ျပည္သူ႔လႊတ္ေတာ္ဥကၠ႒၊ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ ျပည္ေထာင္စုနယ္ေျမအတြင္းရွိ ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ



ျပည္သူ႔လႊတ္ေတာ္ဥကၠ႒၊ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ ျပည္ေထာင္စုနယ္ေျမအတြင္းရွိ ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
========================
ဧၿပီ ၂၃၊ ေနျပည္ေတာ္
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ပါတီဒုတိယဥကၠ႒ ဦးလွထြန္းႏွင့္အတူ ၂၃-၄-၂၀၂၆ ရက္ေန႔ ေန႔လည္ ၂ နာရီအခ်ိန္တြင္ ျပည္ေထာင္စုနယ္ေျမပါတီ႐ုံးတြင္ က်င္းပျပဳလုပ္ေသာ ျပည္ေထာင္စုနယ္ေျမအတြင္းရွိ ျပည္ေထာင္စုနယ္ေျမပါတီမွ ပါတီဥကၠ႒ ဦးလွေဆြႏွင့္ ေကာ္မတီဝင္မ်ား၊ ခ႐ိုင္ (၄)ခ႐ိုင္မွ ခ႐ိုင္ပါတီဥကၠ႒မ်ားႏွင့္ ေကာ္မတီဝင္မ်ား၊ ၿမိဳ႕နယ္(၈)ၿမိဳ႕နယ္မွ ၿမိဳ႕နယ္ပါတီဥကၠ႒မ်ားႏွင့္ ေကာ္မတီဝင္မ်ားႏွင့္ေတြ႕ဆုံပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
ပထမဦးစြာ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကားေျပာၾကားရာ ပါတီ၏ ေရွ႕ဆက္ေဆာင္႐ြက္သြားရမည့္လုပ္ငန္းစဥ္မ်ား၊ စည္း႐ုံးေရးဆိုင္ရာက႑မ်ား၊ တိုင္း/ခ႐ိုင္/ၿမိဳ႕နယ္မ်ား၏ အဆင့္ဆင့္လုပ္ေဆာင္ရမည့္ အခ်က္မ်ားအား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားပါသည္။ ဆက္လက္ၿပီး ပါတီဒုတိယဥကၠ႒ ဦးလွထြန္းမွ ပါတီေရရွည္ေအာင္ျမင္မႈရရွိေရးအတြက္ အင္တိုက္အားတိုက္ ဆက္လက္ေဆာင္႐ြက္ၾကရန္ ေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီမွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ၿပီး ေတြ႕ဆုံပြဲအခမ္းအနားကို ညေန ၃ နာရီခြဲအခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ပြည်ထောင်စုနယ်မြေအတွင်းရှိ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
========================
ဧပြီ ၂၃၊ နေပြည်တော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်အတူ ၂၃-၄-၂၀၂၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေပါတီရုံးတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်ထောင်စုနယ်မြေပါတီမှ ပါတီဥက္ကဋ္ဌ ဦးလှဆွေနှင့် ကော်မတီဝင်များ၊ ခရိုင် (၄)ခရိုင်မှ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်(၈)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပထမဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ ပါတီ၏ ရှေ့ဆက်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များ၊ စည်းရုံးရေးဆိုင်ရာကဏ္ဍများ၊ တိုင်း/ခရိုင်/မြို့နယ်များ၏ အဆင့်ဆင့်လုပ်ဆောင်ရမည့် အချက်များအား အကျယ်တဝံ့ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ ပါတီရေရှည်အောင်မြင်မှုရရှိရေးအတွက် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားကို ညနေ ၃ နာရီခွဲအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။




