အြ န္ လိုင္း လိမ္လည္ေလာင္းကစားမႈမ်ား လုပ္ကိုင္ခဲ့ေသာ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၆ဝ ဦးအား လုပ္ငန္းသုံးပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ

အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ား လုပ္ကိုင္ခဲ့ေသာ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၆ဝ ဦးအား လုပ္ငန္းသုံးပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ
====================
ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာၿပီး မူဆယ္ၿမိဳ႕၌ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ား လုပ္ကိုင္ခဲ့ေသာ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၆ဝ ဦးအား လုပ္ငန္းသုံးပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။
ၾသဂုတ္လ ၁၁ရက္ေန႔နံနက္ ၁၀ နာရီ ၃၅ မိနစ္ခန႔္တြင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕၊ ေတာ္႐ြက္ရပ္ကြက္၊ မဂၤလာမူဆယ္လမ္းရွိ ေနအိမ္တစ္လုံးအား လုံၿခဳံေရးပူးေပါင္းအဖြဲ႕မ်ားက သတင္းအရ ဝင္ေရာက္စစ္ေဆးခဲ့ရာ ေနအိမ္အတြင္းမွ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈက်ဴးလြန္သူ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၆ဝ ဦးအား ဖုန္းမ်ိဳးစုံ ၈၅ လုံး All In One ကြန္ပ်ဴတာ ၁၁ လုံး၊ Star Link ၂ လုံး၊ Power Station ၂ လုံး၊ Laptop ၄ လုံး၊ UPS ၁ ခု ၊ ဆိုင္ကယ္ ၂ စီး ၊ ဆက္စပ္ပစၥည္းတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္းသိရွိရသည္။
အဆိုပါ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ားလုပ္ကိုင္လ်က္ရွိသည့္ ဖမ္းဆီးရမိသူမ်ားအား လိုအပ္သည့္စစ္ေဆးမႈမ်ား ေဆာင္႐ြက္ၿပီးစီးပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ ထိေရာက္ျပင္းထန္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ၿပီး သိမ္းဆည္းရမိသည့္ လုပ္ငန္းသုံးပစၥည္းမ်ားအား လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။
အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား အမျိုးသား ၆ဝ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
====================
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား အမျိုးသား ၆ဝ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
သြဂုတ်လ ၁၁ရက်နေ့နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းရှိ နေအိမ်တစ်လုံးအား လုံခြုံရေးပူးပေါင်းအဖွဲ့များက သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ နေအိမ်အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၆ဝ ဦးအား ဖုန်းမျိုးစုံ ၈၅ လုံး All In One ကွန်ပျူတာ ၁၁ လုံး၊ Star Link ၂ လုံး၊ Power Station ၂ လုံး၊ Laptop ၄ လုံး၊ UPS ၁ ခု ၊ ဆိုင်ကယ် ၂ စီး ၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။




