
==========================
ကာရစ်ဟာ မန်ယူအသင်းကို ယာယီနည်းပြအဖြစ် (၇)ပွဲ ကိုင်တွယ်ရာမှာ (၆)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ ရှံ့းပွဲမရှိအောင် စွမ်းဆောင်ထားတာကြောင့် ကစားသမားတွေက တရားဝင်နည်းပြအဖြစ် ခန့်အပ်ဖို့ လိုလားနေကြကြောင်း သိရပါတယ်။
ကာရစ်ကို တရားဝင်နည်းပြအဖြစ် ခန့်အပ်မယ့် မန်ယူ
==========================
မန်ယူအသင်းဟာ ကာရစ်ကို တရားဝင်နည်းပြအဖြစ် ခန့်အပ်တော့မယ်လို သတင်းထွက်လာပါတယ်။
မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့က ကာရစ်နဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး (၃)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တဲ့အပြင် တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီချက်ပါဝင်မှာဖြစ်ကြောင်း၊ ကာရစ်အနေနဲ့ (၃)နှစ်တာကာလအတွက် ပေါင်(၁၆)သန်းရရှိမှာဖြစ်ကြောင်း သိရပါတယ်။
ကာရစ်ဟာ မန်ယူအသင်းကို ယာယီနည်းပြအဖြစ် (၇)ပွဲ ကိုင်တွယ်ရာမှာ (၆)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ ရှံ့းပွဲမရှိအောင် စွမ်းဆောင်ထားတာကြောင့် ကစားသမားတွေက တရားဝင််နည်းပြအဖြစ် ခန့်အပ်ဖို့ လိုလားနေကြကြောင်း သိရပါတယ်။



