ေပ်ာ္ဘြယ္ၿမိဳ႕ အေမထိန္းခန္းမျပန္လည္တည္ေဆာက္ေရး အစည္းအေဝးကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး တက္ေရာက္

ေပ်ာ္ဘြယ္ၿမိဳ႕ အေမထိန္းခန္းမျပန္လည္တည္ေဆာက္ေရး အစည္းအေဝးကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး တက္ေရာက္
==============================
ေပ်ာ္ဘြယ္ ၊ ေမ ၇

၂၀၂၅ခုႏွစ္ မတ္လ ၂၈ရက္ေန႔က လႈပ္ခပ္ခဲ့ေသာ အင္အားျပင္းထန္သည့္မႏၲေလးငလ်င္ေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့သည့္ ေပ်ာ္ဘြယ္ၿမိဳ႕ ၊ ရန္ကုန္ – မႏၲေလးလမ္းေဟာင္းေပၚရွိ အေမထိန္းခန္းမ ျပန္လည္တည္ေဆာက္ေရး အစည္းအေဝးကို ျပည္ခိုင္ၿဖိဳးပါတီအေထြေထြအတြင္းေရးမႈး၊ ေပ်ာ္ဘြယ္ၿမိဳနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးတက္ေရာက္ခဲ့သည္။

ေပ်ာ္ဘြယ္ၿမိဳ ၊ အေမထိန္းခန္းမ ျပန္လည္တည္ေဆာင္ေရးလုပ္ငန္းညႇိႏွိင္းအစည္းအေဝးကို ေမလ ၅ရက္ေန႔က ေပ်ာ္ဘြယ္ၿမိဳနယ္အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးတြင္က်င္းပျပဳလုပ္ခဲ့ၿပီး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး ၊ ေပ်ာ္ဘြယ္ၿမိဳနယ္ရွိ ဌာနဆိုင္ရာအသီးသီးမွ တာဝန္ရွိသူမ်ား ၊ ေပ်ာ္ဘြယ္ၿမိဳ‌ေပၚရပ္ကြက္အသီးသီးနယ္ပယ္အသီးသီးမွလုပ္ငန္းရွင္မ်ား၊ အလႉရွင္မ်ားႏွင့္ ၿမိဳေပၚရပ္ကြက္အသီးသီးမွအုပ္ခ်ဳပ္ေရးမႈးမ်ားတက္ေရာက္ခဲ့သည္။

အဆိုပါအေမထိန္းခန္းမျပန္လည္တည္ေဆာက္ေရးလုပ္ငန္းညႇိႏွိင္းအစည္းအေဝးတြင္ ၿမိဳက်က္သေရေဆာင္ခန္းမျဖစ္သည့္အတြက္ ခန္းမတည္ေဆာက္ေရးကို ေခတ္ႏွင့္အညီျပန္လည္တည္ေဆာက္ေရး ၊ ကားပါကင္မ်ားစနစ္တက်ထားရွိႏိုင္‌ေရးအပါအဝင္ ေခတ္မွီၿမိဳနယ္ခန္းမတစ္ခုျဖစ္ေစရန္ ဦးစားေပးေဆြးေႏြးခဲ့ၿပီး ေပ်ာ္ဘြယ္ၿမိဳသူၿမိဳသားမ်ားမွ လႉဒါန္းသည့္ အလႉေငြမ်ားကိုလည္း စနစ္တက်သုံးစြဲႏိုင္ေရးတိုကို ေဆြးေႏြးေဆာင္႐ြက္ခဲ့သည္။

ေပ်ာ္ဘြယ္ၿမိဳ ၊ အေမထိန္းခန္းမျပန္လည္တည္ေဆာက္မည့္ ေျမေနရာသည္ အလ်ား ေပ (၁၇၀‌)ေပ ႏွင့္ အနံေပ (၁၀၅‌)ေပ က်ယ္ဝန္းၿပီး ရန္ကုန္ – မႏၲေလးလမ္းေဟာင္းေပၚတြင္တည္ရွိသည္။


ပျော်ဘွယ်မြို့ အမေထိန်းခန်းမပြန်လည်တည်ဆောက်ရေး အစည်းအဝေးကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး တက်ရောက်
==============================
ပျော်ဘွယ် ၊ မေ ၇

၂၀၂၅ခုနှစ် မတ်လ ၂၈ရက်နေ့က လှုပ်ခပ်ခဲ့သော အင်အားပြင်းထန်သည့်မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ပျော်ဘွယ်မြို့ ၊ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ အမေထိန်းခန်းမ ပြန်လည်တည်ဆောက်ရေး အစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှုး၊ ပျော်ဘွယ်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးတက်ရောက်ခဲ့သည်။

ပျော်ဘွယ်မြို ၊ အမေထိန်းခန်းမ ပြန်လည်တည်ဆောင်ရေးလုပ်ငန်းညှိနှိင်းအစည်းအဝေးကို မေလ ၅ရက်နေ့က ပျော်ဘွယ်မြိုနယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး ၊ ပျော်ဘွယ်မြိုနယ်ရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ ၊ ပျော်ဘွယ်မြို‌ပေါ်ရပ်ကွက်အသီးသီးနယ်ပယ်အသီးသီးမှလုပ်ငန်းရှင်များ၊ အလှူရှင်များနှင့် မြိုပေါ်ရပ်ကွက်အသီးသီးမှအုပ်ချုပ်ရေးမှုးများတက်ရောက်ခဲ့သည်။

အဆိုပါအမေထိန်းခန်းမပြန်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် မြိုကျက်သရေဆောင်ခန်းမဖြစ်သည့်အတွက် ခန်းမတည်ဆောက်ရေးကို ခေတ်နှင့်အညီပြန်လည်တည်ဆောက်ရေး ၊ ကားပါကင်များစနစ်တကျထားရှိနိုင်‌ရေးအပါအဝင် ခေတ်မှီမြိုနယ်ခန်းမတစ်ခုဖြစ်စေရန် ဦးစားပေးဆွေးနွေးခဲ့ပြီး ပျော်ဘွယ်မြိုသူမြိုသားများမှ လှူဒါန်းသည့် အလှူငွေများကိုလည်း စနစ်တကျသုံးစွဲနိုင်ရေးတိုကို ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ပျော်ဘွယ်မြို ၊ အမေထိန်းခန်းမပြန်လည်တည်ဆောက်မည့် မြေနေရာသည် အလျား ပေ (၁၇၀‌)ပေ နှင့် အနံပေ (၁၀၅‌)ပေ ကျယ်ဝန်းပြီး ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တွင်တည်ရှိသည်။