အက္ဖ္ေအဖလားဗိုလ္လုပြဲအဆင့္သို႔ ေလးႀကိမ္ဆက္တက္ေရာက္လာတဲ့ မန္စီးတီး

အက္ဖ္ေအဖလားဗိုလ္လုပြဲအဆင့္သို႔ ေလးႀကိမ္ဆက္တက္ေရာက္လာတဲ့ မန္စီးတီး
=========================
မန္စီးတီးအသင္းသည္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္တြင္ ေဆာက္သမ္တန္အသင္းကို အႏိုင္ရရွိၿပီးေနာက္ ဗိုလ္လုပြဲအဆင့္သို႔ တက္ေရာက္ႏိုင္ခဲ့သျဖင့္ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဗိုလ္လုပြဲအဆင့္သို႔ ေလးႀကိမ္ဆက္တိုက္ တက္ေရာက္ႏိုင္သည့္ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါပြဲစဥ္တြင္ ေဆာက္သမ္တန္အသင္းက ပြဲခ်ိန္ ၇၉ မိနစ္၌ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ေသာ္လည္း မန္စီးတီးအသင္းက ပြဲခ်ိန္ ၈၂ မိနစ္တြင္ ေခ်ပဂိုး၊ ၈၇ မိနစ္တြင္ ဦးေဆာင္ဂိုးတို႔ကို ဆက္တိုက္သြင္းယူကာ ၂ ဂိုး–၁ ဂိုးျဖင့္ အႏိုင္ရရွိခဲ့သည္။
မန္စီးတီးအသင္းသည္ ၂၀၂၃၊ ၂၀၂၄ ႏွင့္ ၂၀၂၅ ခုႏွစ္မ်ားတြင္လည္း ဗိုလ္လုပြဲအဆင့္သို႔ ဆက္တိုက္တက္ေရာက္ႏိုင္ခဲ့ၿပီး ယခု ၂၀၂၆ ခုႏွစ္တြင္လည္း ထပ္မံတက္ေရာက္ႏိုင္သျဖင့္ ေလးႀကိမ္ဆက္ ဗိုလ္လုပြဲတက္ေရာက္ႏိုင္သည့္ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ျခင္းျဖစ္သည္။
ယခင္သုံးႀကိမ္တြင္ မန္စီးတီးအသင္းသည္ ၂၀၂၃ ခုႏွစ္၌ ခ်န္ပီယံဆုရရွိခဲ့ၿပီး ၂၀၂၄ ခုႏွစ္တြင္ ဒုတိယဆု၊ ၂၀၂၅ ခုႏွစ္တြင္လည္း ဒုတိယဆုျဖင့္သာ ေက်နပ္ခဲ့ရသည္။
မန္စီးတီးအသင္းသည္ ယခုရာသီတြင္ ကာရာေဘာင္းဖလား ဆြတ္ခူးထားၿပီး အက္ဖ္ေအဖလား ဗိုလ္လုပြဲသို႔လည္း တက္ေရာက္ထားကာ ပရီးမီးယားလိဂ္တြင္လည္း ခ်န္ပီယံဆုအတြက္ ဆက္လက္ယွဥ္ၿပိဳင္ေနဆဲျဖစ္သျဖင့္ ျပည္တြင္းဖလားမ်ားအားလုံး ဆြတ္ခူးႏိုင္မည့္ အေျခအေနသို႔ နီးစပ္လ်က္ရွိေၾကာင္း သိရသည္။
အက်ဖ်အေဖလားဗိုလ်လုပွဲအဆင့်သို့ လေးကြိမ်ဆက်တက်ရောက်လာတဲ့ မန်စီးတီး
=========================
မန်စီးတီးအသင်းသည် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွင် ဆောက်သမ်တန်အသင်းကို အနိုင်ရရှိပြီးနောက် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သဖြင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲအဆင့်သို့ လေးကြိမ်ဆက်တိုက် တက်ရောက်နိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ဆောက်သမ်တန်အသင်းက ပွဲချိန် ၇၉ မိနစ်၌ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း မန်စီးတီးအသင်းက ပွဲချိန် ၈၂ မိနစ်တွင် ချေပဂိုး၊ ၈၇ မိနစ်တွင် ဦးဆောင်ဂိုးတို့ကို ဆက်တိုက်သွင်းယူကာ ၂ ဂိုး–၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မန်စီးတီးအသင်းသည် ၂၀၂၃၊ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များတွင်လည်း ဗိုလ်လုပွဲအဆင့်သို့ ဆက်တိုက်တက်ရောက်နိုင်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်တွင်လည်း ထပ်မံတက်ရောက်နိုင်သဖြင့် လေးကြိမ်ဆက် ဗိုလ်လုပွဲတက်ရောက်နိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခင်သုံးကြိမ်တွင် မန်စီးတီးအသင်းသည် ၂၀၂၃ ခုနှစ်၌ ချန်ပီယံဆုရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဒုတိယဆု၊ ၂၀၂၅ ခုနှစ်တွင်လည်း ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။
မန်စီးတီးအသင်းသည် ယခုရာသီတွင် ကာရာဘောင်းဖလား ဆွတ်ခူးထားပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲသို့လည်း တက်ရောက်ထားကာ ပရီးမီးယားလိဂ်တွင်လည်း ချန်ပီယံဆုအတွက် ဆက်လက်ယှဉ်ပြိုင်နေဆဲဖြစ်သဖြင့် ပြည်တွင်းဖလားများအားလုံး ဆွတ်ခူးနိုင်မည့် အခြေအနေသို့ နီးစပ်လျက်ရှိကြောင်း သိရသည်။




