ကာလဝမ္းေရာဂါ ႀကိဳတင္သတိျပဳ ကာ ကြယ္ ျခင္း


=======================
ေဒါက္တာလြင္သန႔္

ကာလဝမ္းေရာဂါ (Cholera) က ျပင္းထန္ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါတစ္မ်ိဳးျဖစ္ၿပီး ကာလဝမ္းေရာဂါပိုး (Vibrio cholerae) လို ေရာဂါပိုးပါရွိတဲ့ မသန႔္ရွင္းတဲ့ေရနဲ႔ အစားအေသာက္ေတြကို စားေသာက္မိရာမွ ကူးစက္ တတ္ပါတယ္။‌

ေလာေလာဆယ္ ရန္ကုန္ၿမိဳ႕ လသာၿမိဳ႕နယ္က လူ ၁၇၀ ဦး၊ ပိုးေတြ႕ ၉၃ ဦး၊‌ ေသဆုံး တစ္ဦး၊ ရန္ကုန္ ေဆး႐ုံႀကီးမွာ ေဆး႐ုံတက္ရတဲ့အထိျဖစ္ပြားေနတဲ့ ကာလဝမ္းေရာဂါ ဘယ္လိုစျဖစ္သလဲဆိုေတာ့ ကာလဝမ္းေရာဂါပိုးက ေရာဂါျဖစ္သူထံကေန စြန႔္ပစ္လိုက္တဲ့ မစင္နဲ႔ အန္လိုက္တဲ့ အန္ဖက္ေတြမွာ ပါဝင္ပါတယ္။ ဝမ္းပ်က္ဝမ္းေလွ်ာတာ ျပင္းထန္တဲ့အခါ ခႏၶာကိုယ္အတြင္းကေန ေရနဲ႔ဓာတ္ဆားေတြ လ်င္ ျမန္စြာကုန္ခန္းသြားတာေၾကာင့္ အရည္ခန္းေျခာက္တာကို ျဖစ္ေစပါတယ္။ ေရာဂါျပင္းထန္ၿပီး အခ်ိန္မီကုသမႈ မခံယူပါက အသက္ဆုံးရႈံးရတဲ့အထိလည္း ျဖစ္ႏိုင္ပါတယ္။

■ဘယ္လိုကူးစက္ႏိုင္သလဲ

မသန႔္ရွင္းတဲ့ ကာလဝမ္းေရာဂါပိုး (Cholera) ပါတဲ့ေရကို ေသာက္သုံးမိတာ၊ ယင္နားစာေတြနဲ႔ မသန႔္ရွင္းတဲ့ အစားအေသာက္ေတြကို စားသုံးမိတာ၊ ေနထိုင္တဲ့ပတ္ဝန္းက်င္က သန႔္ရွင္းမႈနည္းပါးတာ (သို႔မဟုတ္) သန႔္ရွင္းမႈမရွိတာ၊ တစ္ကိုယ္ေရ သန႔္ရွင္းမႈအားနည္းတာ (သို႔မဟုတ္) မရွိတာ၊ အိမ္သာတက္ၿပီးတိုင္း လက္မေဆးတာ၊ အစာမစားမီ လက္ကိုစင္ၾကယ္စြာမေဆးတာ၊ လက္ကိုဆပ္ျပာ ေရနဲ႔မေဆးဘဲ ေရစိမ္တာ၊ ဆြတ္တာစတဲ့ နည္းလမ္းေတြကေန ကူးစက္ႏိုင္ပါတယ္။

■လကၡဏာမ်ား

ကာလဝမ္းေရာဂါပိုး ကူးစက္ခံရသူေတြထဲက ၁၀ ဦးမွာ တစ္ဦးကျပင္းထန္တဲ့ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ လကၡဏာေတြ ခံစားရတတ္ပါတယ္။

■အန္ႏိုင္တယ္

ကာလဝမ္းေရာဂါပိုး ကူးစက္ခံရတဲ့အခ်ိဳ႕ေတြမွာ ဝမ္းပ်က္ဝမ္းေလွ်ာတာမျဖစ္ခင္ အရည္ေတြ ေအာ့အန္တဲ့ လကၡဏာေတြ စတင္ျပတတ္ပါတယ္။

■အရည္ဝမ္းသြားျခင္း ျဖစ္ႏိုင္ပါတယ္

အရည္ဝမ္းသြားတာက ဆန္ေဆးရည္လိုမ်ိဳး၊ အရည္ဝမ္းသြားတတ္တာမ်ိဳး ျဖစ္တတ္ပါတယ္။ အားအင္ ကုန္ခမ္းျခင္း၊ သတိလစ္ျခင္း၊ ကာလဝမ္းေရာဂါျဖစ္ၿပီး ခႏၶာကိုယ္အတြင္းရွိ ေရနဲ႔ဓာတ္ဆားေတြ လ်င္ျမန္စြာဆုံးရႈံးတဲ့အခါ အားအင္ကုန္ခမ္းတာ၊ ေသြးဖိအား႐ုတ္တရက္က်ၿပီး သတိလစ္တာ စတာေတြျဖစ္ပြားၿပီး အသက္ဆုံးရႈံးတဲ့အထိ ျဖစ္ႏိုင္ပါတယ္။

■ႂကြက္တက္ျခင္း

ေရဓာတ္သာမက ခႏၶာကိုယ္တြင္းရွိ သတၱဳဓာတ္ေတြအတြက္ အမ်ားအျပားဆုံးရႈံးသြားလို႔ ႂကြက္တတ္ပါတယ္။ ကာလဝမ္းေရာဂါမျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။ (၁) သန႔္ရွင္းတဲ့ေရ (ေရက်က္ေဆး) ေသာက္သုံးသင့္ ပါတယ္။ ေရသန႔္ဆိုၿပီး စိတ္မခ်ရပါက ေရကိုက်ိဳခ်က္ေသာက္သုံးႏိုင္ပါတယ္။ (၂) အစားအေသာက္ေတြကို မကိုင္တြယ္ခင္၊ အစာမစားခင္၊ အစာစားၿပီးနဲ႔ အိမ္သာတက္ၿပီးတိုင္းမွာ လက္ကို ဆပ္ျပာ၊ ေရနဲ႔စကၠန႔္ ၂၀ ၾကာ ပြတ္တိုက္ေဆးေၾကာသင့္ပါတယ္။ (၃)အစားအေသာက္ေတြကို ျခင္၊ ယင္မနားေအာင္ ဖုံးအုပ္ထားသင့္ပါတယ္။ (၄) မႈိတက္ေနတဲ့ အစားအစာေတြ၊ ယင္နားစာေတြ၊ အမွည့္လြန္ေနတဲ့ အသီးေတြ မစားသင့္ပါဘူး။ (၄) အစားအေသာက္ေတြကို က်က္ေအာင္ေသခ်ာစြာ ခ်က္ျပဳတ္စားေသာက္သင့္ပါတယ္။ (၅) ေနထိုင္ရာပတ္ဝန္း က်င္ကို ျခင္၊ ယင္မနားေအာင္ စနစ္တက် စြန႔္ပစ္သင့္ပါ တယ္။ (၆) ယင္လုံအိမ္သာ သုံးစြဲသင့္ပါတယ္။

■ဘယ္လိုအခ်ိန္ေတြမွာ ေဆးခန္းျပသင့္သလဲ

(၁) ကာလဝမ္းေရာဂါ‌က ေသခ်ာစြာ မကုသပါက အသက္ေသဆုံးသည္အထိ ျဖစ္ႏိုင္ပါ တယ္။ (၂) ဝမ္းသြားတာႏွစ္ရက္ေက်ာ္တဲ့အထိ မသက္သာဘဲ ဝမ္းဆက္တိုက္သြားေနရင္၊ (၃) ဘာပဲစားစား ျပန္အန္ထြက္ေနရင္၊ (၄) အလြန္အမင္းေရဆာေနရင္၊ (၅) ႏႈတ္ခမ္းနဲ႔အေရျပားေတြေျခာက္လာရင္၊ (၆) ဆီးအလြန္နည္းတာ (သို႔မဟုတ္) ဆီးမသြားတာ (သို႔မဟုတ္) ဆီးအေရာင္ညိဳတာ၊ (၇) အလြန္အမင္း ေခါင္းမူးတာ၊ (၈) ျပင္းထန္စြာဗိုက္နာတာစတဲ့ လကၡဏာေတြ ခံစားေနရင္ ေဆး႐ုံေဆးခန္းကို အျမန္ဆုံး သြားေရာက္ျပသဖို႔ လိုအပ္ပါတယ္။

အာဟာရခ်ိဳတဲ့ေနတဲ့ ကေလးေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ ႏို႔တိုက္မိခင္ေတြ၊ သက္ႀကီး႐ြယ္အိုေတြနဲ႔ အိပ္ခ်္အိုင္ဗီ (HIV) ပိုး ကူးစက္ခံရသူေတြအေနနဲ႔လည္း ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါျဖစ္ပါက နီးစပ္ရာေဆး႐ုံ ေဆးခန္းေတြမွာ ျပသၿပီး ကုသမႈခံယူသင့္ပါတယ္။ ကေလးငယ္ေတြ၊ ဝမ္းႏွစ္ႀကိမ္ ဆန္ေဆးရည္ေရာင္သြား႐ုံနဲ႔ အသက္ပါသြားတတ္လို႔ အသက္အႏၲရာယ္မျဖစ္မီ ဓာတ္ဆားရည္တိုက္ၿပီး ေဆး႐ုံေရာက္ေအာင္ ေခၚသြားသင့္ ပါတယ္။

■ဘယ္လိုကုသမႈ ခံယူသင့္သလဲ

ကာလဝမ္းေရာဂါေၾကာင့္ ျပင္းထန္တဲ့ ဝမ္းပ်က္ဝမ္းေလွ်ာတာကို ခံစားေနရပါက (သို႔မဟုတ္) ေအာ့အန္ေနပါက၊ ခႏၶာကိုယ္က ဆုံးရႈံးသြားတဲ့ဓာတ္ဆားေတြကို ျပန္လည္ျဖည့္ဖို႔အတြက္ ဓာတ္ဆားရည္ေသာက္သင့္ပါတယ္။ ဓာတ္ဆားရည္ေဖ်ာ္မယ့္သူက မေဖ်ာ္ခင္မွာ လက္ကိုဆပ္ျပာ၊ ေရတို႔နဲ႔စကၠန႔္ ၂၀ ေက်ာ္ၾကာ ပြတ္တိုက္ေဆး ေၾကာသင့္ပါတယ္။ သက္တမ္းကုန္ဆုံးရက္ ေက်ာ္လြန္ေနတဲ့ ဓာတ္ဆားထုပ္ေတြကို မေသာက္သုံးသင့္ပါဘူး။ ဓာတ္ဆားတစ္ထုပ္ကို ေရသန႔္တစ္လီတာနဲ႔ ထည့္ေဖ်ာ္ၿပီး ၂၄ နာရီအတြင္း ကုန္ေအာင္ေသာက္သင့္ပါတယ္။ က်န္ရင္သြန္ပစ္ၿပီး ဓာတ္ဆားရည္အသစ္ ေဖ်ာ္သင့္ပါတယ္။ ေရသန႔္ထက္ ေရက်က္ေအးနဲ ့ေဖ်ာ္သင့္ပါတယ္။

■အိမ္တြင္းဓာတ္ဆားေဖ်ာ္နည္း

ကိုယ့္အိမ္မွာ ဓာတ္ဆားထုပ္မရွိတဲ့အခါ အလြယ္တကူဓာတ္ဆားေဖ်ာ္နည္းကို အသုံးျပဳႏိုင္ပါတယ္။ ေရသန႔္ (သို႔မဟုတ္) က်ိဳခ်က္ထားတဲ့ ေရသန႔္တစ္လီတာထဲကို သၾကားလက္ဖက္စားဇြန္း ရွစ္ဇြန္းနဲ႔ ဆားလက္ဖက္ ရည္ဇြန္းတစ္ဇြန္း ထည့္ေဖ်ာ္ေသာက္လို႔လည္း ရပါတယ္။

ကာလဝမ္းေရာဂါ (Cholerae) ဟာ ဘိုဘရီယိုေကာ္လာေရး (Vibrio Cholerae) လို႔ ေခၚတဲ့ ဗက္တီးရီးယား တစ္မ်ိဳးေၾကာင့္ျဖစ္တဲ့ ျပင္းထန္တဲ့ ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။ သည္ဗက္တီးရီးယားကို သန႔္ရွင္းမႈအားနည္းတဲ့ အစားအစာေတြနဲ႔ ေရေတြမွာ ေတြ႕ရတတ္ပါတယ္။ လက္ကို ပုံမွန္ေရ၊ ဆပ္ျပာတို႔နဲ႔စကၠန႔္ ၂၀ ေက်ာ္ၾကာ ပြတ္တိုက္ေဆးေၾကာသင့္ပါတယ္။ သန႔္ရွင္းတဲ့ေသာက္သုံးေရကို ေသာက္သုံးမယ္။ ေသခ်ာက်က္ေအာင္ ခ်က္ျပဳတ္ထားတဲ့ အစားအစာေတြကို စားသုံးမယ္။ ကာလဝမ္းေရာဂါကာကြယ္ေဆး ႀကိဳတင္ထိုးႏွံတာေတြ လုပ္ထားမယ္ဆိုရင္ ကာလဝမ္းေရာဂါေဘးကေန ကာကြယ္ၿပီးသားျဖစ္ႏိုင္ပါတယ္။

ကာလဝမ္းေရာဂါကို ေသခ်ာမကုသဘဲ ထားမယ္ဆိုရင္နာရီပိုင္းအတြင္း က်န္းမာေနတဲ့သူကို ေသေစႏိုင္တဲ့ အထိျပင္းထန္ပါတယ္။ ႏွစ္စဥ္ကမာၻတစ္လႊားမွာ ကာလဝမ္းေရာဂါ ကူးစက္ျဖစ္ပြားသူ ၂ ဒသမ ၉ သန္းရွိၿပီး ေရာဂါခံစားရသူဦးေရရဲ႕ ၉၅၀၀၀ က အသက္ဆုံးရႈံးတဲ့အထိ ျဖစ္တတ္ၾကပါတယ္။ ကာလဝမ္းေရာဂါကို ခပ္ေပါ့ေပါ့ မေတြးသင့္ပါဘူး။ ကာလဝမ္းေရာဂါျဖစ္ေနတဲ့ အဓိကျပႆနာကေတာ့ သန႔္ရွင္းတဲ့ ေသာက္သုံးေရ မရရွိတာ၊ သင့္ေတာ္ေကာင္းမြန္တဲ့ ေရဆိုးစနစ္ (မိလႅာစနစ္) မရွိတာေတြနဲ႔ သဘာဝေဘးအႏၲရာယ္ ဒဏ္သင့္ထားတဲ့ အေျခအေနေတြနဲ႔ ေတြ႕ႀကဳံေနတဲ့ အေနအထားေတြမွာ ေတြ႕ရွိရပါတယ္။

ဘယ္လိုေၾကာင့္ပဲျဖစ္ျဖစ္ ကာလဝမ္းေရာဂါကို ကာကြယ္တာဟာ ထိေရာက္တဲ့နည္းလမ္းတစ္ခုပါပဲ။ ကာလဝမ္းေရာဂါဟာ ကူးစက္လြယ္တဲ့အတြက္ လူနာစားတဲ့ ပန္းကန္ခြက္၊ ဇြန္း၊ သြားပြတ္တံ၊ အလွျပင္ပစၥည္း အဆုံး တစ္ကိုယ္ေရသုံး သီးသန႔္ထားရပါတယ္။

ေနမေကာင္းတဲ့လူကို ျပဳစုေပးၿပီးခ်ိန္မွာ ျဖစ္ျဖစ္၊ ညစ္ေပေနတဲ့ အရာေတြကို ကိုင္တြယ္ ထိေတြ႕ၿပီးခ်ိန္မွာ ျဖစ္ျဖစ္ လက္ကိုလက္အိတ္ စြပ္ထားတယ္ဆိုရင္ေတာင္ ေသခ်ာသန႔္စင္ေအာင္ ေဆးေၾကာေပးသင့္ပါတယ္။ မသန႔္ရွင္းတဲ့အရာေတြနဲ႔ ထိေတြ႕ၿပီးတိုင္း လက္ကို သန႔္စင္ေအာင္ေဆးေၾကာတာက ေရာဂါေတြ က ကာကြယ္ဖို႔အတြက္ ထိေရာက္တဲ့နည္း လမ္းျဖစ္ပါတယ္။

အစာမစားခင္၊ အိမ္သာက ဆင္းတဲ့အခ်ိန္၊ ညစ္ေပတဲ့အရာေတြကို ကိုင္တြယ္ထိေတြ႕ၿပီးခ်ိန္တိုင္းမွာ လက္ကိုဆပ္ျပာ၊ ေရနဲ႔စကၠန႔္ ၂၀ ေက်ာ္ၾကာ ပြတ္တိုက္ၿပီး သန႔္စင္ေအာင္ ေဆးေၾကာသင့္ပါတယ္။ ေရမလို လက္သန႔္ေဆးရည္ကို အသုံးျပဳေပးလို႔လည္း ရပါတယ္။

သန႔္ရွင္းတဲ့ေသာက္သုံးေရ၊ ေရက်က္ေအးေသာက္တာက က်န္းမာေရးအတြက္ အေတာ္အေထာက္အကူ ျပဳပါတယ္။ ေသာက္သုံးေရမဟုတ္ဘဲ သန႔္စင္ေဆးေၾကာဖို႔ အသုံးျပဳရတဲ့ ေရကိုပါ ေသခ်ာသန႔္စင္ေအာင္လုပ္ ေဆာင္ေပးဖို႔ လိုပါတယ္။ ေရသန႔္ေသာက္သုံးႏိုင္တယ္။ ေရသန႔္မရွိရင္၊ ေရကိုက်ိဳခ်က္ ေသာက္ႏိုင္ပါတယ္။ ေရသန႔္ေဆးျပားအသုံးျပဳၿပီး သန႔္စင္ထားတဲ့ေရကို အသုံးျပဳေပးဖို႔ လိုပါတယ္။ ေရလိုပဲ သန႔္ရွင္းမႈရွိတဲ့ အစားအ ေသာက္ေတြကိုပဲ စားသင့္ပါတယ္။ အစားအစာ စားသုံးတဲ့အခါ သန႔္သန႔္ရွင္းရွင္းနဲ႔ ေသခ်ာက်က္ေအာင္ ခ်က္ျပဳတ္ထားတဲ့ အစာေတြ စားသုံးေပးသင့္ပါတယ္။ အစားအေသာက္ေတြ အစိမ္းစားတာမ်ိဳး၊ စားေနက် မဟုတ္တာေတြ အထူးသျဖင့္ (Sea Food ) ေတြ စားေနတာမ်ိဳး မလုပ္သင့္ပါဘူး။ အစားအေသာက္ထည့္တဲ့ ပန္းကန္ခြက္ေယာက္ေတြကို သန႔္ရွင္းေအာင္ထားဖို႔ လိုအပ္ပါတယ္။

စိတ္ခ်ရတဲ့ေရဆိုး (မိလႅာ) စနစ္ရွိသင့္ ပါတယ္။ ေရဆိုးႏုတ္စနစ္အားနည္းမႈေၾကာင့္လည္း ဝမ္းေရာဂါခံစား ရႏိုင္ပါတယ္။ ဒါေၾကာင့္ေကာင္းမြန္စိတ္ခ်ရတဲ့ ေရဆိုးႏုတ္စနစ္ထားရွိဖို႔ လုပ္ေဆာင္သင့္ပါတယ္။ ေရဆိုး ႏုတ္စနစ္ကို ေရအရင္းအျဖစ္နဲ႔မီတာ ၃၀၊ ေပ ၆၀ အကြာမွာ ထားရွိသင့္ပါတယ္။ ေရဆိုးႏုတ္ မိလႅာရွိတဲ့ အနီးတစ္ဝိုက္ ထုံးျဖဴးထားသင့္တယ္။ လုံေလးလုံျဖစ္တဲ့ အရွက္လုံး၊ အနံ႔လုံ၊ ယင္လုံ၊ ေရအရင္းအျမစ္နဲ႔ အကြာအေဝး လုံေလာက္ေအာင္ရွိရတယ္။ လက္သန႔္၊ အစာ သန႔္၊ ေရသန႔္၊ တစ္ကိုယ္ရည္သန႔္၊ ပတ္ဝန္း က်င္သန႔္ရွင္းသင့္ပါတယ္။ ယင္မရွိေအာင္ ထားသင့္ပါတယ္။ ယင္မွတစ္ဆင့္ ေရာဂါသယ္ေဆာင္ႏိုင္လို႔ ယင္ႏွိမ္နင္းေရး ျပဳလုပ္ထားသင့္ပါတယ္။ #Eleven


ကာလဝမ်းရောဂါ ကြိုတင်သတိပြုကာကွယ်ခြင်း
=======================
ဒေါက်တာလွင်သန့်

ကာလဝမ်းရောဂါ (Cholera) က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတစ်မျိုးဖြစ်ပြီး ကာလဝမ်းရောဂါပိုး (Vibrio cholerae) လို ရောဂါပိုးပါရှိတဲ့ မသန့်ရှင်းတဲ့ရေနဲ့ အစားအသောက်တွေကို စားသောက်မိရာမှ ကူးစက် တတ်ပါတယ်။‌

လောလောဆယ် ရန်ကုန်မြို့ လသာမြို့နယ်က လူ ၁၇၀ ဦး၊ ပိုးတွေ့ ၉၃ ဦး၊‌ သေဆုံး တစ်ဦး၊ ရန်ကုန် ဆေးရုံကြီးမှာ ဆေးရုံတက်ရတဲ့အထိဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ဘယ်လိုစဖြစ်သလဲဆိုတော့ ကာလဝမ်းရောဂါပိုးက ရောဂါဖြစ်သူထံကနေ စွန့်ပစ်လိုက်တဲ့ မစင်နဲ့ အန်လိုက်တဲ့ အန်ဖက်တွေမှာ ပါဝင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာ ပြင်းထန်တဲ့အခါ ခန္ဓာကိုယ်အတွင်းကနေ ရေနဲ့ဓာတ်ဆားတွေ လျင် မြန်စွာကုန်ခန်းသွားတာကြောင့် အရည်ခန်းခြောက်တာကို ဖြစ်စေပါတယ်။ ရောဂါပြင်းထန်ပြီး အချိန်မီကုသမှု မခံယူပါက အသက်ဆုံးရှုံးရတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။

■ဘယ်လိုကူးစက်နိုင်သလဲ

မသန့်ရှင်းတဲ့ ကာလဝမ်းရောဂါပိုး (Cholera) ပါတဲ့ရေကို သောက်သုံးမိတာ၊ ယင်နားစာတွေနဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေကို စားသုံးမိတာ၊ နေထိုင်တဲ့ပတ်ဝန်းကျင်က သန့်ရှင်းမှုနည်းပါးတာ (သို့မဟုတ်) သန့်ရှင်းမှုမရှိတာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာ (သို့မဟုတ်) မရှိတာ၊ အိမ်သာတက်ပြီးတိုင်း လက်မဆေးတာ၊ အစာမစားမီ လက်ကိုစင်ကြယ်စွာမဆေးတာ၊ လက်ကိုဆပ်ပြာ ရေနဲ့မဆေးဘဲ ရေစိမ်တာ၊ ဆွတ်တာစတဲ့ နည်းလမ်းတွေကနေ ကူးစက်နိုင်ပါတယ်။

■လက္ခဏာများ

ကာလဝမ်းရောဂါပိုး ကူးစက်ခံရသူတွေထဲက ၁၀ ဦးမှာ တစ်ဦးကပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာတွေ ခံစားရတတ်ပါတယ်။

■အန်နိုင်တယ်

ကာလဝမ်းရောဂါပိုး ကူးစက်ခံရတဲ့အချို့တွေမှာ ဝမ်းပျက်ဝမ်းလျှောတာမဖြစ်ခင် အရည်တွေ အော့အန်တဲ့ လက္ခဏာတွေ စတင်ပြတတ်ပါတယ်။

■အရည်ဝမ်းသွားခြင်း ဖြစ်နိုင်ပါတယ်

အရည်ဝမ်းသွားတာက ဆန်ဆေးရည်လိုမျိုး၊ အရည်ဝမ်းသွားတတ်တာမျိုး ဖြစ်တတ်ပါတယ်။ အားအင် ကုန်ခမ်းခြင်း၊ သတိလစ်ခြင်း၊ ကာလဝမ်းရောဂါဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနဲ့ဓာတ်ဆားတွေ လျင်မြန်စွာဆုံးရှုံးတဲ့အခါ အားအင်ကုန်ခမ်းတာ၊ သွေးဖိအားရုတ်တရက်ကျပြီး သတိလစ်တာ စတာတွေဖြစ်ပွားပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

■ကြွက်တက်ခြင်း

ရေဓာတ်သာမက ခန္ဓာကိုယ်တွင်းရှိ သတ္တုဓာတ်တွေအတွက် အများအပြားဆုံးရှုံးသွားလို့ ကြွက်တတ်ပါတယ်။ ကာလဝမ်းရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ (၁) သန့်ရှင်းတဲ့ရေ (ရေကျက်ဆေး) သောက်သုံးသင့် ပါတယ်။ ရေသန့်ဆိုပြီး စိတ်မချရပါက ရေကိုကျိုချက်သောက်သုံးနိုင်ပါတယ်။ (၂) အစားအသောက်တွေကို မကိုင်တွယ်ခင်၊ အစာမစားခင်၊ အစာစားပြီးနဲ့ အိမ်သာတက်ပြီးတိုင်းမှာ လက်ကို ဆပ်ပြာ၊ ရေနဲ့စက္ကန့် ၂၀ ကြာ ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ (၃)အစားအသောက်တွေကို ခြင်၊ ယင်မနားအောင် ဖုံးအုပ်ထားသင့်ပါတယ်။ (၄) မှိုတက်နေတဲ့ အစားအစာတွေ၊ ယင်နားစာတွေ၊ အမှည့်လွန်နေတဲ့ အသီးတွေ မစားသင့်ပါဘူး။ (၄) အစားအသောက်တွေကို ကျက်အောင်သေချာစွာ ချက်ပြုတ်စားသောက်သင့်ပါတယ်။ (၅) နေထိုင်ရာပတ်ဝန်း ကျင်ကို ခြင်၊ ယင်မနားအောင် စနစ်တကျ စွန့်ပစ်သင့်ပါ တယ်။ (၆) ယင်လုံအိမ်သာ သုံးစွဲသင့်ပါတယ်။

■ဘယ်လိုအချိန်တွေမှာ ဆေးခန်းပြသင့်သလဲ

(၁) ကာလဝမ်းရောဂါ‌က သေချာစွာ မကုသပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါ တယ်။ (၂) ဝမ်းသွားတာနှစ်ရက်ကျော်တဲ့အထိ မသက်သာဘဲ ဝမ်းဆက်တိုက်သွားနေရင်၊ (၃) ဘာပဲစားစား ပြန်အန်ထွက်နေရင်၊ (၄) အလွန်အမင်းရေဆာနေရင်၊ (၅) နှုတ်ခမ်းနဲ့အရေပြားတွေခြောက်လာရင်၊ (၆) ဆီးအလွန်နည်းတာ (သို့မဟုတ်) ဆီးမသွားတာ (သို့မဟုတ်) ဆီးအရောင်ညိုတာ၊ (၇) အလွန်အမင်း ခေါင်းမူးတာ၊ (၈) ပြင်းထန်စွာဗိုက်နာတာစတဲ့ လက္ခဏာတွေ ခံစားနေရင် ဆေးရုံဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသဖို့ လိုအပ်ပါတယ်။

အာဟာရချိုတဲ့နေတဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အိပ်ချ်အိုင်ဗီ (HIV) ပိုး ကူးစက်ခံရသူတွေအနေနဲ့လည်း ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပါက နီးစပ်ရာဆေးရုံ ဆေးခန်းတွေမှာ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ကလေးငယ်တွေ၊ ဝမ်းနှစ်ကြိမ် ဆန်ဆေးရည်ရောင်သွားရုံနဲ့ အသက်ပါသွားတတ်လို့ အသက်အန္တရာယ်မဖြစ်မီ ဓာတ်ဆားရည်တိုက်ပြီး ဆေးရုံရောက်အောင် ခေါ်သွားသင့် ပါတယ်။

■ဘယ်လိုကုသမှု ခံယူသင့်သလဲ

ကာလဝမ်းရောဂါကြောင့် ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောတာကို ခံစားနေရပါက (သို့မဟုတ်) အော့အန်နေပါက၊ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်ဖို့အတွက် ဓာတ်ဆားရည်သောက်သင့်ပါတယ်။ ဓာတ်ဆားရည်ဖျော်မယ့်သူက မဖျော်ခင်မှာ လက်ကိုဆပ်ပြာ၊ ရေတို့နဲ့စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေး ကြောသင့်ပါတယ်။ သက်တမ်းကုန်ဆုံးရက် ကျော်လွန်နေတဲ့ ဓာတ်ဆားထုပ်တွေကို မသောက်သုံးသင့်ပါဘူး။ ဓာတ်ဆားတစ်ထုပ်ကို ရေသန့်တစ်လီတာနဲ့ ထည့်ဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင်သောက်သင့်ပါတယ်။ ကျန်ရင်သွန်ပစ်ပြီး ဓာတ်ဆားရည်အသစ် ဖျော်သင့်ပါတယ်။ ရေသန့်ထက် ရေကျက်အေးနဲ ့ဖျော်သင့်ပါတယ်။

■အိမ်တွင်းဓာတ်ဆားဖျော်နည်း

ကိုယ့်အိမ်မှာ ဓာတ်ဆားထုပ်မရှိတဲ့အခါ အလွယ်တကူဓာတ်ဆားဖျော်နည်းကို အသုံးပြုနိုင်ပါတယ်။ ရေသန့် (သို့မဟုတ်) ကျိုချက်ထားတဲ့ ရေသန့်တစ်လီတာထဲကို သကြားလက်ဖက်စားဇွန်း ရှစ်ဇွန်းနဲ့ ဆားလက်ဖက် ရည်ဇွန်းတစ်ဇွန်း ထည့်ဖျော်သောက်လို့လည်း ရပါတယ်။

ကာလဝမ်းရောဂါ (Cholerae) ဟာ ဘိုဘရီယိုကော်လာရေး (Vibrio Cholerae) လို့ ခေါ်တဲ့ ဗက်တီးရီးယား တစ်မျိုးကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သည်ဗက်တီးရီးယားကို သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေနဲ့ ရေတွေမှာ တွေ့ရတတ်ပါတယ်။ လက်ကို ပုံမှန်ရေ၊ ဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ သန့်ရှင်းတဲ့သောက်သုံးရေကို သောက်သုံးမယ်။ သေချာကျက်အောင် ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားသုံးမယ်။ ကာလဝမ်းရောဂါကာကွယ်ဆေး ကြိုတင်ထိုးနှံတာတွေ လုပ်ထားမယ်ဆိုရင် ကာလဝမ်းရောဂါဘေးကနေ ကာကွယ်ပြီးသားဖြစ်နိုင်ပါတယ်။

ကာလဝမ်းရောဂါကို သေချာမကုသဘဲ ထားမယ်ဆိုရင်နာရီပိုင်းအတွင်း ကျန်းမာနေတဲ့သူကို သေစေနိုင်တဲ့ အထိပြင်းထန်ပါတယ်။ နှစ်စဉ်ကမ္ဘာတစ်လွှားမှာ ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားသူ ၂ ဒသမ ၉ သန်းရှိပြီး ရောဂါခံစားရသူဦးရေရဲ့ ၉၅၀၀၀ က အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ကြပါတယ်။ ကာလဝမ်းရောဂါကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါဘူး။ ကာလဝမ်းရောဂါဖြစ်နေတဲ့ အဓိကပြဿနာကတော့ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတာ၊ သင့်တော်ကောင်းမွန်တဲ့ ရေဆိုးစနစ် (မိလ္လာစနစ်) မရှိတာတွေနဲ့ သဘာဝဘေးအန္တရာယ် ဒဏ်သင့်ထားတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံနေတဲ့ အနေအထားတွေမှာ တွေ့ရှိရပါတယ်။

ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ကာလဝမ်းရောဂါကို ကာကွယ်တာဟာ ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။ ကာလဝမ်းရောဂါဟာ ကူးစက်လွယ်တဲ့အတွက် လူနာစားတဲ့ ပန်းကန်ခွက်၊ ဇွန်း၊ သွားပွတ်တံ၊ အလှပြင်ပစ္စည်း အဆုံး တစ်ကိုယ်ရေသုံး သီးသန့်ထားရပါတယ်။

နေမကောင်းတဲ့လူကို ပြုစုပေးပြီးချိန်မှာ ဖြစ်ဖြစ်၊ ညစ်ပေနေတဲ့ အရာတွေကို ကိုင်တွယ် ထိတွေ့ပြီးချိန်မှာ ဖြစ်ဖြစ် လက်ကိုလက်အိတ် စွပ်ထားတယ်ဆိုရင်တောင် သေချာသန့်စင်အောင် ဆေးကြောပေးသင့်ပါတယ်။ မသန့်ရှင်းတဲ့အရာတွေနဲ့ ထိတွေ့ပြီးတိုင်း လက်ကို သန့်စင်အောင်ဆေးကြောတာက ရောဂါတွေ က ကာကွယ်ဖို့အတွက် ထိရောက်တဲ့နည်း လမ်းဖြစ်ပါတယ်။

အစာမစားခင်၊ အိမ်သာက ဆင်းတဲ့အချိန်၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့ပြီးချိန်တိုင်းမှာ လက်ကိုဆပ်ပြာ၊ ရေနဲ့စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ပြီး သန့်စင်အောင် ဆေးကြောသင့်ပါတယ်။ ရေမလို လက်သန့်ဆေးရည်ကို အသုံးပြုပေးလို့လည်း ရပါတယ်။

သန့်ရှင်းတဲ့သောက်သုံးရေ၊ ရေကျက်အေးသောက်တာက ကျန်းမာရေးအတွက် အတော်အထောက်အကူ ပြုပါတယ်။ သောက်သုံးရေမဟုတ်ဘဲ သန့်စင်ဆေးကြောဖို့ အသုံးပြုရတဲ့ ရေကိုပါ သေချာသန့်စင်အောင်လုပ် ဆောင်ပေးဖို့ လိုပါတယ်။ ရေသန့်သောက်သုံးနိုင်တယ်။ ရေသန့်မရှိရင်၊ ရေကိုကျိုချက် သောက်နိုင်ပါတယ်။ ရေသန့်ဆေးပြားအသုံးပြုပြီး သန့်စင်ထားတဲ့ရေကို အသုံးပြုပေးဖို့ လိုပါတယ်။ ရေလိုပဲ သန့်ရှင်းမှုရှိတဲ့ အစားအ သောက်တွေကိုပဲ စားသင့်ပါတယ်။ အစားအစာ စားသုံးတဲ့အခါ သန့်သန့်ရှင်းရှင်းနဲ့ သေချာကျက်အောင် ချက်ပြုတ်ထားတဲ့ အစာတွေ စားသုံးပေးသင့်ပါတယ်။ အစားအသောက်တွေ အစိမ်းစားတာမျိုး၊ စားနေကျ မဟုတ်တာတွေ အထူးသဖြင့် (Sea Food ) တွေ စားနေတာမျိုး မလုပ်သင့်ပါဘူး။ အစားအသောက်ထည့်တဲ့ ပန်းကန်ခွက်ယောက်တွေကို သန့်ရှင်းအောင်ထားဖို့ လိုအပ်ပါတယ်။

စိတ်ချရတဲ့ရေဆိုး (မိလ္လာ) စနစ်ရှိသင့် ပါတယ်။ ရေဆိုးနုတ်စနစ်အားနည်းမှုကြောင့်လည်း ဝမ်းရောဂါခံစား ရနိုင်ပါတယ်။ ဒါကြောင့်ကောင်းမွန်စိတ်ချရတဲ့ ရေဆိုးနုတ်စနစ်ထားရှိဖို့ လုပ်ဆောင်သင့်ပါတယ်။ ရေဆိုး နုတ်စနစ်ကို ရေအရင်းအဖြစ်နဲ့မီတာ ၃၀၊ ပေ ၆၀ အကွာမှာ ထားရှိသင့်ပါတယ်။ ရေဆိုးနုတ် မိလ္လာရှိတဲ့ အနီးတစ်ဝိုက် ထုံးဖြူးထားသင့်တယ်။ လုံလေးလုံဖြစ်တဲ့ အရှက်လုံး၊ အနံ့လုံ၊ ယင်လုံ၊ ရေအရင်းအမြစ်နဲ့ အကွာအဝေး လုံလောက်အောင်ရှိရတယ်။ လက်သန့်၊ အစာ သန့်၊ ရေသန့်၊ တစ်ကိုယ်ရည်သန့်၊ ပတ်ဝန်း ကျင်သန့်ရှင်းသင့်ပါတယ်။ ယင်မရှိအောင် ထားသင့်ပါတယ်။ ယင်မှတစ်ဆင့် ရောဂါသယ်ဆောင်နိုင်လို့ ယင်နှိမ်နင်းရေး ပြုလုပ်ထားသင့်ပါတယ်။ #Eleven