အိႏၵိယႏိုင္ငံတစ္ဝန္း မုတ္သုံမိုးသည္းထန္စြာ႐ြာၿပီး ေျမၿပိဳမႈမ်ားျဖစ္ပြား၊ ၿမိဳ႕ေတာ္ေဒလီတြင္ အေဆာက္အအုံၿပိဳက်၍ လူ ၄ ဦးေသဆုံးကာ ျပည္နယ္အသီးသီး၌ ေသဆုံးသူ ျမင့္တက္ေန

အိႏၵိယႏိုင္ငံတစ္ဝန္း မုတ္သုံမိုးသည္းထန္စြာ႐ြာၿပီး ေျမၿပိဳမႈမ်ားျဖစ္ပြား၊ ၿမိဳ႕ေတာ္ေဒလီတြင္ အေဆာက္အအုံၿပိဳက်၍ လူ ၄ ဦးေသဆုံးကာ ျပည္နယ္အသီးသီး၌ ေသဆုံးသူ ျမင့္တက္ေန
=========================
ဇူလိုင္ ၉
အိႏၵိယႏိုင္ငံတြင္ မုတ္သုံမိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ျပည္နယ္အမ်ားအျပားတြင္ ေျမၿပိဳမႈမ်ားႏွင့္ ေရ ႀကီးေရလွ်ံမႈမ်ား ဆိုး႐ြားစြာျဖစ္ပြားေနၿပီး၊ ၿမိဳ႕ေတာ္ နယူးေဒလီတြင္ အေဆာက္ အအုံတစ္ခု ၿပိဳက်မႈေၾကာင့္ အနည္း ဆုံး လူ ၄ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။ ၎ျဖစ္ရပ္သည္ ရက္ဆက္မိုး႐ြာသြန္းမႈေၾကာင့္ ႏိုင္ငံအႏွံ႔ ကေမာက္ ကမျဖစ္ေနရသည့္ ေဘးအႏၲရာယ္မ်ားအနက္ ေနာက္ဆုံး ျဖစ္ရပ္တစ္ခု ျဖစ္သည္။

အိႏၵိယသတင္းေအဂ်င္စီ ANI ၏ ထုတ္ျပန္ခ်က္အရ ေဒလီၿမိဳ႕ရွိ အေဆာက္အအုံၿပိဳက်ရာ အပ်က္အစီးမ်ားအၾကားမွ လူတစ္ဦးကိုမူ အသက္ရွင္လ်က္ အခ်ိန္မီကယ္ ဆယ္ႏိုင္ခဲ့သည္။ လက္ရွိတြင္ အိႏၵိယမိုးေလဝသဌာနက ေဒလီၿမိဳ႕၏ အခ်ိဳ႕ေသာအစိတ္ အပိုင္းမ်ားႏွင့္ အိမ္နီးနားခ်င္း ဟာရီယာနာ (Haryana)ျပည္ နယ္တို႔အတြက္ မိုးသက္မုန္ တိုင္း ျပင္းထန္စြာ ထပ္မံ႐ြာသြန္းႏိုင္ေၾကာင္း “အနီေရာင္” အဆင့္ အျမင့္ဆုံးသတိေပးခ်က္ ထုတ္ျပန္ထားသည္။

ေဒလီအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ သြားရာလမ္းအခ်ိဳ႕ တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားေနသျဖင့္ ခရီးသည္မ်ားအေနျဖင့္ ေလဆိပ္သို႔သြားပါက ပုံမွန္ထက္ ခရီးသြားလာခ်ိန္ ပိုမိုယူၾကရန္ ေလဆိပ္အာဏာပိုင္မ်ားက သတိေပးႏႈိးေဆာ္ထားသည္။

ႏိုင္ငံေတာင္ပိုင္း ကီရီလာ (Kerala) ျပည္နယ္၊ ဝါယနတ္ (Wayanad) ေဒသတြင္ အဂၤါေန႔က အႀကီးအက်ယ္ ေျမၿပိဳမႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ ၄ ဦး ေသဆုံးခဲ့ေၾကာင္း ေဒသတြင္း မီဒီယာမ်ားက ေဖာ္ျပသည္။ အလား တူ ႏိုင္ငံအေနာက္ပိုင္း မဟာရ႒ရ (Maharashtra) ျပည္နယ္တြင္လည္း မိုး႐ြာသြန္းမႈႏွင့္ ဆက္ႏႊယ္သည့္ မေတာ္တဆမႈအမ်ိဳးမ်ိဳးေၾကာင့္ ယခုသီတင္းပတ္အေစာပိုင္းအထိ အနည္းဆုံး လူ ၁၃ ဦး ေသဆုံးခဲ့ေၾကာင္း ျပည္နယ္အစိုးရဝန္ႀကီးတစ္ဦးက အတည္ျပဳေျပာၾကားခဲ့သည္။

မဟာရ႒ရျပည္နယ္၊ မြန္ဘိုင္းၿမိဳ႕အနီးရွိ ပူေနး (Pune) ၿမိဳ႕တြင္မူ စြန႔္ပစ္ပစၥည္းသန႔္စင္သည့္ စက္႐ုံတစ္ခု၌ ဧရာမအမႈိက္ပုံႀကီး ၿပိဳက်မႈျဖစ္ပြားခဲ့သည္။ လက္ရွိတြင္ အမႈိက္ပုံအပ်က္အစီးမ်ားေအာက္မွ လူ ၇ ဦးကို ကယ္ဆယ္ႏိုင္ခဲ့ၿပီး က်န္ရွိေနသည့္ လူ ၉ ဦးမွာမူ ပိတ္မိေနဆဲျဖစ္သျဖင့္ အသက္အႏၲရာယ္ စိုးရိမ္ရသည့္အေျခအေနႏွင့္ ရင္ဆိုင္ေနရသည္။

ထို႔ျပင္ ႏိုင္ငံ၏အျခားေနရာမ်ားျဖစ္ေသာ အာဂရာ (Agra) ၿမိဳ႕တြင္ လမ္းမမ်ားေပၚ၌ ေရလွ်ံေနၿပီး၊ ဂူဂ်ရတ္ (Gujarat) ျပည္နယ္တြင္ အေဝးေျပးလမ္းမႀကီးမ်ား ေရလႊမ္းမိုးေနသျဖင့္ ေဒသခံျပည္သူမ်ားသည္ ဒူးဆစ္ခန႔္အထိ နက္ေသာေရမ်ားအတြင္း ျဖတ္သန္းသြားလာေနၾကရကာ လမ္းပန္းဆက္သြယ္ေရး အျပင္းအထန္ ျပတ္ေတာက္လ်က္ရွိေၾကာင္း ႐ုပ္သံမွတ္တမ္းမ်ားအရ သိရသည္။


အိန္ဒိယနိုင်ငံတစ်ဝန်း မုတ်သုံမိုးသည်းထန်စွာရွာပြီး မြေပြိုမှုများဖြစ်ပွား၊ မြို့တော်ဒေလီတွင် အဆောက်အအုံပြိုကျ၍ လူ ၄ ဦးသေဆုံးကာ ပြည်နယ်အသီးသီး၌ သေဆုံးသူ မြင့်တက်နေ
=========================
ဇူလိုင် ၉
အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်နယ်အများအပြားတွင် မြေပြိုမှုများနှင့် ရေ ကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပွားနေပြီး၊ မြို့တော် နယူးဒေလီတွင် အဆောက် အအုံတစ်ခု ပြိုကျမှုကြောင့် အနည်း ဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းဖြစ်ရပ်သည် ရက်ဆက်မိုးရွာသွန်းမှုကြောင့် နိုင်ငံအနှံ့ ကမောက် ကမဖြစ်နေရသည့် ဘေးအန္တရာယ်များအနက် နောက်ဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သည်။

အိန္ဒိယသတင်းအေဂျင်စီ ANI ၏ ထုတ်ပြန်ချက်အရ ဒေလီမြို့ရှိ အဆောက်အအုံပြိုကျရာ အပျက်အစီးများအကြားမှ လူတစ်ဦးကိုမူ အသက်ရှင်လျက် အချိန်မီကယ် ဆယ်နိုင်ခဲ့သည်။ လက်ရှိတွင် အိန္ဒိယမိုးလေဝသဌာနက ဒေလီမြို့၏ အချို့သောအစိတ် အပိုင်းများနှင့် အိမ်နီးနားချင်း ဟာရီယာနာ (Haryana)ပြည် နယ်တို့အတွက် မိုးသက်မုန် တိုင်း ပြင်းထန်စွာ ထပ်မံရွာသွန်းနိုင်ကြောင်း “အနီရောင်” အဆင့် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားသည်။

ဒေလီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရာလမ်းအချို့ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသဖြင့် ခရီးသည်များအနေဖြင့် လေဆိပ်သို့သွားပါက ပုံမှန်ထက် ခရီးသွားလာချိန် ပိုမိုယူကြရန် လေဆိပ်အာဏာပိုင်များက သတိပေးနှိုးဆော်ထားသည်။

နိုင်ငံတောင်ပိုင်း ကီရီလာ (Kerala) ပြည်နယ်၊ ဝါယနတ် (Wayanad) ဒေသတွင် အင်္ဂါနေ့က အကြီးအကျယ် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။ အလား တူ နိုင်ငံအနောက်ပိုင်း မဟာရဋ္ဌရ (Maharashtra) ပြည်နယ်တွင်လည်း မိုးရွာသွန်းမှုနှင့် ဆက်နွှယ်သည့် မတော်တဆမှုအမျိုးမျိုးကြောင့် ယခုသီတင်းပတ်အစောပိုင်းအထိ အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရဝန်ကြီးတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

မဟာရဋ္ဌရပြည်နယ်၊ မွန်ဘိုင်းမြို့အနီးရှိ ပူနေး (Pune) မြို့တွင်မူ စွန့်ပစ်ပစ္စည်းသန့်စင်သည့် စက်ရုံတစ်ခု၌ ဧရာမအမှိုက်ပုံကြီး ပြိုကျမှုဖြစ်ပွားခဲ့သည်။ လက်ရှိတွင် အမှိုက်ပုံအပျက်အစီးများအောက်မှ လူ ၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် လူ ၉ ဦးမှာမူ ပိတ်မိနေဆဲဖြစ်သဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ထို့ပြင် နိုင်ငံ၏အခြားနေရာများဖြစ်သော အာဂရာ (Agra) မြို့တွင် လမ်းမများပေါ်၌ ရေလျှံနေပြီး၊ ဂူဂျရတ် (Gujarat) ပြည်နယ်တွင် အဝေးပြေးလမ်းမကြီးများ ရေလွှမ်းမိုးနေသဖြင့် ဒေသခံပြည်သူများသည် ဒူးဆစ်ခန့်အထိ နက်သောရေများအတွင်း ဖြတ်သန်းသွားလာနေကြရကာ လမ်းပန်းဆက်သွယ်ရေး အပြင်းအထန် ပြတ်တောက်လျက်ရှိကြောင်း ရုပ်သံမှတ်တမ်းများအရ သိရသည်။