YBS ယာဥ္စီးခမ်ားအား တိုးျမႇင့္ေကာက္ခံျခင္းမျပဳဘဲ ယခင္အတိုင္းသာ ေကာက္ခံ သြားမည္

YBS ယာဥ္စီးခမ်ားအား တိုးျမႇင့္ေကာက္ခံျခင္းမျပဳဘဲ ယခင္အတိုင္းသာ ေကာက္ခံသြားမည္
======================
ရန္ကုန္တိုင္းေဒသႀကီးအတြင္းေျပးဆြဲလ်က္ရွိသည့္ YBS ယာဥ္စီးခမ်ားအား ၂၀၂၆ ခုႏွစ္ စက္တင္ဘာလ ၁ ရက္မွစတင္၍ တိုးျမႇင့္ေကာက္ခံရန္ YRTC မွ ဩဂုတ္လ ၁၄ ရက္က မီဒီယာေတြ႕ဆုံပြဲျပဳလုပ္၍ အမ်ားျပည္သူသို႔ အသိေပးေၾကညာခဲ့ေသာ္လည္း ယင္းေၾကညာမႈအား ယေန႔တြင္ ပယ္ဖ်က္ကာ ယခင္အတိုင္းသာ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

“၂၀၂၆ ခုႏွစ္၊ ဩဂုတ္ ၁၄ ရက္ေန႔တြင္ YBS ခရီးသည္တင္ယာဥ္စီးခကို စက္တင္ဘာလ ၁ ရက္မွ စတင္၍ တိုးျမႇင့္ရန္ေၾကညာျခင္းအား ယေန႔ ၂၀၂၆ ခုႏွစ္ ဩဂုတ္လ ၁၆ ရက္ေန႔မွ ျပန္လည္ပယ္ဖ်က္လိုက္ ပါေၾကာင္း အမ်ားျပည္သူသိရွိႏိုင္ပါရန္ ေၾကညာအပ္ပါသည္”ဟု ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိက သယ္ယူ ပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC) တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က လက္မွတ္ေရးထိုး၍ မီဒီယာမ်ားသို႔အသိေပးခဲ့သည္။

ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC)သည္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေျပးဆြဲလ်က္ရွိသည့္ YBS ယာဥ္မ်ား ပိုမိုထြက္ရွိႏိုင္ရန္ႏွင့္ ျပင္ဆင္စရိတ္ႀကီးျမင့္မႈ အားကုစားႏိုင္ရန္ ယာဥ္စီးခႏႈန္းထားမ်ားေျပာင္းလဲေကာက္ခံႏိုင္ေရး စီစဥ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း မီဒီယာေတြ႕ဆုံပြဲ၌ သတင္းမီဒီယာမ်ားအား ခ်ျပခဲ့သည္။

YRTC ႀကီးၾကပ္မႈေအာက္တြင္ YBS ယာဥ္လိုင္းကုမၸဏီ ၂၁ ခု၊ စာရင္းရွိယာဥ္လိုင္း ၁၄၅ လိုင္း၊ စာရင္းရွိယာဥ္အစီးေရ ၅၃၉၉ စီးရွိၿပီး ေန႔စဥ္ေျပးဆြဲယာဥ္လိုင္း ၁၃၄ လိုင္း၊ ယာဥ္အစီးေရ ၃၃၀၀ စီးခန႔္ ျဖင့္ ခရီးသည္ ၁ ဒသမ ၈ သန္းခန႔္အား သယ္ယူပို႔ေဆာင္ေပးလ်က္ရွိေၾကာင္း သိရသည္။ source : MWD


YBS ယာဉ်စီးခများအား တိုးမြှင့်ကောက်ခံခြင်းမပြုဘဲ ယခင်အတိုင်းသာ ကောက်ခံသွားမည်
======================
ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျက်ရှိသည့် YBS ယာဉ်စီးခများအား ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်မှစတင်၍ တိုးမြှင့်ကောက်ခံရန် YRTC မှ ဩဂုတ်လ ၁၄ ရက်က မီဒီယာတွေ့ဆုံပွဲပြုလုပ်၍ အများပြည်သူသို့ အသိပေးကြေညာခဲ့သော်လည်း ယင်းကြေညာမှုအား ယနေ့တွင် ပယ်ဖျက်ကာ ယခင်အတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့တွင် YBS ခရီးသည်တင်ယာဉ်စီးခကို စက်တင်ဘာလ ၁ ရက်မှ စတင်၍ တိုးမြှင့်ရန်ကြေညာခြင်းအား ယနေ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှ ပြန်လည်ပယ်ဖျက်လိုက် ပါကြောင်း အများပြည်သူသိရှိနိုင်ပါရန် ကြေညာအပ်ပါသည်”ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က လက်မှတ်ရေးထိုး၍ မီဒီယာများသို့အသိပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်များ ပိုမိုထွက်ရှိနိုင်ရန်နှင့် ပြင်ဆင်စရိတ်ကြီးမြင့်မှု အားကုစားနိုင်ရန် ယာဉ်စီးခနှုန်းထားများပြောင်းလဲကောက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာတွေ့ဆုံပွဲ၌ သတင်းမီဒီယာများအား ချပြခဲ့သည်။

YRTC ကြီးကြပ်မှုအောက်တွင် YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ စာရင်းရှိယာဉ်လိုင်း ၁၄၅ လိုင်း၊ စာရင်းရှိယာဉ်အစီးရေ ၅၃၉၉ စီးရှိပြီး နေ့စဉ်ပြေးဆွဲယာဉ်လိုင်း ၁၃၄ လိုင်း၊ ယာဉ်အစီးရေ ၃၃၀၀ စီးခန့် ဖြင့် ခရီးသည် ၁ ဒသမ ၈ သန်းခန့်အား သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ source : MWD