ဂ်ပန္ရဲ႕ ထိပ္တန္း တကၠသိုလ္ဝင္ခြင့္စာေမးပြဲေတြမွာ အမွတ္အမ်ားဆုံးရခဲ့တဲ့ ChatGPT

ဂ်ပန္ရဲ႕ ထိပ္တန္း တကၠသိုလ္ဝင္ခြင့္စာေမးပြဲေတြမွာ အမွတ္အမ်ားဆုံးရခဲ့တဲ့ ChatGPT
===========================
ဂ်ပန္ႏိုင္ငံရဲ႕ အခက္ခဲဆုံးလို႔ ေက်ာ္ၾကားတဲ့ တိုက်ိဳတကၠသိုလ္နဲ႔ က်ိဳတိုတကၠသိုလ္ဝင္ခြင့္စာေမးပြဲေတြမွာ ChatGPT (ေမာ္ဒယ္သစ္ 5.2 Thinking) က လူသားထိပ္တန္းေက်ာင္းသားေတြထက္ေတာင္ အမွတ္ပိုရၿပီး ေအာင္ျမင္သြားပါတယ္။ အထူးသျဖင့္ တိုက်ိဳတကၠသိုလ္ရဲ႕ ေဆးဘက္ဆိုင္ရာဝင္ခြင့္မွာ အမွတ္အမ်ားဆုံးရတဲ့ေက်ာင္းသားထက္ ၅၀ မွတ္ေတာင္ ပိုရခဲ့သလို သခ်ၤာဘာသာရပ္မွာလည္း အမွတ္ျပည့္ ရရွိခဲ့ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ၂၀၂၄ ခုႏွစ္က ChatGPT-4 ေမာ္ဒယ္နဲ႔ စမ္းသပ္စဥ္က ေအာင္မွတ္မရခဲ့တဲ့ အေျခအေနကေန အံ့ဩစရာေကာင္းေလာက္ေအာင္ တိုးတက္လာတာ ျဖစ္ပါတယ္။
အဲဒီ AI ဟာ တိုက်ိဳတကၠသိုလ္ရဲ႕ ဝိဇၨာနဲ႔ သိပၸံဘာသာရပ္ အသီးသီးမွာ သတ္မွတ္ထားတဲ့ အျမင့္ဆုံးအမွတ္စံခ်ိန္ေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့သလို က်ိဳတိုတကၠသိုလ္ရဲ႕ ဥပေဒနဲ႔ ေဆးပညာဌာန ဝင္ခြင့္ေတြမွာလည္း ထိပ္တန္းအမွတ္ေတြ ရခဲ့ပါတယ္။ ဒါေပမဲ့ အားနည္းခ်က္အေနနဲ႔ အဂၤလိပ္စာမွာ ၉၀ ရာခိုင္ႏႈန္းအထိ ရခဲ့ေပမယ့္ ကမာၻ႔သမိုင္းလို ကိုယ္ပိုင္အေတြးအေခၚနဲ႔ ေရးသားရတဲ့ အက္ေဆးေမးခြန္းေတြမွာေတာ့ ၂၅ ရာခိုင္ႏႈန္းပဲ ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ AI ဟာ အခ်က္အလက္ပိုင္းမွာ ကြၽမ္းက်င္ေပမယ့္ လူသားေတြလို နက္နက္ရႈိင္းရႈိင္း ခံစားေရးသားရတဲ့အပိုင္းမွာေတာ့ လိုအပ္ခ်က္ ရွိေနေသးတာကို ေတြ႕ရပါတယ္။
ပညာရွင္ေတြကေတာ့ AI ဟာ ေဒတာအခ်က္အလက္ အေျမာက္အျမားကို မွတ္သားႏိုင္စြမ္းရွိတဲ့အတြက္ အခုလို အမွတ္ေကာင္းတာဟာ သဘာဝက်တယ္လို႔ သုံးသပ္ၾကပါတယ္။ ဒါေပမဲ့ လူသားေတြဟာ တန္ဖိုးအသစ္ေတြ ဖန္တီးႏိုင္စြမ္းမွာေတာ့ AI ထက္ ပိုၿပီးသာလြန္ေနဆဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေရွ႕ေလွ်ာက္မွာ အလြတ္က်က္မွတ္မႈနဲ႔ တြက္ခ်က္ႏိုင္စြမ္းကိုပဲ အဓိကစစ္ေဆးေနတဲ့ လက္ရွိတကၠသိုလ္ဝင္ခြင့္စာေမးပြဲ ပုံစံေတြကို ျပန္လည္သုံးသပ္ဖို႔ အခ်ိန္တန္ၿပီလို႔ အႀကံျပဳထားပါတယ္။
#DigitalTimes _Ref : msn
ဂျပန်ရဲ့ ထိပ်တန်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေမှာ အမှတ်အများဆုံးရခဲ့တဲ့ ChatGPT
===========================
ဂျပန်နိုင်ငံရဲ့ အခက်ခဲဆုံးလို့ ကျော်ကြားတဲ့ တိုကျိုတက္ကသိုလ်နဲ့ ကျိုတိုတက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေမှာ ChatGPT (မော်ဒယ်သစ် 5.2 Thinking) က လူသားထိပ်တန်းကျောင်းသားတွေထက်တောင် အမှတ်ပိုရပြီး အောင်မြင်သွားပါတယ်။ အထူးသဖြင့် တိုကျိုတက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာဝင်ခွင့်မှာ အမှတ်အများဆုံးရတဲ့ကျောင်းသားထက် ၅၀ မှတ်တောင် ပိုရခဲ့သလို သင်္ချာဘာသာရပ်မှာလည်း အမှတ်ပြည့် ရရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ChatGPT-4 မော်ဒယ်နဲ့ စမ်းသပ်စဉ်က အောင်မှတ်မရခဲ့တဲ့ အခြေအနေကနေ အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာတာ ဖြစ်ပါတယ်။
အဲဒီ AI ဟာ တိုကျိုတက္ကသိုလ်ရဲ့ ဝိဇ္ဇာနဲ့ သိပ္ပံဘာသာရပ် အသီးသီးမှာ သတ်မှတ်ထားတဲ့ အမြင့်ဆုံးအမှတ်စံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့သလို ကျိုတိုတက္ကသိုလ်ရဲ့ ဥပဒေနဲ့ ဆေးပညာဌာန ဝင်ခွင့်တွေမှာလည်း ထိပ်တန်းအမှတ်တွေ ရခဲ့ပါတယ်။ ဒါပေမဲ့ အားနည်းချက်အနေနဲ့ အင်္ဂလိပ်စာမှာ ၉၀ ရာခိုင်နှုန်းအထိ ရခဲ့ပေမယ့် ကမ္ဘာ့သမိုင်းလို ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရေးသားရတဲ့ အက်ဆေးမေးခွန်းတွေမှာတော့ ၂၅ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။ ဒါကြောင့် AI ဟာ အချက်အလက်ပိုင်းမှာ ကျွမ်းကျင်ပေမယ့် လူသားတွေလို နက်နက်ရှိုင်းရှိုင်း ခံစားရေးသားရတဲ့အပိုင်းမှာတော့ လိုအပ်ချက် ရှိနေသေးတာကို တွေ့ရပါတယ်။
ပညာရှင်တွေကတော့ AI ဟာ ဒေတာအချက်အလက် အမြောက်အမြားကို မှတ်သားနိုင်စွမ်းရှိတဲ့အတွက် အခုလို အမှတ်ကောင်းတာဟာ သဘာဝကျတယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ လူသားတွေဟာ တန်ဖိုးအသစ်တွေ ဖန်တီးနိုင်စွမ်းမှာတော့ AI ထက် ပိုပြီးသာလွန်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့လျှောက်မှာ အလွတ်ကျက်မှတ်မှုနဲ့ တွက်ချက်နိုင်စွမ်းကိုပဲ အဓိကစစ်ဆေးနေတဲ့ လက်ရှိတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပုံစံတွေကို ပြန်လည်သုံးသပ်ဖို့ အချိန်တန်ပြီလို့ အကြံပြုထားပါတယ်။
#DigitalTimes _Ref : msn




