ၿဗိတိန္စစ္သေဘၤာမ်ား ေစလႊတ္မည္မဟုတ္ေသာ္လည္း ေဟာ္မုဇ္ ေရလက္ၾကား ျပန္ဖြင့္ရန္ ၿဗိတိန္ႏွင့္ အေမရိကန္ ပူးေပါင္းစီမံခ်က္ေရးဆြဲ

ၿဗိတိန္စစ္သေဘၤာမ်ား ေစလႊတ္မည္မဟုတ္ေသာ္လည္း ေဟာ္မုဇ္ ေရလက္ၾကား ျပန္ဖြင့္ရန္ ၿဗိတိန္ႏွင့္ အေမရိကန္ ပူးေပါင္းစီမံခ်က္ေရးဆြဲ
=========================
ကမာၻ႔ေရနံတင္ပို႔မႈ၏ အဓိကအသက္ေသြးေၾကာျဖစ္ေသာ ေဟာ္မုဇ္ ေရလက္ၾကားကို အီရန္၏ ပိတ္ဆို႔ထားမႈမွ ျပန္လည္လြတ္ေျမာက္ေစရန္ ၿဗိတိန္စစ္ဘက္မွ ကြၽမ္းက်င္သူမ်ားသည္ အေမရိကန္စစ္ဌာနခ်ဳပ္သို႔ သြားေရာက္ကာ ပူးေပါင္းစီမံခ်က္မ်ား ေရးဆြဲေနၿပီ ျဖစ္သည္။
ထိုသို႔ ပူးေပါင္းစီမံခ်က္ေရးဆြဲရေသာ ရည္႐ြယ္မ်ားမွာ အီရန္၏ ဒုံးက်ည္ႏွင့္ ဒ႐ုန္းၿခိမ္းေျခာက္မႈမ်ားၾကားမွ ကုန္သြယ္ေရးသေဘၤာမ်ား ေဘးကင္းစြာ ျဖတ္သန္းႏိုင္မည့္ နည္းလမ္းမ်ားကို ရွာေဖြရန္ အေမရိကန္ ဦးေဆာင္သည့္ Operation Epic Fury စစ္ဆင္ ေရးတြင္ ၿဗိတိန္က နည္းပညာႏွင့္ မဟာဗ်ဴဟာပိုင္းဆိုင္ရာ အႀကံေပးမႈမ်ား ျပဳလုပ္ရန္တို႔ ျဖစ္သည္။
စီမံခ်က္ဆြဲရာတြင္ ပါဝင္ေသာ္လည္း ၿဗိတိန္အစိုးရသည္ ၎တို႔၏ ေတာ္ဝင္ေရတပ္ (Royal Navy) စစ္သေဘၤာမ်ားကို ေရလက္ၾကားအတြင္းသို႔ တိုက္ ႐ိုက္ေစလႊတ္ရန္ ျငင္းဆိုထားသည္။ ၿဗိတိန္စစ္ဘက္ ထိပ္တန္းအရာရွိတစ္ဦးက “လက္ရွိ က်ေရာက္ေနတဲ့ ၿခိမ္းေျခာက္မႈ အဆင့္အတန္းဟာ ဘယ္ႏိုင္ငံကမွ သူတို႔ရဲ႕ စစ္သေဘၤာေတြကို အဲဒီလို အႏၲရာယ္ဇုန္ထဲကို တိုက္႐ိုက္ ထိုးထည့္ဖို႔ ဆႏၵမရွိႏိုင္တဲ့ အေနအထားမ်ိဳး ျဖစ္ေနပါတယ္” ဆိုသည္။
ၿဗိတိန္ကဲ့သို႔ အင္အားႀကီး မဟာမိတ္ႏိုင္ငံကပင္ စစ္သေဘၤာလႊတ္ရန္ ေၾကာက္႐ြံ႕ေနျခင္းမွာ အီရန္၏ ကမ္း႐ိုးတန္းကာကြယ္ေရး ဒုံးက်ည္စနစ္ (Anti-ship missiles) မ်ားသည္ အလြန္ပင္ ထိေရာက္ၿပီး အႏၲရာယ္ရွိေနေၾကာင္း သက္ေသျပေနသည္။
ေဟာ္မုဇ္ ေရလက္ၾကား ပိတ္ဆို႔ခံထားရသေ႐ြ႕ ကမာၻ႔ေရနံေဈးႏႈန္းမ်ား ဆက္လက္ ျမင့္တက္ေနဦးမည္ျဖစ္ၿပီး၊ ယခုစီမံကိန္းမွာ စီးပြားေရးအရ အေရးတႀကီး ျပန္ဖြင့္ရန္ ႀကိဳးပမ္းျခင္း ျဖစ္သည္။
အေမရိကန္က တိုက္႐ိုက္ပါဝင္ရန္ တိုက္တြန္းေနေသာ္လည္း ၿဗိတိန္ကဲ့သို႔ ႏိုင္ငံမ်ားက “ေနာက္ကြယ္က အႀကံေပး” အခန္းက႑တြင္သာ ေနလိုၾကျခင္းမွာ စစ္ပြဲအရွိန္ ျမင့္တက္လာမည္ကို စိုးရိမ္ေသာေၾကာင့္ ျဖစ္သည္။
ဗြိတိန်စစ်သင်္ဘောများ စေလွှတ်မည်မဟုတ်သော်လည်း ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ဗြိတိန်နှင့် အမေရိကန် ပူးပေါင်းစီမံချက်ရေးဆွဲ
=========================
ကမ္ဘာ့ရေနံတင်ပို့မှု၏ အဓိကအသက်သွေးကြောဖြစ်သော ဟော်မုဇ် ရေလက်ကြားကို အီရန်၏ ပိတ်ဆို့ထားမှုမှ ပြန်လည်လွတ်မြောက်စေရန် ဗြိတိန်စစ်ဘက်မှ ကျွမ်းကျင်သူများသည် အမေရိကန်စစ်ဌာနချုပ်သို့ သွားရောက်ကာ ပူးပေါင်းစီမံချက်များ ရေးဆွဲနေပြီ ဖြစ်သည်။
ထိုသို့ ပူးပေါင်းစီမံချက်ရေးဆွဲရသော ရည်ရွယ်များမှာ အီရန်၏ ဒုံးကျည်နှင့် ဒရုန်းခြိမ်းခြောက်မှုများကြားမှ ကုန်သွယ်ရေးသင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် အမေရိကန် ဦးဆောင်သည့် Operation Epic Fury စစ်ဆင် ရေးတွင် ဗြိတိန်က နည်းပညာနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ အကြံပေးမှုများ ပြုလုပ်ရန်တို့ ဖြစ်သည်။
စီမံချက်ဆွဲရာတွင် ပါဝင်သော်လည်း ဗြိတိန်အစိုးရသည် ၎င်းတို့၏ တော်ဝင်ရေတပ် (Royal Navy) စစ်သင်္ဘောများကို ရေလက်ကြားအတွင်းသို့ တိုက် ရိုက်စေလွှတ်ရန် ငြင်းဆိုထားသည်။ ဗြိတိန်စစ်ဘက် ထိပ်တန်းအရာရှိတစ်ဦးက “လက်ရှိ ကျရောက်နေတဲ့ ခြိမ်းခြောက်မှု အဆင့်အတန်းဟာ ဘယ်နိုင်ငံကမှ သူတို့ရဲ့ စစ်သင်္ဘောတွေကို အဲဒီလို အန္တရာယ်ဇုန်ထဲကို တိုက်ရိုက် ထိုးထည့်ဖို့ ဆန္ဒမရှိနိုင်တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်” ဆိုသည်။
ဗြိတိန်ကဲ့သို့ အင်အားကြီး မဟာမိတ်နိုင်ငံကပင် စစ်သင်္ဘောလွှတ်ရန် ကြောက်ရွံ့နေခြင်းမှာ အီရန်၏ ကမ်းရိုးတန်းကာကွယ်ရေး ဒုံးကျည်စနစ် (Anti-ship missiles) များသည် အလွန်ပင် ထိရောက်ပြီး အန္တရာယ်ရှိနေကြောင်း သက်သေပြနေသည်။
ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့ခံထားရသရွေ့ ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက် မြင့်တက်နေဦးမည်ဖြစ်ပြီး၊ ယခုစီမံကိန်းမှာ စီးပွားရေးအရ အရေးတကြီး ပြန်ဖွင့်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။
အမေရိကန်က တိုက်ရိုက်ပါဝင်ရန် တိုက်တွန်းနေသော်လည်း ဗြိတိန်ကဲ့သို့ နိုင်ငံများက “နောက်ကွယ်က အကြံပေး” အခန်းကဏ္ဍတွင်သာ နေလိုကြခြင်းမှာ စစ်ပွဲအရှိန် မြင့်တက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။




