ ယခုခရီးစဥ္သည္ ၿပိဳင္ပြဲေအာင္ျမင္မႈရရွိေရးအျပင္ ႏိုင္ငံတကာအဆင့္ ၿပိဳင္ပြဲအေတြ႕အႀကဳံမ်ားႏွင့္ စြမ္းရည္မ်ား ပိုမိုတိုးတက္လာေစရန္ အေရးပါသည့္ အခြင့္အေရးတစ္ရပ္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲခ်ဳပ္မွ သိရသည္။
U-12 Junior Soccer World Challenge 2026 ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ လူငယ် ဘောလုံးအသင်း ဂျပန်နိုင်ငံသို့ ထွက်ခွာ
============================
ဂျပန်နိုင်ငံ၊ Chiba မြို့၌ ဩဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် U-12 Junior Soccer World Challenge 2026 နိုင်ငံတကာ လူငယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၂ လူငယ်ဘောလုံးအသင်းသည် ဩဂုတ် ၁၉ ရက်နေ့က ဂျပန်နိုင်ငံသို့ စတင်ထွက်ခွာသွားပြီ ဖြစ်သည်။
မြန်မာ ယူ-၁၂ အသင်းအနေဖြင့် အဆိုပါပြိုင်ပွဲတွင် စတုတ္ထအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ ထိပ်တန်းလူငယ်အသင်းများ အပါအဝင် နိုင်ငံတကာ လူငယ်အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပြိုင်ပွဲတွင် အသင်းပေါင်း ၄၀ ပါဝင်မည်ဖြစ်ကာ အုပ်စု ၁၀ စုခွဲ၍ ယှဉ်ပြိုင်ကြမည်ဖြစ်ရာ မြန်မာ ယူ-၁၂ အသင်းသည် Group I တွင် Urawa Red Diamonds Junior၊ FC LIBERTA Fukuoka U-12၊ Shonan Bellmare Academy အသင်းတိုနှင့်တစ်အုပ်စုတည်း ကျရောက်နေသည်။
အုပ်စုပွဲစဉ်များကို Round Robin စနစ်ဖြင့် ကစားမည်ဖြစ်ပြီး အုပ်စုဗိုလ် အသင်းများက Round of 16 သို တိုက်ရိုက်တက်ရောက်ခွင့်ရမည်ဖြစ်သည်။ အုပ်စုဒုတိယရအသင်းများနှင့် အကောင်းဆုံး တတိယရအသင်းများသည် Play-off အဆင့်မှတစ်ဆင့် Round of 16 သို တက်ရောက်နိုင်ရန် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ ယူ-၁၂ လူငယ်ကစားသမားများအတွက် ယခုခရီးစဉ်သည် ပြိုင်ပွဲအောင်မြင်မှုရရှိရေးအပြင် နိုင်ငံတကာအဆင့် ပြိုင်ပွဲအတွေ့အကြုံများနှင့် စွမ်းရည်များ ပိုမိုတိုးတက်လာစေရန် အရေးပါသည့် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်မှ သိရသည်။




