ဘာစီလိုနာအသင္းရဲ႕ စပိန္ ၾကယ္ ပြင့္ ဖယ္ရန္ေတာရက္စ္ကို PSG ေခၚယူ

ဘာစီလိုနာအသင္းရဲ႕ စပိန္ၾကယ္ပြင့္ ဖယ္ရန္ေတာရက္စ္ကို PSG ေခၚယူ
===================
ျပင္သစ္ထိပ္သီး PSG အသင္းဟာ ဘာစီလိုနာအသင္းရဲ႕ စပိန္ၾကယ္ပြင့္တိုက္စစ္ကစားသမား ဖယ္ရန္ေတာရက္စ္ကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို သန္း(၅၀)အသုံးျပဳခဲ့ၿပီး စာခ်ဳပ္သက္တမ္း ၂၀၃၁ ခုႏွစ္အထိ ေခၚယူခဲ့ေၾကာင္း အတည္ျပဳခဲ့ပါတယ္။
PSG အသင္းအေနနဲ႔ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ဂြန္ကာလိုဟယ္မိုစ္၊ မူအာနီတိုကို ေရာင္းထုတ္ခဲ့ၿပီး ဘာကိုလာကိုလည္း အသင္းကထြက္ခြင့္ေပးထားတာေၾကာင့္ ဖယ္ရန္ေတာရက္စ္ကို ျပန္လည္ေခၚယူခဲ့တာျဖစ္ပါတယ္။
ဖယ္ရန္ေတာရက္စ္အေနနဲ႔ PSG အသင္းမွာ ခါဗရာစကယ္လီယာ၊ ဒမ္ဘီလီ၊ ဒူအီတိုနဲ႔အၿပိဳင္ ပုံမွန္ပြဲထြက္ခြင့္အတြက္ တိုက္ပြဲဝင္သြားရမွာလည္းျဖစ္ပါတယ္။
ဘာစီလိုနာအသင်းရဲ့ စပိန်ကြယ်ပွင့် ဖယ်ရန်တောရက်စ်ကို PSG ခေါ်ယူ
===================
ပြင်သစ်ထိပ်သီး PSG အသင်းဟာ ဘာစီလိုနာအသင်းရဲ့ စပိန်ကြယ်ပွင့်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း(၅၀)အသုံးပြုခဲ့ပြီး စာချုပ်သက်တမ်း ၂၀၃၁ ခုနှစ်အထိ ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
PSG အသင်းအနေနဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂွန်ကာလိုဟယ်မိုစ်၊ မူအာနီတိုကို ရောင်းထုတ်ခဲ့ပြီး ဘာကိုလာကိုလည်း အသင်းကထွက်ခွင့်ပေးထားတာကြောင့် ဖယ်ရန်တောရက်စ်ကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဖယ်ရန်တောရက်စ်အနေနဲ့ PSG အသင်းမှာ ခါဗရာစကယ်လီယာ၊ ဒမ်ဘီလီ၊ ဒူအီတိုနဲ့အပြိုင် ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားရမှာလည်းဖြစ်ပါတယ်။




