ရွမ္းယူႏိုက္တက္အသင္း MNL ၿပိဳင္ပြဲမွာ (၇) ႀကိမ္ေျမာက္ ဗိုလ္စြဲၿပီး (၆) ႀကိမ္ဆက္ ခ်န္ပီယံျဖစ္လာ

ရွမ္းယူႏိုက္တက္အသင္း MNL ၿပိဳင္ပြဲမွာ (၇) ႀကိမ္ေျမာက္ ဗိုလ္စြဲၿပီး (၆) ႀကိမ္ဆက္ ခ်န္ပီယံျဖစ္လာ
=============================
ယခုႏွစ္ ျမန္မာေနရွင္နယ္လိဂ္၂၀၂၅/၂၆ ေဘာလုံးရာသီအတြက္ ျမတ္ေကာင္းခန႔္ ၏ ဦးေဆာင္ဂိုး(၁)ဂိုးျဖင့္ ရွမ္းယူႏိုက္တက္အသင္းမွာ ခ်န္ပီယံဆုဆြတ္ခူးခဲ့ၿပီ ျဖစ္သည္။
ရွမ္းယူႏိုက္တက္အသင္းဟာ MNL ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာ ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄- ၂၀၂၅၊ ၂၀၂၅- ၂၀၂၆ ရာသီမ်ားမွာ ဗိုလ္စြဲထားခဲ့တာေၾကာင့္ ခ်န္ပီယံဆု (၇) ႀကိမ္နဲ႔ အေအာင္ျမင္ဆုံးအသင္းအျဖစ္ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါသည္။
မတ္လ (၁၈)ရက္ ညေနပိုင္း၌  ရွမ္းယူႏိုက္တက္အသင္း၏ ေတာင္ႀကီးၿမိဳအိမ္ကြင္းအတြင္း ဟံသာဝတီယူႏိုက္တက္အသင္းျဖင့္ ယွဥ္ၿပိဳင္ကစားရာ ပြဲၿပီးဆုံးခ်ိန္တြင္ (၁)ဂိုး ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။
ထိုအျပင္ ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲတေလ်ာက္ ရွမ္းယူႏိုက္တက္အသင္း တိုက္ စစ္မႉး စေအာင္ျပည့္ကိုအေနျဖင့္ သြင္းဂိုး (၁၇)ဂိုးသြင္းယူထားကာ သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္လည္း ရပ္တည္ႏိုင္ခဲ့သည္။


ရှမ်းယူနိုက်တက်အသင်း MNL ပြိုင်ပွဲမှာ (၇) ကြိမ်မြောက် ဗိုလ်စွဲပြီး (၆) ကြိမ်ဆက် ချန်ပီယံဖြစ်လာ
=============================
ယခုနှစ် မြန်မာနေရှင်နယ်လိဂ်၂၀၂၅/၂၆ ဘောလုံးရာသီအတွက် မြတ်ကောင်းခန့် ၏ ဦးဆောင်ဂိုး(၁)ဂိုးဖြင့် ရှမ်းယူနိုက်တက်အသင်းမှာ ချန်ပီယံဆုဆွတ်ခူးခဲ့ပြီ ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းဟာ MNL ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄- ၂၀၂၅၊ ၂၀၂၅- ၂၀၂၆ ရာသီများမှာ ဗိုလ်စွဲထားခဲ့တာကြောင့် ချန်ပီယံဆု (၇) ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါသည်။
မတ်လ (၁၈)ရက် ညနေပိုင်း၌  ရှမ်းယူနိုက်တက်အသင်း၏ တောင်ကြီးမြိုအိမ်ကွင်းအတွင်း ဟံသာဝတီယူနိုက်တက်အသင်းဖြင့် ယှဉ်ပြိုင်ကစားရာ ပွဲပြီးဆုံးချိန်တွင် (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ထိုအပြင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတလျောက် ရှမ်းယူနိုက်တက်အသင်း တိုက် စစ်မှူး စအောင်ပြည့်ကိုအနေဖြင့် သွင်းဂိုး (၁၇)ဂိုးသွင်းယူထားကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။