ေျမာက္ကိုရီးယားက ကိုယ္ပိုင္နည္းပညာအသုံးျပဳ စမတ္ဖုန္းအသစ္မ်ားကို ထုတ္ေဖာ္ျပသ

ေျမာက္ကိုရီးယားက ကိုယ္ပိုင္နည္းပညာအသုံးျပဳ စမတ္ဖုန္းအသစ္မ်ားကို ထုတ္ေဖာ္ျပသ
========================
ေျမာက္ကိုရီးယားႏိုင္ငံ၌ က်င္းပျပဳလုပ္ေနသည့္ ကုန္စည္ျပပြဲတြင္ ၎တို႔ကိုယ္ပိုင္နည္းပညာျဖင့္ ထုတ္လုပ္ထားသည့္ ေနာက္ဆုံးေပၚ Jindallae စမတ္ဖုန္းမ်ားကို ထုတ္ေဖာ္ျပသလ်က္ရွိေၾကာင္း သိရသည္။

႐ုရွားႏွင့္ တ႐ုတ္တို႔အပါအဝင္ ႏိုင္ငံေပါင္း ေျခာက္ႏိုင္ငံမွ ကုမၸဏီေပါင္း ၂၉၀ ေက်ာ္ ပါဝင္သည့္ ႏိုင္ငံတကာကုန္စည္ျပပြဲကို ေမလ ၄ ရက္တြင္ စတင္ခဲ့ၿပီး ႏိုင္ငံျခားသားဧည့္သည္မ်ားႏွင့္ ကုမၸဏီမ်ားစြာ တက္ေရာက္ခဲ့သည္။

ကိုရီးယားဘာသာျဖင့္ “ႏွင္းဆီပန္း” ဟု အဓိပၸာယ္ရသည့္ Jindallae စမတ္ဖုန္းမ်ားကို အေရာင္အေသြးစုံစြာ ထုတ္လုပ္ထားၿပီး မွန္ဘီလူးအမ်ားအျပား ပါဝင္သည့္ စက္ဝိုင္းပုံ ကင္မရာစနစ္ကို အသုံးျပဳထားသည္။ ထိုဖုန္းမ်ားကို ျပည္တြင္းကြန္ရက္မွတစ္ဆင့္ ဆက္သြယ္ႏိုင္ရန္ စီစဥ္ထားေသာ္လည္း ေျမာက္ကိုရီးယား၏ ကုန္ထုတ္လုပ္မႈအေျခအေနအရ အရည္အေသြးျမင့္ နည္းပညာပစၥည္းမ်ား ထုတ္လုပ္ႏိုင္စြမ္းကိုမူ ကြၽမ္းက်င္သူမ်ားက သံသယရွိေနသည္။

၂၀၁၇ ခုႏွစ္တြင္ ပထမဆုံး စတင္မိတ္ဆက္ခဲ့သည့္ အဆိုပါဖုန္းအမွတ္တံဆိပ္၏ ယခုျပသထားေသာ ေနာက္ဆုံးေပၚေမာ္ဒယ္မွာ ၂၀၂၅ ခုႏွစ္က ထြက္ရွိခဲ့သည့္ အမ်ိဳးအစားႏွင့္ ဆင္တူေနေၾကာင္း ေတာင္ကိုရီးယား၏ Yonhap သတင္းဌာနက ေဖာ္ျပထားသည္။

Ref: ST


မြောက်ကိုရီးယားက ကိုယ်ပိုင်နည်းပညာအသုံးပြု စမတ်ဖုန်းအသစ်များကို ထုတ်ဖော်ပြသ
========================
မြောက်ကိုရီးယားနိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် ကုန်စည်ပြပွဲတွင် ၎င်းတို့ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်ထားသည့် နောက်ဆုံးပေါ် Jindallae စမတ်ဖုန်းများကို ထုတ်ဖော်ပြသလျက်ရှိကြောင်း သိရသည်။

ရုရှားနှင့် တရုတ်တို့အပါအဝင် နိုင်ငံပေါင်း ခြောက်နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၉၀ ကျော် ပါဝင်သည့် နိုင်ငံတကာကုန်စည်ပြပွဲကို မေလ ၄ ရက်တွင် စတင်ခဲ့ပြီး နိုင်ငံခြားသားဧည့်သည်များနှင့် ကုမ္ပဏီများစွာ တက်ရောက်ခဲ့သည်။

ကိုရီးယားဘာသာဖြင့် “နှင်းဆီပန်း” ဟု အဓိပ္ပာယ်ရသည့် Jindallae စမတ်ဖုန်းများကို အရောင်အသွေးစုံစွာ ထုတ်လုပ်ထားပြီး မှန်ဘီလူးအများအပြား ပါဝင်သည့် စက်ဝိုင်းပုံ ကင်မရာစနစ်ကို အသုံးပြုထားသည်။ ထိုဖုန်းများကို ပြည်တွင်းကွန်ရက်မှတစ်ဆင့် ဆက်သွယ်နိုင်ရန် စီစဉ်ထားသော်လည်း မြောက်ကိုရီးယား၏ ကုန်ထုတ်လုပ်မှုအခြေအနေအရ အရည်အသွေးမြင့် နည်းပညာပစ္စည်းများ ထုတ်လုပ်နိုင်စွမ်းကိုမူ ကျွမ်းကျင်သူများက သံသယရှိနေသည်။

၂၀၁၇ ခုနှစ်တွင် ပထမဆုံး စတင်မိတ်ဆက်ခဲ့သည့် အဆိုပါဖုန်းအမှတ်တံဆိပ်၏ ယခုပြသထားသော နောက်ဆုံးပေါ်မော်ဒယ်မှာ ၂၀၂၅ ခုနှစ်က ထွက်ရှိခဲ့သည့် အမျိုးအစားနှင့် ဆင်တူနေကြောင်း တောင်ကိုရီးယား၏ Yonhap သတင်းဌာနက ဖော်ပြထားသည်။

Ref: ST