က ေလာ ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီက ေရ ေဘး ေၾကာင့္ ႐ႊံ႕ႏြံမ်ားအား ဖယ္ရွားရာတြင္ လုပ္အားေပးေဆာင္ ႐ြက္

က ေလာ ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီက ေရ ေဘး ေၾကာင့္ ႐ႊံ႕ႏြံမ်ားအား ဖယ္ရွားရာတြင္ လုပ္အားေပးေဆာင္ ႐ြက္
==================
ဩဂုတ္ ၁၁၊ ကေလာ

ကေလာၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ဦးသန႔္ေဇာ္ဦး ဦးေဆာင္၍ လူငယ္ပါတီဝင္မ်ားသည္ ကေလာၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္အတြင္း ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့ၿပီး ေရက်ခ်ိန္ ေနအိမ္မ်ားအတြင္း တင္က်န္ခဲ့ေသာ ႐ႊံ႕ႏြံမ်ားအား ဖယ္ရွားရာတြင္ ျပည္သူလူထုႏွင့္ ကူညီလုပ္အားေပးေဆာင္႐ြက္ခဲ့ၿပီး ေနာက္ရက္မ်ားတြင္လည္း ေရေဘးသင့္ျပည္သူမ်ားအား ဆက္လက္ကူညီသြားမည္ျဖစ္ေၾကာင္း သတင္းရရွိပါသည္။


ကလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ရေဘေးကြောင့် ရွှံ့နွံများအား ဖယ်ရှားရာတွင် လုပ်အားပေးဆောင်ရွက်
==================
ဩဂုတ် ၁၁၊ ကလော

ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးသန့်ဇော်ဦး ဦးဆောင်၍ လူငယ်ပါတီဝင်များသည် ကလောမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေကျချိန် နေအိမ်များအတွင်း တင်ကျန်ခဲ့သော ရွှံ့နွံများအား ဖယ်ရှားရာတွင် ပြည်သူလူထုနှင့် ကူညီလုပ်အားပေးဆောင်ရွက်ခဲ့ပြီး နောက်ရက်များတွင်လည်း ရေဘေးသင့်ပြည်သူများအား ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။