အာဆင္နယ္က မန္စီးတီးကို ဂိုးျပတ္ႏိုင္ၿပီး ကြန္ျမဴနတီဒိုင္း ဆြတ္ခူး

အာဆင္နယ္က မန္စီးတီးကို ဂိုးျပတ္ႏိုင္ၿပီး ကြန္ျမဴနတီဒိုင္း ဆြတ္ခူး
=====================
၂၀၂၆ ခုႏွစ္ ကြန္ျမဴနတီဒိုင္းဗိုလ္လုပြဲစဥ္အျဖစ္ ယေန႔ည ၈ နာရီခြဲတြင္ အဂၤလန္ႏိုင္ငံဝင္ဘေလအားကစားကြင္း၌ အာဆင္နယ္အသင္းႏွင့္ မန္စီးတီးအသင္းတို႔ကစားခဲ့ရာ အာဆင္နယ္အသင္းက ၃ ဂိုး ဂိုးမရွိျဖင့္ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီး(၁၈)ႀကိမ္ေျမာက္ ဆြတ္ခူးႏိုင္ခဲ့ေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ ေဘာလုံးရာသီက အာဆင္နယ္အသင္းသည္ ပရီးမီးယားလိဂ္ဖလားႏွင့္မန္စီးတီးအသင္းက အက္ဖ္ေအဖလားဆြတ္ခူးႏိုင္ခဲ့ၾကသည့္အတြက္ ကြန္ျမဴနတီဒိုင္းဗိုလ္လုပြဲစဥ္အျဖစ္ ကစားခဲ့ရျခင္းျဖစ္သည္။
အဆိုပါပြဲစဥ္တြင္ ပြဲစကတည္းက အာဆင္နယ္အသင္းက ေျခစြမ္းပိုင္းအသာျဖင့္ဖိအားေပးကစားႏိုင္ခဲ့ၿပီး မန္စီးတီးအသင္းအေနျဖင့္ ပုံစံေကာင္းေပ်ာက္ဆုံးခဲ့ၿပီးေနာက္ ပြဲအစတစ္မိနစ္တြင္ပင္ ကယ္လာဖီအိုရီက အာဆင္နယ္အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ၂၈ မိနစ္တြင္လည္း ကိုင္ဟာဗက္က အာဆင္နယ္အသင္းအတြက္ ဒုတိယဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့သည့္အတြက္ ပထမပိုင္းအၿပီးတြင္ အာဆင္နယ္အသင္းက ၂ ဂိုး ဂိုးမရွိျဖင့္ ဦးေဆာင္ႏိုင္ခဲ့သည္။
ထို႔ေနာက္ ဒုတိယပိုင္းျပန္လည္စတင္ခ်ိန္တြင္လည္း မန္စီးတီးအသင္းကစားပုံမွာ လိုအပ္ခ်က္မ်ားရွိေနၿပီး အာဆင္နယ္အသင္းကပင္ ေျခစြမ္းပိုင္းအသာျဖင့္ ဆက္လက္ဖိအားေပးကစားႏိုင္ခဲ့ကာ ပြဲခ်ိန္ ၄၈ မိနစ္တြင္ အိုဒီဂတ္က မန္စီးတီးအသင္းကစားသမားမ်ားကို တစ္ဦးခ်င္းအေကာင္းဆုံးေက်ာ္ျဖတ္ၿပီး အာဆင္နယ္အသင္းအတြက္ တတိယဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့သည့္အတြက္ ပြဲၿပီးဆုံးခ်ိန္တြင္ အာဆင္နယ္အသင္းကကြန္ျမဴနတီဒိုင္းကို ဆြတ္ခူးႏိုင္ခဲ့ျခင္း ျဖစ္သည္။
အာဆင်နယ်က မန်စီးတီးကို ဂိုးပြတ်နိုင်ပြီး ကွန်မြူနတီဒိုင်း ဆွတ်ခူး
=====================
၂၀၂၆ ခုနှစ် ကွန်မြူနတီဒိုင်းဗိုလ်လုပွဲစဉ်အဖြစ် ယနေ့ည ၈ နာရီခွဲတွင် အင်္ဂလန်နိုင်ငံဝင်ဘလေအားကစားကွင်း၌ အာဆင်နယ်အသင်းနှင့် မန်စီးတီးအသင်းတို့ကစားခဲ့ရာ အာဆင်နယ်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး(၁၈)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဘောလုံးရာသီက အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ဖလားနှင့်မန်စီးတီးအသင်းက အက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ကြသည့်အတွက် ကွန်မြူနတီဒိုင်းဗိုလ်လုပွဲစဉ်အဖြစ် ကစားခဲ့ရခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက အာဆင်နယ်အသင်းက ခြေစွမ်းပိုင်းအသာဖြင့်ဖိအားပေးကစားနိုင်ခဲ့ပြီး မန်စီးတီးအသင်းအနေဖြင့် ပုံစံကောင်းပျောက်ဆုံးခဲ့ပြီးနောက် ပွဲအစတစ်မိနစ်တွင်ပင် ကယ်လာဖီအိုရီက အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၈ မိနစ်တွင်လည်း ကိုင်ဟာဗက်က အာဆင်နယ်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် အာဆင်နယ်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင်လည်း မန်စီးတီးအသင်းကစားပုံမှာ လိုအပ်ချက်များရှိနေပြီး အာဆင်နယ်အသင်းကပင် ခြေစွမ်းပိုင်းအသာဖြင့် ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၄၈ မိနစ်တွင် အိုဒီဂတ်က မန်စီးတီးအသင်းကစားသမားများကို တစ်ဦးချင်းအကောင်းဆုံးကျော်ဖြတ်ပြီး အာဆင်နယ်အသင်းအတွက် တတိယဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် အာဆင်နယ်အသင်းကကွန်မြူနတီဒိုင်းကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။




