သဘာဝဘေးအန္တရာယ်ဒဏ်ခံစားခဲ့ရသည့် သာစည် ရမည်းသင်း ပျော်ဘွယ်မြို့နယ်များအတွင်း ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ကူညီမှုများဆောင်ရွက်

96617644-01052016

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်အတွင်း ဧပြီ ၂၉ ရက်နှင့် ၃ဝရက်တို့တွင် တိုက်ခတ်သည့် မိုးသက် လေပြင်းနှင့် မိုးသီး စသည့်သဘာဝဘေး အန္တရာယ် ဒဏ်ခံစားခဲ့ရသည့် သာစည်၊ ရမည်းသင်း၊ ပျော်ဘွယ် မြို့နယ် များမှ ရပ်ကွက်များနှင့် ကျေးရွာများမှ ပြည်သူလူထုအား ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် အမတ်များ၊ ခရိုင်နှင့်မြို့နယ်များမှ ပါတီအတွင်း ရေးမှူးများနှင့် ပါတီကော်မတီဝင်များ၊ ပါတီဝင်များက သွားရောက် ကူညီအားပေးလှူဒါန်းမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သာစည်မြို့နယ်အတွင်း သဘာဝဘေးဒဏ ခံစားခဲ့ရသည့် ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူလူထုအား ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးမြင့်သိန်းနှင့် ဦးစံထွန်း၊ သာစည်မြို့နယ် ပါတီအတွင်းရေးမှူးတို့က ဦးဆောင်၍ ပြည်ခိုင်ဖြိုး ပါတီဝင်များက အားပေးစကားများ ပြောကြားခြင်း၊ ပြန်လည်ထူထောင်ရေးအတွက် သွပ်များ၊ အိမ် ရိုက်သံ များနှင့် အလှူငွေလှူဒါန်း ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အလားတူ သဘာဝဘေးဒဏ် ခံစားခဲ့ရသည့် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ ပြည်သူလူထုအား ရမည်းသင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နှင့် ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်သန်းသန်းအေးတို့ ဦးဆောင်၍ ပြည်ခိုင်ဖြိုး ပါတီဝင်များက ပြန်လည်ထူထောင် ရေးအတွက်သွပ်များ၊ အိမ်ရိုက်သံများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။ သာစည်၊ ရမည်းသင်းနှင့် ပျော်ဘွယ် မြို့နယ်များအတွင်း ကျရောက်ခဲ့သည့် သဘာဝဘေး အန္တရာယ်ကြောင့် ရမည်းသင်း မြို့နယ်တွင် လူသုံးဦးနှင့်ပျော်ဘွယ် မြို့နယ်တွင် လူတစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ပြီး စေတီများ ထီးတော်မြေခခြင်းနှင့် ယိုင်သွား ခြင်း၊ ဘုန်းကြီးကျောင်းများ ပြိုကျ ပျက်စီးခြင်းနှင့် အမိုးလန်ခြင်း၊ စာသင်ကျောင်းများ အမိုးလန်ခြင်းနှင့် ပျက်စီးခြင်း၊ လူနေအိမ်များ ပြိုကျပျက်စီးခြင်းနှင့် အမိုးလန်ခြင်း များဖြစ်ခဲ့ရပြီး ပြည်ခိုင်ဖြိုးပါတီ နည်းတူလှူဒါန်းလိုပါက သက်ဆိုင်ရာ ထွေ/အုပ်ရုံးများနှင့် လူမှု ဝန်ထမ်းကယ်ဆယ်ရေးရုံးများသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


Leave a Reply