စပိန်တောမီး လောင်ကျွမ်းမှု စစ်သားများ ပါဝင်ငြှိမ်းသတ်နေရ
စပိန်နိုင်ငံ ဗလင်စီယာမြို့အနီး တောမီးလောင်ကျွမ်းမှုမှာ သဘာဝ ဘေးမဲ့တောကို ကူးစက်လာတာကြောင့် စစ်သားများပါ ပါဝင်ငြှိမ်းသတ်နေရကြောင်း သိရပါတယ်။ ဗလင်စီယာမြို့အနီး လောင်ကျွမ်းနေတဲ့ တောမီးက မြေဧရိယာ ၁,၄၀၀ ဟက်တာမှာ လောင်ကျွမ်းခဲ့ပြီး ဖြစ်ပါတယ်။
တောမီးဟာ တနင်္လာနေ့က ဗလင်စီယာမြို့ မြောက်ဘက်မှာ စတင်လောင်ကျွမ်းခဲ့ပြီး တောမီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ တောမီးမှာ လူနေအိမ်များကို ကူးစက်လောင်ကျွမ်းခြင်း မရှိပေမဲ့ သဘာဝ ဘေးမဲ့တောကို ကူးစက်နေတယ်လို့ ဆိုပါတယ်။
ဗလင်စီယာမြို့အနီး လောင်ကျွမ်းနေတဲ့ တောမီးကို စစ်သားများ အပါအဝင် လူ ၃၀၀ ကျော်၊မီးသတ်လေယာဉ်နဲ့ ရဟတ်ယာဉ် ၂၇ စီးက ကူးစက်လောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပါတယ်။
Source & Photo: AFP