ျပည္ခိုင္ၿဖိဳးပါတီ ပါတီကိုယ္စားျပဳ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေတြ႕ဆုံပြဲအခမ္းအနား က်င္းပျပဳလုပ္





ျပည္ခိုင္ၿဖိဳးပါတီ ပါတီကိုယ္စားျပဳ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေတြ႕ဆုံပြဲအခမ္းအနား က်င္းပျပဳလုပ္
=======================
မတ္ ၉၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ပါတီကိုယ္စားျပဳ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေတြ႕ဆုံပြဲ အခမ္းအနားတစ္ရပ္ကို ၉-၃-၂၀၂၆ ရက္ေန႔ ၀၉၃၀ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္၊ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ ပါတီအႀကီးအကဲမ်ား၊ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကပါသည္။
အခမ္းအနားကို ႏိုင္ငံေတာ္အလံအေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ၿပီး ပါတီဥကၠ႒ ဦးခင္ရီမွ အဖြင့္အမွာစကားေျပာၾကားရာ ျပည္သူမ်ား၏ ေထာက္ခံအားေပးမႈျဖင့္ ေ႐ြးခ်ယ္ခံရေသာ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအား စုံစုံလင္လင္ ေတြ႕ဆုံရတဲ့အတြက္ အထူးပင္ဝမ္းသာပါေၾကာင္း၊ ပါတီဌာနခ်ဳပ္မွလည္း ဂုဏ္ယူစြာျဖင့္ လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုေၾကာင္း၊ မိမိမဲဆႏၵနယ္ေျမရဲ႕ေကာင္းက်ိဳး တိုင္းျပည္တစ္ျပည္လုံးနဲ႔ တိုင္းရင္းသားအားလုံးရဲ႕ ေကာင္းက်ိဳးအတြက္ ျပည့္ဝေသာ စြမ္းေဆာင္မႈမ်ားနဲ႔အတူ ပါတီရဲ႕ေဆာင္ပုဒ္ျဖစ္တဲ့ ပိုမိုခိုင္မာျပည္ျမန္မာႀကီးျဖစ္ထြန္းေပၚေပါက္လာဖို႔အတြက္ အားကုန္ေဆာင္႐ြက္သြားၾကရန္ႏွင့္ ကိုယ္စားလွယ္မ်ားအေနျဖင့္ က်ေရာက္လာတဲ့ ႏိုင္ငံ့တာဝန္၊ ျပည္သူ႔တာဝန္ေတြကို ေက်ပြန္စြာနဲ႔ ပါတီအႏိုင္ရရွိခ်ိန္မွာ သမိုင္းတေခတ္ ျဖစ္ထြန္းေပၚေပါက္ေအာင္ ေဆာင္႐ြက္ေပးၾကရန္
ေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးႏွင့္ ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္တို႔မွ ေမးခြန္း၊ အဆိုမ်ားအပါအဝင္ လႊတ္ေတာ္ဆိုင္ရာ အခန္းက႑မ်ားႏွင့္ပတ္သက္သည့္ ကိစၥရပ္မ်ား၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား လိုက္နာက်င့္ႀကံရမည့္ အခ်က္မ်ားအားရွင္းလင္း ေဆြးေႏြးပါသည္။
ထို႔ေနာက္အေထြေထြေဆြးေႏြးျခင္းက႑တြင္ တပ္ကုန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္အုန္းႏွင့္ ျပည္ေထာင္စုနယ္ေျမပါတီဥကၠ႒ ပုဗၺသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဆြတို႔မွ ပါဝင္ေဆြးေႏြးခဲ့ၿပီး အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးက နိဂုံးခ်ဳပ္ေဆြးေႏြးေျပာၾကားကာ ၁၂၄၅ အခ်ိန္တြင္ ပါတီကိုယ္စားျပဳ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေတြ႕ဆုံပြဲ အခမ္းအနား ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ပါသည္။
အဆိုပါေတြ႕ဆုံပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိမ္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား၊ ေ႐ြးခ်ယ္ခံ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တာဝန္ရွိသူမ်ား၊ စုစုေပါင္း အင္အား (၃၅၀)ဦး တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီ ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်
=======================
မတ် ၉၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားတစ်ရပ်ကို ၉-၃-၂၀၂၆ ရက်နေ့ ၀၉၃၀ အချိန်တွင် ပါတီဌာနချုပ်၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီအကြီးအကဲများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ အဖွင့်အမှာစကားပြောကြားရာ ပြည်သူများ၏ ထောက်ခံအားပေးမှုဖြင့် ရွေးချယ်ခံရသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား စုံစုံလင်လင် တွေ့ဆုံရတဲ့အတွက် အထူးပင်ဝမ်းသာပါကြောင်း၊ ပါတီဌာနချုပ်မှလည်း ဂုဏ်ယူစွာဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း၊ မိမိမဲဆန္ဒနယ်မြေရဲ့ကောင်းကျိုး တိုင်းပြည်တစ်ပြည်လုံးနဲ့ တိုင်းရင်းသားအားလုံးရဲ့ ကောင်းကျိုးအတွက် ပြည့်ဝသော စွမ်းဆောင်မှုများနဲ့အတူ ပါတီရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ပိုမိုခိုင်မာပြည်မြန်မာကြီးဖြစ်ထွန်းပေါ်ပေါက်လာဖို့အတွက် အားကုန်ဆောင်ရွက်သွားကြရန်နှင့် ကိုယ်စားလှယ်များအနေဖြင့် ကျရောက်လာတဲ့ နိုင်ငံ့တာဝန်၊ ပြည်သူ့တာဝန်တွေကို ကျေပွန်စွာနဲ့ ပါတီအနိုင်ရရှိချိန်မှာ သမိုင်းတခေတ် ဖြစ်ထွန်းပေါ်ပေါက်အောင် ဆောင်ရွက်ပေးကြရန်
ပြောကြားခဲ့ပါသည်။ ထို့နောက် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်တို့မှ မေးခွန်း၊ အဆိုများအပါအဝင် လွှတ်တော်ဆိုင်ရာ အခန်းကဏ္ဍများနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်မှ လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာကျင့်ကြံရမည့် အချက်များအားရှင်းလင်း ဆွေးနွေးပါသည်။
ထို့နောက်အထွေထွေဆွေးနွေးခြင်းကဏ္ဍတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေတို့မှ ပါဝင်ဆွေးနွေးခဲ့ပြီး အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက နိဂုံးချုပ်ဆွေးနွေးပြောကြားကာ ၁၂၄၅ အချိန်တွင် ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိမ်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရွေးချယ်ခံ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ စုစုပေါင်း အင်အား (၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။




